မင်္ဂလာပါ။ ၂၀၂၂ ၏ ပထမဆုံး လ များမကြာမှီကုန် ဆုံးတော့မည် ဖြစ်ပါသည်။ ဤ အခြေအနေတွင် Hive Platform ပေါ်တွင် ရှိနေကြသော မိတ်ဆွေ များကလည်း အတော်လေး အရှိန်ရနေကြပြီ ဖြစ်ပါသည်။
အသစ်ရောက်လာကြသော မိတ်ဆွေများကလည်း Hive Platform တွင် မည်သို့ လည်ပတ်ရမည်ကို အတော်အတန် နားလည် လောက်ပြီဟု ယုံကြည်ပါသည်။ လက်ရှိ အချိန်ထိ လူသစ်များ ဝင်ရောက်လာနေဆဲ ဖြစ်ပါသည်။
သို့ သော်လည်း ကျွန်တော် သတိထားမိသလောက် များသော အားဖြင့် Intro Post တခု ပြီးလျင် နောက်ထပ် Post ၂ ခုလောက် တင်ပြီးလျင် ပျောက်သွားကြပါတော့သည်။
အချို့ကလည်း အခြား Community များတွင် post များ ဆက်လက် တင်နေကြသည်ကို ဝမ်းသာအားရ တွေ့ရပါသည်။ အမှန်ဆိုရလျင် စာရေးသားခြင်းသည် လွယ်ကူသော ကိစ္စတခုမဟုတ်ပါ။ အစပိုင်းတွင် စိတ်အား ထက်သန်သလောက် ကြာလာသည်နှင့် အမျှ စိတ်အားထက်သန်မှု လျော့ သွားတတ်ပါသည်။
Hive Platform တွင် ကျင်လည် နိုင်ရန် အရေးကြီးဆုံးမှာ မိတ်ဖွဲ့ တတ်ခြင်း နှင့် မိမိသိလိုသည်များအား မေးမြန်းတတ်ခြင်း ဖြစ်ပါသည်။ မိတ်ဖွဲ့ တတ်ခြင်း ဆိုရာ၌ မိမိက အခြားသူ ရေးသားထားသော စာ / ဆောင်းပါးများအား တခုတ်တရ ဖတ်၍ ဝင်ရောက် ဆွေးနွေးခြင်း ဖြစ်ပါသည်။ တနည်း ဆိုရသော် ကော်မန့်ဖြင့် ဝင်ရောက်ဆွေးနွေးခြင်း ဖြစ်ပါသည်။
Hive Myanmar အသိုင်း အဝိုင်းသည် စာရေးဆရာများ ဖြင့် တည်ဆောက်ထားကြသည်မဟုတ်ပါ။ အဖွဲ့ဝင်တိုင်း ဝါသနာ အလျောက် စာ/ဆောင်းပါးများ ရေးသားနေကြသူများ ဖြစ်ရာ အားနည်းချက် ကိုယ်စီ ဖြစ်ပါသည်။ ထို့ကြောင့် အချင်းချင်း နားလည်းမှု ဖြင့် တယောက်ကို တယောက် ဖေးမ လက်တွဲ ခေါ်ယူ နေကြခြင်း ဖြစ်ပါသည်။
မေးမြန်း တတ်ခြင်း ဟု ဆိုရာတွင် နည်းပညာ အကြောင်း / တနည်းအား ဖြင့် Hive Platform မည်သို့ အလုပ်လုပ်သည် ဆိုသည့် မိမိသိလိုသည့် အကြောင်းအား အခြားသူများအား၏ Post ကော်မန့်များ တွင် မေးမြန်းခြင်း ဖြစ်ပါသည်။ ဤ သို့မေးမြန်းတတ်လျင် မြင်သည့် သူမှ ဝင်ရောက် အဖြေပေးခြင်း နည်းလမ်းပြပေးခြင်း များ လုပ်ဆောင် ပေးကြမည် ဖြစ်ပါသည်။
လူသစ် တယောက်အနေဖြင့် " မင်္ဂလာပါ ခင်ဗျာ / ကျွန်တော် လူသစ် တယောက်ပါ/ ကျွန်တော့ကို ကူညီကြပါအုံး " ဆိုရုံမျှဖြင့် မိမိတောင်းဆိုမှုအား မည်သူမျှ ဂရုမပြုနိုင်ပါ။ နောက်ထပ် အရေးကြီးသည့် အရာတခုမှာ စာဖတ်ခြင်း ဖြစ်ပါသည်။ အခြားသူဌာများ ရေးသားထားသော စာအား ဖတ်ရန် စိတ်မဝင်စား ဆိုလျင် ဖြင့် မိမိအတွက် ရေရှည်ရပ်တည် နိုင်ရန် အလွန်ခဲယျဉ်းပါလိမ့်မည်။
အခြားသူငှာများ မိမိအား စိတ်ဝင်စာ လာစေရန် မိမိက အခြားသူငှာများထံမှ Attention ရယူနိုင်ရန် လိုအပ်ပါသည်။ ဤသို့ Attention ရယူရန် အကောင်း ဆုံး နည်းမှာ ကော်မန့် ပေးခြင်း နှင့် ကော်မန့်များအား တလေးတစား ပြန်ကြားခြင်း ဖြစ်ပါသည်။
ဤသို့ ပြုလုပ်နိုင်ရန် လူသစ် များအတွက် RC အခက်အခဲ ရှိသည်ကို သိပါသည်။ သို့အတွက် လည်း ကျွန်တော့ အနေဖြင့် မိတ်ဆွေတို့အား အကူအညီ တောင်းလိုသည်မှာ လူသစ် တယောက် အနေဖြင့် နေ့စဉ် Post ၂ ခုတင်မည် / အခြားသူများ၏ Post ၁၀ ခုတွင် ကော်မန့် ၁၀ ခုပေးမည် / မိမိ တင်လိုက်သည့် Post တွင် ရောက်လာသော ကော်မန့် ၁၀ ခုအား Reply ပြန်မည် / စုစုပေါင်း RC မည်မျှ ကုန်ကျသည်ကို သိလိုပါသည်။
post ၂ ခုနှင့် ကော်မန့် ၂၀ ခုအတွက် RC လိုအပ်ချက်သည် လူသစ် တယောက် အတွက် အခြေခံ လိုအပ်သော RC ဖြစ်ပါသည်။လိုအပ်ချက်များ ရှိပါကလည်း ထောက်ပြနိုင်ပါသည်။
ကျွန်တော့ အနေဖြင့် အသစ်ရောက်လာသော လူသစ်များ အတွက် RC ပိုမို Delegate လုပ်ပေးနိုင်ရန် ကြိုးစားနေပါသည်။ အချုပ် အနေဖြင့် ဆိုရလျင် အချို့က ထင်ကြပါလိမ့်မည် Hive Platform အား ဘဝတခုလုပ်နေကြသည်ဟူ၍။
Hive Platform သည် ဘဝတခုမဟုတ်ပါ။ သို့သော် ဘဝ၏ တစိတ်တပိုင်း တော့ ဖြစ်လာနိုင်ပါသည်။ အရေးကြီး ဆုံးမှာ မိမိ၏ ဝရိယ သာ ဖြစ်ပါသည်။
Henry Aung ( Kachin )
30/01/2022 - Sunday - 18;17 Pm