မင်္ဂလာပါ။ ယခုတလော Hive Platform ပေါ်သို့ မြန်မာနိုင်ငံသား များ အတော်လေး ဝင်ရောက်လာကြသည်ကို တွေ့ရပါသည်။ လူသစ် အဖြစ်ဝင်ရောက်လာကြသူများအား လည်း Hive Myanmar Community မှကြိုဆိုပါသည်။
Hive Platform အားမိတ်ဆွေတို့ အလျင်ဦးဆုံးသိခဲ့ကြပုံမှာ မတူကွဲပြားခြားနားပါလိမ့်မည်။ Post တင်လျင် Reward အနေဖြင့် Hive Cryptocurrency ရရှိနိုင်ပါသည်ဟုတော့ အကြမ်းဖျင်းသိကြပါလိမ့်မည်။
ဟုတ်ပါသည်။ Blockchain Social Media ဖြစ်၍ Blogging အပေါ်အခြေခံထားသောကြောင့် Post တင်မှ Reward ရသည်ဟူသည်မှာ မှန်ပါသည်။ သို့သော် လူသစ်များအနေဖြင့် ဤ Platform အား ပထမဆုံးစိတ်ပျက်သွားစေသော အရာမှာ HP / RC ဖြစ်ပါသည်။
လူသစ် အကောင့်သစ် ဖြစ်သောကြောင့် HP မရှိသေးသည်ဖြစ်ရာ RC လည်း အတော်နည်းပါသည်။ Hive Power ( HP ) ဟူသည်မှာ မိမိ Power Up ထားသော Hive token အရေအတွက် ဖြစ်ပါသည်။
ဤကဲ့သို့ Hive Power up ထားပါမှ Hive platform တွင် ဝင်ရောက်လုပ်ဆောင်နိုင်ရန်အတွက် Resource Credit ( RC ) ကိုရရှိမည် ဖြစ်ပါသည်။ Hive platform တွင် Post တင်ခြင်း / voting ပေးခြင်း / comment ပေးခြင်း / Hive power up ခြင်း / Hive လွဲပြောင်း ခြင်း အစရှိသည့် လုပ်ငန်းဆောင်တာအားလုံးအတွက် RC လိုအပ်ပါသည်။
ဤ သည်မှာ မိတ်ဆွေလူသစ်များသိချင်နေသော RC အကြောင်း အားဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် မိတ်ဆွေလူသစ်များအား ကူညီနိုင်သော အရာတခုမှာ ထို RC များအား Delegate ( ငှားပေးခြင်း ) လုပ်ပေးနိုင်ခြင်း ဖြစ်ပါသည်။
အကောင့်သစ် တခုလျင် Hive Power 100 မျှ Delegate လုပ်လျင်ပေးလိုက်လျင်ဖြင့် ထိုအကောင့် အတွက် RC အတော်လေး ကောင်းသွာမည် ဖြစ်ရာ comment ပေးခြင်း / Vote ပေးခြင်း များ အတော်အတန် လုပ်နိုင်မည် ဖြစ်ပါသည်။
ဤသည်မှာ လူသစ်များအတွက် ကျွန်တော်လုပ်ပေးနိုင်သော အကောင်းဆုံး အစီအစဉ်ဖြစ်ပါသည်။ ဤသို့ ကျွန်တော့ထံမှ RC delegate ရယူရန်အတွက် ကျွန်တော့ အနေဖြင့် အချက် ( ၃ ) ချက်သာ တောင်းဆိုလိုပါသည်။
( ၁ ) မိမိမည်သူမည်ဝါ ဖြစ်ကြောင်း introducing post တင်ထားသော အကောင့် ဖြစ်ရမည်။
( ၂ ) မိမိကိုယ်ပိုင် ရေးသားထားသော Original Content ဖြစ်ပါစေ ( copy post မဖြစ်စေရ / translation ဖြစ်ပါက Reference များ ဖေါ်ပြပေးပါ )
( ၃ ) မိမိရရှိလာသော Reward များဖြင့် အတတ်နိုင်ဆုံး Hive Power ဖြည့်သွင်းပါ။
ကျွန်တော့ အနေဖြင့် အထက်ပါ အချက် ( ၃ ) ချက်သာ တောင်းဆိုလိုပါသည်။ မိတ်ဆွေအနေဖြင့် Hive Myanmar page မှ မဖြစ်မနေ post တင်ရမည်ဟု မတောင်းဆိုပါ။ မိမိ နှစ်သက်ရာ Ecency / PeakD / D.Buzz ကြိုက်သည့် Community မှ Post တင်နိုင်ပါသည်။
အရေးကြီးဆုံးမှာ မိတ်ဆွေအကောင့်အား လူသိများလာစေရန်နှင့် Support များများရရှိစေရန် ဖြစ်ပါသည်။ အပွင့်လင်းဆုံးပြောရလျင် ကျွန်တော့အနေဖြင့် ဤသို့ Delegate လုပ်ခြင်း အတွက် မည်သို့မျှ ပြန်လည် ပေးဆပ်ရန် မတောင်ဆိုပါ။
ယခင် က ကျွန်တော်တို့ Myanmar Steemit Community ( MSC ) တွင် ဤကဲ့သို့ Power အလုံအလောက်မရှိကြသောကြောင့် ပြင်ပ Support များမရသောအခါ ဝါးအစည်းပြေသကဲ့သို့ ကွဲသွားကြပါသည်။
ထို့ကြောင့် ကျွန်တော့ အနေဖြင့် မိတ်ဆွေတို့ Power များလာလျင် နှောင်လူငယ်များအားလည်း တွဲခေါ်နိုင်စေရန် မိတ်ဆွေအား အကူအညီတောင်းလိုပါသည်။
နှမ်းတစေ့ဖြင့် ဆီမဖြစ်သကဲ့သို့ မိုးရေတစက်ဖြင့်လည်း ရေကန်မပြည့်နိုင်ပါ။ သို့သော် နှမ်းစေ့ များလာလျင် / မိုးရေစက်များလာလျင်ဖြင့် အရာရာအောက်ကျနောက်ကျ ဖြစ်နေရသော မြန်မာလူငယ်မျညးအဖို့ Cryptocurrency လောကတွင်ဖြင့် အခြားနိုင်ငံနှင့်တန်းတူ ရှိနေစေချင်ပါသည်။
မိတ်ဆွေအနေဖြင့် Hive Myanmar တွင် လူသစ်ဖြစ်ပါက ကျွန်တော့ Post များတွင် comment ပေး၍ လည်ကောင်း / I love Hive FB page မှ လည်းကောင်း ကျွန်တော့ထံ မှ RC တောင်းခံနိုင်ပါသည်။ သို့သော် အထက်တွင် ကျွန်တော်ဖေါ်ပြထားသော အချက် ( ၃ ) ချက်အား လိုက်နာရန်တော့လိုပါလိမ့်မည်။
ဤ ဆောင်းပါးအား ဖတ်မိလျင် RC မလုံလောက်၍ စိတ်ပျက်နေသော မိတ်ဆွေ၏ သူငယ်ချင်းများအား လက်တို့လိုက်ပါရန် တိုက်တွန်းလိုက်ရပါသည်။
မြန်မာလူငယ်များ Hive Platform တွင် အဆင်ပြေကြပါစေ။
Henry Aung ( Kachin )
15/09/2021 - Wednesday - 18;16 Pm