ဒီနေ့တော့ freebit အကြောင်းလေး ပြောပြချင်၏။ ဒီ website ကို crypto currency သမား တော်တော် များများ သိကြ၏။ ကျနော့် crypto ခရီးလမ်း အစမှာ သူလည်း တထောင့် တနေရာက ပါခဲ့၏။ အနှီ website ကား သက်တမ်းအားဖြင့် ကြာခဲ့ပြီ ဖြစ်၏။ ဘယ်လောက် ကြာခဲ့ပြီ ကို အတိအကျ မသိသော်လည်း ကျနော် သိလာခဲ့သည်မှာတော့ ၁၀ နှစ်လောက် ရှိပြီ ဖြစ်၏။ ၁၀ နှစ်တာ ကာလအတွင်း ပီပီပြင်ပြင် မစုခဲ့မိသည်ကိုပဲ နောင်တရမိ၏။
သူကား တနာရီတခါ free claim ရသည့် website ဖြစ်၏။ btc ပေး၏။ ထို့ပြင် အခြား ဂိမ်းတွေလည်း ရှိသေး၏။ high/low game နှင့် ဘောလုံးပွဲ လောင်းခြင်း (btc ဖြင့်) တို့ ပြုလုပ် နိုင်၏။ ထို့ပြင် ၇ ရက်တခါ ဖွင့်လှစ်သည့် ထီလည်း ထိုးနိုင်၏။ high/ low တော့ ဆော့ ဖူး၏။ ကုန်ဖူး၏။ သူများတွေက script တွေ run ဆော့ပြီး အမြတ် ယူနိုင်ကြပေမယ့် ကျနော်က ထိုမျှထိ မကျွမ်းကျင်ပေ။ သို့နှင့် တနာရီတခါ သာ ဝင်ဝင် နှိပ်တော့၏။
ယခင်က တခါ နှိပ်လျှင် satoshi ရာနှင့် ပေး၏။ ( 175 satoshi or 0.00000175 btc) ထိုစဥ်က btc စျေးကလည်း ခုလောက် မများသေးဘူးကိုး။ တဖြည်းဖြည်း btc စျေးလည်း များလာရော ရာဂဏန်းကနေ ဆယ်ဂဏန်း ဖြစ်သွား၏။ ခုလား ခု btc စျေးနှင့်တော့ ခုဂဏန်းလောက်သာ ပေးတော့၏။ တခါ နှိပ်လျှင် 4 or 5 satoshi (0.00000004 btc) လောက်သာ ပေးတော့၏။ ယခင် ရာဂဏန်း ပေးနေတုန်းကသာ တနာရီတခါ လေး မှန်မှန် ဝင်စုခဲ့လျှင် ဆိုပြီး ခုမှ နောင်တရမိ၏။ ဒါပေမယ့် ရှိစေတော့။ အကြောင်းကြောင်း ကြောင့် မလုပ်ဖြစ် မစုမိခဲ့တာတွေပေါ့။
ပြီးခဲ့သော နှစ်ကာလတွေမှာတော့ အနှီ website မှာ function တခု ပါလာ၏။ မိမိ wallet ထဲမှာ satoshi 30000 (0.0003 btc) ရှိလျှင် အတိုးစပေးခြင်း ဖြစ်။ နေ့စဥ် အတိုး ဖြစ်။ မိမိ wallet ထဲ ရှိသလောက် ပမာဏ ပေါ် မူတည် တွက်ချက်ပြီး အတိုး ပေးခြင်း ဖြစ်၏။ ကျနော် တော့ အတော်လေး သဘောကျ၏။ wallet ထဲ 0.002 btc ရှိသည့် ကျနော့်အဖို့ နေ့စဉ် 22 satoshi အတိုးရ၏။ မစိုးလှပေ။ တနာရီတခါ ဝင် မနှိပ်ဖြစ်လည်း အဆိုပါ အတိုးက နေ့စဥ် ပုံမှန် ရ၏။ တခုပဲ အနည်းဆုံး 0.0003 btc တော့ ရှိနေရမည်။
ထိုသို့ အတိုးပဲ ထိုင်ယူနေရာက ဒီနေ့ fun token ဆိုတာ သွားတွေ့မိ၏။ coinmarket မှာ သွားကြည့်တော့ သူ့စျေးက အဟုတ် 1 fun token ကို 0.02$ (0.00000054 btc) ပေါက်၏။ fun token ကို Binance, Bitfinex, OkEx, HitBTC, Changelly and Uniswap! တို့မှာလည်း trade လို့ရ၏။ စျေးကွက်ရှိနေပြီ ဖောက်နေပြီဟု ပြောလို့ရပြီ ဖြစ်၏။ freebit မှာ အဆိုပါ fun token ကို ဝယ်ယူနိုင်၏။
fun token ဝယ်ယူပြီး premium member ဖြစ်နိုင်၏။ (freebit ရဲ့ function အသစ်) fun token 2500 ဝယ်ယူပြီး stake (lock, saving) လုပ်ထားမယ်ဆိုရင် အတိုး ပေးပြန်၏။ ထိုအချက်ကို သဘောကျ၏။ ထို့ပြင် premium member ဖြစ်သွားပြီဆိုလျှင် နေ့စဥ် lucky wheel လှည့်နိုင်၏။ ဆုမဲတွေ ပေါက်နိုင်၏။
သို့နှင့် ကျနော်လည်း လက်ထဲရှိနေသည့် btc ထဲကနေ fun token ဖဲ့ပြီး ဝယ်လိုက်၏။ ပြီး တခါတည်း lock ချလိုက်၏။ အတိုး ကြိုက်သည်ကိုး။ နောက်ပိုင်း အနှီ fun စျေးတက်လာလျှင် ကော်ပြီ။ စိတ်ကူးနှင့် စိတ်ချမ်းသာရလည်း မနည်းမလား။ fun ဝယ်လိုက်တော့ btc လျော့သွားသဖြင့် နေ့စဉ် အတိုးတော့ နည်းသွား၏။ သိပ်တော့ ကိစ္စ မရှိ။ crypto tab ကရသည့် btc တွေကို ကျနော်က freebit ကို ပို့ထား၏။
crypto tab မှာ cloud boost mining လုပ်ပြီး ရသည့် btc တွေကို freebit ကို ပို့၏။ ကျနော့် လုပ်ငန်းစဥ်က ရိုးရိုးလေးပင်။ အရင်းအနှီး နှင့် ခြေလှမ်းကြီး မလှမ်းနိုင်တော့ ခြေလှမ်း စိပ်စိပ်ကို အချိန်ပေး လှမ်းရုံပေါ့။
မိတ်ဆွေတို့မှာ Freebitco account ရှိထားပြီးသား ဆိုပါက၊ ထို့ပြင် btc လည်း fun 2500 ဝယ်ဖို့ ရှိလျှင်တော့ အဆိုပါ fun token ကို ဝယ်ထားသင့်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ freebit account မရှိသေးလို့ ဖွင့်လိုလျှင်တော့ ဖော်ပြပါ link ကနေ ဖွင့်နိုင်ပါကြောင်း။
https://freebitco.in/?r=1986122