ဗေဒင်ပညာ၏အယူအဆများကို လေ့လာကြရအောင်ပါ။ ယခုအခါ ရာသီခွင် အကြောင်းကို ပြောပြပါမည်။ ဤရာသီခွင် ဆိုရာ၌ လူအများသိသော "ရာသီခွင်ဖွား" နှင့် "လဂ်" ကွာခြားမှုကို သိဖို့လိုပါတယ်။ "ကျွန်တော်က မိဿရာသီဖွား" ဟူသော ပြောဆိုမှုများရှိပါတယ်။ ရာသီခွင်ဖွား ဆိုသည်မှာ မိမိမွေးဖွားချိန်ရှိ တနင်္ဂနွေဂြိုလ် ရပ်သည့် ရာသီကို အဆွဲပြု၍ ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဒီအယူအဆကို အနောက်တိုင်းများတွင် အသုံးပြုခြင်းများပါတယ်။ ထိုရာသီခွင် သုံးသပ်ချက်များလည်း မှန်ကန်ကြပါတယ်။ နောက်တစ်ခုက "လဂ်" ပါ။ ဒါကတော့ အများကြီးတွက်ချက်ရပါတယ်။ မွေးဖွားရာဒေသရှိ လောင်ဂျီတွဒ် နှင့် လတ္တီတွဒ် များအပေါ် အခြေခံထားပြီး မွေးဖွားချိန် ကိုမူတည်လျက် တွက်ချက်ရပါတယ်။ လည်းကောင်းကို "ဘာဝ"ဟုလည်းခေါ်တွင်ပါတယ်။ ဘာဝ ၁၂ခုရှိပါတယ်။ ခပ်များများ ဘာဝများသည် ရာသီခွင် အသီးသီးတွင်ရပ်တည်ပါတယ်။ ဒီလိုရပ်တည်မှုအပေါ် ရာသီခွင် များ၏သဘာဝများဖြင့် အရုပ်ဖော်ပြကြပါတယ်။ ဒါကြောင် ရာသီခွင် တစ်ခုခြင်းကိုသိသင့်ပါတယ်။ အသေးစိပ်မဟုတ်ပေမဲ့ သိထားသင့်တာတွေကို ဖော်ပြပေးပါမယ်။
Let's study the concepts of astrology. Now let's talk about the zodiac. In this zodiac, you need to know the difference between "Zodiac Birth" and "Lag" that many people know. There are sayings like "I am born in Aries". Born in the zodiac is called the season in which the sun planet stands at the time of his birth. This concept is used in the West. Those zodiac reviews are also correct. Another is "lag". This is a lot to calculate. Based on the longitude and latitude of the place of birth, it can be calculated depending on the time of birth. And it is also called "house". There are 12 things. Many houses stand in different zodiac signs. This position is depicted by the nature of the zodiac signs. You should know one of these zodiac signs. Although not detailed, I'll cover what you should know.
မိဿရာသီ သည် မတ်လ(၂၁)ရက် မှ ဧပြီလ(၁၉) ထိ ပိုင်ဆိုင်သည်ဟုသတ်မှတ်သည်။ ပုံသဏ္ဍာန်မှာ ချိုပါသောဆိတ် ဖြစ်သည်။ အင်္ဂါဂြိုဟ်ပိုင်ဆိုင်ပြီး ယောင်္ကျား သဘာဝဖြစ်သည်။ အမျက်ထွက်လွယ်သည်။ ခန္ဓာကိုယ်၏ ဦးခေါင်းပိုင်းကို ကိုယ်စားပြုသည်။ မီးဓါတ်သဘော ဖြစ်သည်။ ခြေလေးချောင်း ရှိပြီး အရှေ့အရပ်ကိုညွန်ပြသည်။ ဗြိတိန်, ဂျာမဏီ, ဒိန်းမတ်, နီပေါလ်, နှင့် ပိုလန်အောက်ပိုင်း တို့ကို မိဿရာသီ ကပိုင်ဆိုင်ကြသည်။
Aries is considered to belong from March (21) to April (19). The shape is a goat with horns. Owned by Mars and male in nature. Easy to anger. Represents the head of the body. The nature of fire. It has four legs and points to the east. Britain, Germany, Denmark, Nepal, and lower Poland belong to Aries.
ပြိဿရာသီခွင် သည် ဧပြီ(၂၀) မှ မေ(၂၀)ထိဖြစ်သည်။ နွားထီး ပုံသဏ္ဍာန်ရှိသည်။ သောကြာဂြိုဟ် ပိုင်ဆိုင်ပြီး မိန်းမ သဘာဝဖြစ်သည်။ လေကဲ့သို့လှုပ်ရှားနေပြီး ခန္ဓာကိုယ်၏ မျက်နှာနှင့်လည်ချောင်းကိုညွှန်း၏။ မြေဓါတ်သဘာဝဖြစ်သည်။ ခြေလေးချောင်းဖြစ်သည်။ ဆိုက်ပရပ်စ်, အာရှမိုင်းနား, ပိုလန်, ဟော်လန်, အိုင်ယာလန်, တို့ကို စိုးမိုးသည်။
Taurus zodiac is from April (20) to May (20). It has the shape of a bull. Owned by Venus and female in nature. It moves like the wind and points to the body's face and throat. It is the nature of the earth. Four legs. Ruled Cyprus, Asia Minor, Poland, Holland, Ireland.
မေထုန်ရာသီခွင်သည် မေ(21) မှ ဇွန်(20) ထိပိုင်ဆိုင်သည်။ ပုံသဏ္ဍာန်မှာ အမျိုးသမီးနှင့်အမျိုးသားပုံဖြစ်သည်။ ဗုဒ္ဓဟူးဂြိုဟ် ပိုင်ဆိုင်ပြီး ယောကျ်ားသဘာဝရှိသည်။ လူခန္ဓာကိုယ်၏ အဆုတ် နှင့် လက်မောင်း တိုကိုစိုးမိုးသည်။ ခြေနှစ်ချောင်းဖြစ်ပြီး လေဓါတ်သဘာဝရှိသည်။ အမေရိကန်, အာဖရိက, ကနေဒါ, အင်္ဂလန် အနောက်ပိုင်း, လန်ဒန်, အီတလီ, ဆန်ဖရန်စစ္စကို, ဘယ်ဂျီယံ တို့ကိုပိုင်ဆိုင်သည်။
Gemini belongs to the zodiac from May (21) to June (20). It is a picture of a woman and a man. Mercury rules and has a male nature. Dominates the lungs and arms of the body. It has two legs and is the nature of air. It owns America, Africa, Canada, West England, London, Italy, San Francisco, Belgium.
ကာရကဋ်ရာသီခွင်သည် ဇွန်(၂၁) မှ ဇူလိုင်(၂၂) ထိဖြစ်သည်။ ပုံသဏ္ဍာန်မှာ ဂဏန်းကောင်ပုံ ဖြစ်သည်။ တနင်္လာဂြိုဟ် ပိုင်ဆိုင်ပြီး မိန်းမ သဘာဝ ရှိသည်။ ငြိမ်သက်သော သဘောဆောင်ပြီ ရင်ဘတ်, နလုံး, နှင့် ဝမ်းဗိုက် တို့ကို စိုးမိုးသည်။ ရေဓါတ် သဘာဝဖြစ်သည်။ စကော့တလန်, နယူးဇီလန်, မြောက်နှင့်အနောက် အာဖရိက, မောရစ်ရှ, ပရာဂွေး, ဆွီဒင် တို့ကိုပိုင်ဆိုင်သည်။
Cancer zodiac is from June (21) to July (22). The shape is the shape of a crab. Owned by the planet Moon and has a female nature. A calm attitude dominates the chest, forehead, and abdomen. Hydration is natural. Owns Scotland, New Zealand, North and West Africa, Mauritius, Paraguay, Sweden.
သိဟ်ရာသီခွင်သည် ဇူလိုင်(23) မှ သြဂုတ်(22) ထိရှိသည်။ ပုံသဏ္ဍာန်မှာ ခြင်္သေ့ပုံဖြစ်သည်။ တနင်္ဂနွေဂြိုဟ် စိုးမိုးပြီး မီးဓါတ်သဘာဝဖြစ်၏။ အမျက်ထွက်လွယ်သည့်သဘောဆောင်ပြီး ခန္ဓာကိုယ်၏ နှလုံးသားနှင့်ကျောရိုးကိုပြသသည်။ ယောကျ်ားသဘာဝရှိသည်။ နိုင်ငံများအနေဖြင့် ပြင်သစ်, ကယ်လီဖိုးနီးယား, ရူမေးနီးယား, ရောမ, ဒမက်စကတ်, ချီကာဂို, တို့ကိုစိုးမိုးသည်။
Leo zodiac is from July (23) to August (22). The shape is that of a lion. Sun is dominated by the planet and is of fiery nature. Shows the heart and backbone of the body with an easily angered attitude. Male nature. As countries, France, California, Romania, Rome, Damascus, Chicago, dominate.
ကန်ရာသီခွင် သည် သြဂုတ်(23) မှ စက်တင်ဘာ(22) ထိပါသည်။ ပုံသဏ္ဍာန်မှာ မိန်းမပျို ဖြစ်ပြီး ဗုဒ္ဓဟူးဂြိုဟ် ကစိုးမိုးသည်။ မိန်းမ သဘာဝရှိသည်။ မြေဓါတ်သဘောဆောင်လျက် လေကဲ့သို့လှုပ်ရှားသည်။ ခြေနှစ်ချောင်းဖြစ်သည်။ ခန္ဓာကိုယ်၏ အစာအိမ်နှင့် အူ ကို အုပ်စိုးသည်။ တူရကီ, မက်ဆိုပိုတေးမီးယား, တိဘက်, ဂရိ, ဆွစ်ဇာလန်, ဘရာဇီးလ်, ဗာဂျီးနီးယား, အနောက်အိန္ဒိယကျွန်းစုများ, တို့ကို ပိုင်ဆိုင်သည်။
The Virgo zodiac is from August (23) to September (22). The form is female and ruled by Mercury. Feminine nature. It moves like the wind with the effect of earth energy. Two legs. It rules the body's stomach and intestines. It owns Turkey, Mesopotamia, Tibet, Greece, Switzerland, Brazil, Virginia, and the West Indian Islands.
လက်ရှိ ရာသီခွင်ခြောက်ခုကိုဖော်ပြပေးထားပါသည်။ ကျန် ရာသီခွင် ခြောက်ခု ကို ဆက်လက်ဖော်ပြပေးပါမည်။ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ။ မင်းဇော်
The current six zodiac signs are shown. The remaining six zodiac signs will continue to be explained. May you be happy and peaceful. Min Zaw