Custom rom တင်ရင် ကောင်းမလား၊ မကောင်းဘူးလား စဥ်းစား နေရင်းက မထူးဘူး တင်မယ်ကွာ ဆိုပြီး rom တွေ လိုက်ရှာတော့။ ph က ထွက်ထားတာလည်း ကြာခဲ့ပြီ။ miui version 10 နဲ့ Android version က 7 ဖြစ်၏။ update လည်း ထပ် မရတော့ပေ။ လိုက်ရှာ ကြည့်တော့ lineage os တွေ့၏။ lineage os 20 (A13) ကတော့ alpha version ဖြစ်၏။ lineage os 19 (A12) ကတော့ stable version ဖြစ်၏။ ၂ မျိုးလုံးကတော့ official မဟုတ်ပေ။ official မဟုတ်လည်း ကိစ္စတော့ မရှိပေ။ lineage က အဆင်ပြေ ၏။ လက်ရှိ ကျနော့် ph မှာ သုံးနေသည့် Spark os ကလည်း official မဟုတ်သည့် unofficial version ပဲကိုး။
ဒါပေမယ့် beta, alpha, stable တွေကိုတော့ တချက် ကြည့်ရမည်။ lineage 20 က ပိုမြင့် ပေမယ့် stable မဟုတ် နေတော့ lineage 19 သာ သွင်းဖို့ ရွေးလိုက်၏။ Android 12 လည်း မဆိုးဘူး လေ။ တကယ်တော့ 12L ဖြစ်၏။ Android 12 နဲ့ 13 ကြားပေါ့။ လိုအပ်တဲ့ twrp, firmware နဲ့ data တွေ download ဆွဲပေါ့။ အရင်ဆုံးတော့ bootloader unlock လုပ်ရမည်။ mi account sign in ဝင်ပြီး unlock request လျှောက်ရ၏။ 2019 နောက်ပိုင်း အလုံးတွေ မဟုတ် သဖြင့် unlock က စောင့်စရာတော့ မလိုပေ။
Unlock အတွက် account ဝင်ရာမှာ wifi နဲ့ မဟုတ်ဘဲ mobile data နဲ့ ဝင်ရမည် ဆိုထား၏။ ခက်ပြီ။ တူမလေး ph ထဲမှာက sim card မရှိပေ။ သို့နှင့် ကျနော့် sim card အဟောင်း တခု ထည့်ပေါ့။ bill, data မရှိသဖြင့် ဖြည့်ရပြန်၏။ ပြီး ကျနော့် mi account က လက်ရှိ ကျနော် သုံးနေတဲ့ ph no နဲ့ ဖွင့်ထားတာ ဆိုတော့ sim card ဟိုဘက် ဒီဘက် မချိန်းချင်တာနဲ့ data ဖြည့်ထားသည့် ph no နဲ့ပဲ mi account အသစ် ထပ် လုပ် လိုက်၏။ unlock အတွက် mi account က Gmail နဲ့ လုပ်ထားရုံနဲ့ မရပေ။ ph no ပါ ထပ်ဖြည့်ထားဖို့ လို၏။ ကဲ မထူးတော့ပါဘူး ဆိုပြီး လုပ်လက်စနဲ့ လုပ်လိုက်၏။
Account ဖွင့်လို့ ရ၏။ Wifi ပိတ်ပြီး mobile data နဲ့ account ပြန်ဝင်တော့ မရနေပေ။ ပသို့နည်း။ တခြား ဟာတွေ ဘာညာ သုံးတော့ ရနေ၏။ playstore ကနေ app တခု download ဆွဲကြည့်၏။ ရနေ၏။ နို့ ဒါဖြင့် အဘယ်ကြောင့် mi account ဝင် မရနေသနည်း။ vpn ခံ လိုက်မှ ရသွားခဲ့၏။ သြော်.... ကြင်စိုး ဒုက္ခ ပေးချက်။
Unlock လျှောက်ပြီး unlock tool download ဆွဲပြီး unlock လုပ်၏။ ဒါတောင် unlock tool တွေ တခုပြီး တခု ရှာ လိုက်ရသေး၏။ version မကိုက်နေတာ။ ကြားထဲ drive က မသိနေပြန်ဘူးရယ်။ laptop ကနေ လုပ်မရပြန်တော့ pc ကနေ သွား လုပ်၏။ pc ကနေကြ ရသွား၏။ Bootloader unlock ရသွား၏။ twrp recovery သွင်းဖို့ပဲ ကျန်တော့၏။
ဆက်ရန်