ခုတလော AI အကြောင်း အပြော များလာကြ၏။ စကားလုပ်ပြီး ပြောယူ ရအောင်ထိလည်း AI တွေက အတော်လေး တိုးတက် ပြောင်းလဲ လာခဲ့သည်ကိုး။ AI နဲ့ ကိစ္စ တော်တော်များများကို လုပ်ဆောင်လို့ ရနေပြီ ဖြစ်၏။ စာရေးတာ ပုံဆွဲတာ အစရှိသဖြင့်ပေါ့။ တယောက်ဆို AI သုံးပြီး ကလေး ပုံပြင် စီးရီးတွေတောင် ရေးပြီး ရောင်းစား နေသည် ဆို၏။ AI အကြောင်း လိုက်စပ်စုကြည့်ရင်းက ယခု hot နေသည့် ChatGPT ကို စမ်းကြည့် ဖြစ်၏။
သုံးရ လွယ်၏၊ မြန်၏။ တော်တော်လေး သဘောကျဖို့ ကောင်း၏။ တချို့တွေက ယခု ChatGPT ကိုသုံးပြီး contact တွေ blog တွေတောင် ရေးနေကြသည်ဆို၏။ ရေးလိုသည့် အကြောင်းအရာနဲ့ keywords တွေ သေချာ ရွေးပေးလိုက်ပါက တော်တော်လေး အဆင်ချော ကောင်းမွန်သည့် contact တပုဒ် ရ၏။ အလုပ် လျှောက်လွာတွေ ဘာတွေပါ ရေးလို့ရ၏။ ရေးထားသည့် စာပိုဒ်က စာလုံးရေ များနေရင်လည်း ကျစ်ကျစ်လစ်လစ် ဖြစ်သွားအောင် စာလုံးရေ လျော့ချလို့လည်း ရပြန်၏။
အဆိုပါ ChatGPT အကြောင်း YouTube video ကြည့်ရှုပြီး သကာလ ကျနော်လည်း သွားပြီး စမ်းကြည့်၏။ မှန်၏။ အတော်လေး လန်း၏၊ မိုက်၏။ ဒါတောင် အကြောင်း အရာ ၂ ခုလားပဲ ရှာခိုင်း ပြောခိုင်း ကြည့်လိုက်ရသေး၏။ contact တွေ ဘာတွေတော့ မရေးခိုင်း ကြည့်ရသေးပေ။ နောက်ပိုင်းမှ အကြောင်း အရာနဲ့ keywords တွေ ဘာတွေ သေချာ ရွေးပြီးမှ ရေးခိုင်းကြည့်ပါဦးမည်။ သူရေးပေးလိုက်တာကို ကိုယ်က နည်းနည်း ပြန်စစ်ဆေးပြီး တင်ပေါ့။ တရက်သားမှ စဥ်းပြီး Hive မှာ တင်ကြည့်ဦးမည်။
ကျနော် စမ်းကြည့် ဖြစ်တာကတော့ Crypto currency base social media Blockchain နဲ့ FIFA world cup champions list လုပ်ပေးခိုင်း ခြင်း ဖြစ်၏။
ဒါကတော့ သူ ရှာပေးထားသည့် crypto base social media အချို့ ဖြစ်၏။
*There are several social media platforms that are built on blockchain technology and utilize cryptocurrency as their base currency. Here's a list of some of them:
Steemit - a decentralized social media platform that rewards its users with the cryptocurrency Steem for creating and curating content.
Minds - an open-source blockchain-based social media platform that rewards users with the cryptocurrency Minds Tokens for their contributions.
Hive - a decentralized social media platform that was created as a fork of Steemit and utilizes the cryptocurrency Hive as its base currency.
Mastodon - a decentralized, open-source social network that uses the cryptocurrency Mastodon to incentivize users for their contributions to the network.
Sola - a decentralized social media platform that uses a cryptocurrency-based reward system to incentivize users for their contributions.
Voice - a blockchain-based social media platform built by the company behind EOS that rewards its users with the cryptocurrency EOS for their contributions.
Peepeth - a decentralized microblogging platform built on Ethereum that rewards its users with the cryptocurrency Ether for their contributions.
These are just a few examples of the many social media platforms that are built on blockchain technology and utilize cryptocurrency as their base currency.*
FIFA world cup champion list ကို လက်ခံ ကျင်းပသည့် နိုင်ငံတွေနဲ့ တွဲပြီး Table ထုတ်ခိုင်း လိုက်ခြင်း ဖြစ်၏။ တခုပဲ လက်ရှိ ကျင်းပ ပြီးခဲ့သော ကာတာကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားတို့ အကြောင်းတော့ မပါလာပေ။ AI များ update မလုပ်ရသေးလို့ ရယ်လားတော့ မသိ။ မည်သို့ပင် ဆိုစေ အတော်လေးတော့ အဆင်ပြေ ၏။
အင်း ဒီအတိုင်းဆို နောင်မှာ AI တွေ ကြီးစိုးလာမည် ထင်၏။ သေချာတာကတော့ 2023 သည် AI ခေတ် ဖြစ်လာနိုင်၏။ AI ခေတ် နှင့်အတူ Crypto ခေတ်လည်း ဖြစ်လာဖို့တော့ မျှော်လင့် မိပါ၏။