ဖုန်းရဲ့ စတိုးကြောင့် ကျွန်တော့်ရဲ့ Hive
Account ကဂျိုကဂျောင်ဖြစ်ခဲ့သည်။
တော်ပေသေး ကိုဒွန် ကို အကူအညီတောင်း၍
အဆင်ပြေသွားသည်။ ပိုစ့်တင်ပြီး
မေးထားသဖြင့်လည်း မန့်မှာ ပြောပေးကြပါသည်။
မည်သို့ဆိုစေ အားလုံးကို ကျေးဇူးတင်ပါသည်။
ဒီတော့ Hive Account အဆင်ပြေသွားတော့။
Hive နှင့် HBD ကို Trade လေသည်။
ယခင်အခေါက်က ကိုယ် ဟိုက်ဈေး ခြောက်ဆယ့်
သုံးပြားမှာ ဝယ်ထားသည်။ ငါးဆယ့်ခုနှစ်ပြားမှာ
မထုတ်လိုက်ရတော့ ထိုအကြိမ်ကလွတ်သွားသည်။
ငါးဆယ့်ခုနှစ်ပြားမှ အောက်သို့ ဆက်ကျအုံးမလားဟု
စောင့်ရင်း အထက်တက်သွားသည်။
ဟော့ ယနေ့မနက်ပိုင်းမှာတော့ Hive ဈေးက
ငါးဆယ့်ကိုးပြားမှာ ကိုယ်တွေက အမိအရ ထုတ်
ရောင်းသည်။ ကိုယ်တွေလည်းထုတ်ရောင်းပြီသည့်
သကာလ Hive ဈေးသည် လေးဆယ့်ကိုးပြားသို့
ရောက်ရှိကာ ကျသွားပါလေသည်။ ဆိုးချက်
ကိုယ်တွေရဲ့ Trade စကေးက အဲ့သလို။
သို့ပေသိပေါ့လေ လူဆိုသည်က လောဘသား
ဆိုသလို။ ခြောက်ဆယ့်သုံးမှာ ရောင်းပြီး
ငါးဆယ့်ကိုးမှာ ဝယ်လိုက်တော့ လေးပြားတော့
မြတ်တာပေါ့။
ပိုမြတ်ချင်တာ လောဘ လောဘ။ အရောင်း
အဝယ် ကဏ္ဍပြီးသောအခါ Hive အကြောင်း
ဆက်ကြစို့။ Hive Account လေးရပြီးသော်လည်း
သူ့ရဲ့ ပိုစ့်စတင်၊ ပရိုက်ဘိတ်၊ မီမိုကီးတွေကို
ဘယ်ရှာရမှန်း မသိတော့ ကိုဒွန် ကို မေးရသည်။
ထိုအရာတွေရလာပြန်တော့လည်း အဲ့သဟာ
တွေကို သိမ်းဖို့ မေးရပြန်သည်။ ကိုဒွန် ကလည်း
သဘောကောင်း၊ မနောကောင်း လူပျိုကြီဆိုတော့ကာ
စိတ်ရှည်စွာ ပြောပြပေးပါသည်။
လူပျိုကြီး ကိုဒွန် ဥစ္စာပေါ၊ ရုပ်ချော၊ အလိမ္မာ အိမ်ပါလေးနဲ့
ငြိပါစေဗျာ။ ငြိပြီးသကာလ၊ သားတစ်ရာ၊
မြေးတဖြာနဲ့ ဝေဝေဆာဆာထပ်ပြီး စိုပြေပါစေ။
Hive အကြောင်း ရေးပြီးသဖြင့် Pi အကြောင်း
ရေးပါအုံးမည်။ Hive ဂရုမှာ ပီအိုင်ပြုလုပ်သူ
ရှိသလား မသိပေ။ တနေ့က ကျွန်တော်ရဲ့ ပီအိုင်
အကောင့်သည်က ကေဝိုင်စီ အောင်မြင်သွားပါသည်။
နံပါတ်ကိုးအစိမ်းတော့ စောင့်ရပေအုံးမည်။
နောက်တခုက ကျွန်တော်သည် Hive အနည်းငယ်ကို
Binance သို့ ပိုးထားသည်။ ထိုပို့ထားသော
Hive များကိုလည်း Trade ကြည့်မိသည်။
Binance မှာ Trade သည်က အဖိုးအခပေးရသည်။
ကိုယ်တွေ ရောင်းဝယ်ပြုလုပ်သည်က အနည်းငယ်
ဆိုတော့ ဒီတော့ အဆင်မပြေ။ Binance မှာရှိသော
USDT များကို ထုတ်ကြည့်ချင်ခဲ့သည်။ ထိုသို့
ထုတ်ရာတွင် Authenticator မှ ဂဏန်းကို
ပြန်ထည့်ရာမှာ ကျွန်တော်က ခက်ခဲခဲ့သည်။
ယခုတော့ ထို ဂဏန်းကိုလည်း အောင်မြင်စွာ
ထည့်နိုင်ခဲ့ပြီဖြစ်ပါတော့သည်။ ဟိုက်အဖွဲ့သား
အားလုံး ကျန်းမာပါစေ။
@htwegyi
May 19, 2025