Firmware က နောက်တကြိမ် ထပ်တင်ရပြန်၏။ miui camera သွင်းကြည့်ရာကနေ logo (boot) လည်သွားခြင်း ဖြစ်၏။ logo ကျော်ပြီး screen ပေါ်၏။ ဒါပေမယ့် lock ဖြည်ပြီးသည်နှင့် power ပိတ်သွားပြီး Twrp recovery mode ထဲပဲ ဝင်ဝင်သွား၏။ ဘယ်လိုမှ လုပ်မရပေ။
miui rom အစား custom rom သုံးခြင်း ဖြစ်သဖြင့် rom ထဲမှာက miui camera မပါပေ။ အမည်ခံ camera လေး တခုတော့ ပါ ပါ၏။ ဒါပေမယ့် သိတဲ့ အတိုင်း အဆင်ပြေလှသည် မဟုတ်ပေ။ ထို့ကြောင့် google camera သုံးရ၏။ custom rom သုံးသူ အများစုက google camera နဲ့ ကင်းလို့ မရပေ။ miui camera က magisk သွင်းပြီးမှ flash လို့ ရ၏။ ပြီး version မကိုက်သည့် အခါမျိုးတွေမှာ ခုလို boot လည်တာမျိုး၊ power တက် မလာတော့တာမျိုးတွေ ဖြစ်တတ်၏။ သူ့ rom သူ့ version ကိုက်လျင်တော့ အဆင်ပြေပြေ ဖြစ်သွားလေ့ ရှိပါ၏။
နို့ ဒါဖြင့် ဘာလို့ miui camera သွင်း သနည်းပေါ့။ miui မကြိုက်ဘူးဆို အဘယ့်ကြောင့် miui camera သုံးချင်သနည်းပေါ့။ ကျနော်က miui ၏ ui, theme တွေကို မကြိုက်ခြင်း ဖြစ်၏။ miui ၏ အချို့ app တွေကိုတော့ သဘောကျပါ၏။ camera တို့ note တို့ gallery တို့ လိူမျိုးပေါ့။ ယခင် Spark os 12.2 ကတည်းကနေ လက်ရှိ 13.2 အထိ miui gallery ကို သွင်းထား သုံးဖြစ်၏။ Spark os မှာက google photo သာ ပါ၏။ ထို့ကြောင့် gallery တခု အဖြစ် miui gallery ကို သုံးခြင်း ဖြစ်၏။ miui gallery သုံးဖို့ အတွက် root ရှိစရာ မလိုပေ။ ဒီအတိုင်း install လုပ်ပြီး သုံးလို့ ရ၏။
miui app တွေကတော့ playstore မှာ down လို့ ရတာတွေလည်း ရှိသလို မရတာတွေလည်း ရှိ၏။ မရတဲ့ app တွေ အတွက် ကလည်း ပူစရာ မလိုပေ။ Telegram မှာ ရှာလို့ ရနိုင်၏။ လက်ရှိ သုံးနေတဲ့ custom rom တွေကလည်း Telegram ကနေပဲ ရယူထား ရှာတွေ့ထားခြင်း ဖြစ်၏။
mi phone ကိုမှ ph အမျိုးအစားပေါ် မူတည်ပြီး ဆိုင်ရာ channel တွေ group တွေ ရှိ၏။ မိမိ ph မိမိ လိုချင်သည့် app တွေ rom တွေ zip file တွေပေါ် မူတည်ပြီး group တွေထဲ ဝင်ရောက်ပြီး ရယူနိုင်၏။ Telegram ရှိတာ အတော်လေး အဆင်ပြေလှ၏။ ကလိချင်သူ ကျနော့် အတွက်တော့ တကယ့်ကို လိုတာရ သေတ္တာ တခု လေ အလားပင်။
ဆက်ရန်