ဒီနေ့ကတော့ သန့်ရှင်းရေးနေ့ပါပဲ။
အခန်းသန့်ရှင်းရေးလုပ်ပြီး သိမ်းထားတဲ့
စတီးခွက်တွေနဲ့ ကော်ပုံးတွေကို သေချာ
ဆေးကြောကာ သန့်ရှင်းရေးလုပ်ဖြစ်ခဲ့ပါ
တယ်။ သန့်ရှင်းရေးလုပ်တာများ
ဘာထူးဆန်းသလဲ၊ ခေါင်းစဥ်များ အတွေး
များစွာနဲ့ အထူးသလည် ပေးထားစရာလို
လို့လားဟု မိတ်ဆွေတို့တွေးမိကောင်း
တွေးမိပါလိမ့်မယ်။
စတီးခွက်တွေက သိမ်းဆည်းထားတာ
ကြာပြီဖြစ်လို့ သံချေးအနည်းငယ် တက်နေ
ကြတယ်။ ဒါထက်ပိုဆိုးတာက ခွက်တွေကို
ကြီးစဥ်ငယ်လိုက် စီပြီး ထပ်တာကြောင့်
တစ်ခုစီ ခွဲထုတ်ရတာမို့ အတော်ကလေး ဒုက္ခ
ရောက်ခဲ့ရပါတယ်။ ထုရ၊ ခေါက်ရ၊ ဆပ်ပြာဆီ
ထဲ့ရနဲ့ တစ်ယောက်တည်း တိုင်ပက်လို့နေပါ
တယ်။ နောက်ဆုံးတစ်ခုစီ ခွဲထုတ်လို့ရပြီ
ဆိုပြန်တော့လည်း သံချေးတွေ
တိုက်ချွတ်ရ၊ ဖုံချေးတွေ ပွတ်ဆေးရနဲ့
အချိန်အတော်ကြာခဲ့ပါတယ်။ ပြီးသွားပြန်
တော့လည်း ဒီလိုထပ်မဖြစ်အောင် ရေကို
သေချာအဝတ်နဲ့သုတ်ရ၊ ကြီးစဥ်ငယ်လိုက်
ထပ်ပြီး မစီတော့ပဲ သပ်သပ်စီခွဲထားရနဲ့
အလုပ်ကိုရှုပ်နေတော့တာပါပဲ။
ကဲ အားလုံးပြီးသွားပြီဆိုတော့ ဟူး... ဆိုပြီး
လေပူတစ်ချက်မှုတ်ထုတ်ရင်း ပက်လက်
ထိုင်ခုံပေါ်ထိုင်ပြီး ချေပစ်လက်ပစ် အနားယူ
လိုက်ပါတော့တယ်။ အတော်လေး
အမောပြေသွားမှ ဒင်းတို့အတော်လေး
ဒုက္ခပေးပါကလားဆိုပြီး သက်မဲ့ကို
အပြစ်တင်ချင်စိတ်နဲ့ ကြည့်မိပါတယ်။
ကဲဗျာ...ခုကြတော့လည်း သူတို့မဟုတ်
သလိုပဲ သန့်ရှင်းပြီး သစ်လွင်နေကြတယ်၊
တောက်ပနေကြတယ်။ လန်းဆန်းနေ
ကြတယ်။ သူတို့ကို ကြည့်ပြီး စိတ်ထဲတောင်
ကြည်လင်သွားပြီး အမောပြေသလို
ဖြစ်သွားတယ်။ ပြောရမယ်ဆိုရင် ဖခင်က
အလုပ်ပင်ပင်ပမ်းပမ်း လုပ်လာပြီး အိမ်ပြန်
ရောက်တော့ သားသမီး မျက်နှာမြင်ပြီး
အမောပြေသွားသလိုမျိုးပေါ့။ ကဲထား
ပါတော့ ကြီးကြီးကျယ်ကျယ် လျှောက်
မပြောတော့ပါဘူး။ လိုရင်းကိုသာ ဆက်
ဆက်ကြပါစို့။
ဒါကြောင့်ပြောကြတာထင်တယ်။
"Clean environment is happy
environment" ဆိုပြီးတော့လေ။
တကယ်လည်း ဟုတ်ပါတယ်။ ညစ်ပေနေတဲ့
အခန်းနဲ့ သန့်ရှင်းပြီး မွှေးပျံ့နေတဲ့အခန်း၊
ဘယ်အခန်းမှာ နေရတာ ပိုပြီး စိတ်ချမ်းသာ
မလဲ။ မိတ်ဆွေတို့ ကိုယ်တိုင်သာ ဆုံးဖြတ်
ကြည့်ပါတော့။
ဒီမှာ တွေးစရာအတွေး တစ်ခုကထပ်ပေါ်
လာတယ်။ အရာဝတ္ထုတွေဟာ သန့်ရှင်း
ရေးမလုပ်ပဲ ပစ်ထားရင် ကြာလာတဲ့အခါ
ဖုံတက်ပြီး ညစ်နွမ်းသွားပါတယ်။
ဒီလိုပဲ ကျွန်တော်တို့ရဲ့ စိတ်တွေဟာလည်း
သန့်ရှင်းရေးမလုပ်ပဲထားရင် ကြာလာရင်
ညစ်နွမ်းနေတက်ပါတယ်။ အရာဝတ္ထု
တွေကို သန့်ရှင်းသွားအောင် ဆပ်ပြာနဲ့ရေနဲ့
တိုက်ချွတ်ဆေးကြောပေးရတာ လွယ်ပါ
တယ်။ မိမိရဲ့စိတ်ကို သန့်ရှင်းစင်ကြယ်
အောင်ပြုလုပ်ရတာက အတော်ကို ခက်ခဲ
ပါတယ်။ ဒီနေရာမှာ စိတ်ကို သန့်ရှင်းစင်
ကြယ်အောင် လုပ်ဖို့ ကျွန်တော့်အတွေးကို
မျှဝေပေးသွားမှာဖြစ်လို့ အမှားပါကောင်း
ပါနိုင်ပါတယ်။ ဒါကြောင့် အမှန်သိသူများ၊
ဒါမှမဟုတ် သဘောထား ကွဲလွဲသူများရှိပါ
ကလည်း ကွန့်မန့်မှာ ဝင်ရောက်ဆွေးနွေး
သွားနိုင်ပါတယ်။
ကျွန်တော်တွေးမိတဲ့ စိတ်ကိုစင်ကြယ်အောင်
၊ ကြည်လင်အောင်လုပ်ဖို့ အချက်(၃)ချက်
ရှိပါတယ်။
ဒီအချက် ၃ ချက်ဟာ ဘာတွေဖြစ်မလဲဆိုတာ
မိတ်ဆွေများ မှန်းဆပြီး မိမိအမြင်များကို
ကွန့်မန့်မှာ ဆွေးနွေးသွားပါဦးနော်။
ကျွန်တော်တွေးမိတဲ့ အချက် (၃)ကိုတော့
နောက်ပို့စ်မှာ အပိုင်း (၂) အဖြစ် မျှဝေပေးသွားမှာပါ။
အပိုင်း (၂) ဆက်ရန် >>>
စာဖတ်သူ မိတ်ဆွေများအား လေးစားစွာဖြင့်...
ကိုကိုမိုးဟိန်း
Myanmar Language
Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
18.06.23