photo by : Myanmar Business Directory
သင်္ကြန်မတိုင်ခင်ထဲက တာချီလိတ်ပြန်ရောက်လာတာ ထိုင်းနိုင်ငံမယ်ဆိုင် ဘက်တောင်မရောက်ဖြစ်သေးဘူးခုထိ သွားလည်အုံးမယ် ဈေးဝယ်အုံးမယ် အရင်သွားဝယ်နေကြဆိုင်တွေလည်း မတွေ့တာကြာပြီလေ။ အများအားဖြင့်တော့ KFC သွားစားတာပေါ့ဟဲဟဲ ထိုင်းဘီယာစစ်လည်း မသောက်ရတာကြာပြီ သူတို့နိုင်ငံကလည်း အရက်၊ ဘီယာ အချိန်ပြည့်ဝယ်သောက်မရဘူးဗျ။ မနက်(၁၀)နာရီကနေ နေလည်(၁၂)အထိ ညနေ(၄)နာရီကနေ ည (၁၂)အထိပဲဝယ်လို့ရတယ်ဗျ မြန်မာပြည်လို ပေါပေါလောလော ဝယ်မရသောက်မရဘူး။ မှောင်ခိုသည်တွေတော့ရှိတာပေါ့။ ထိုင်းကဘီယာတွေက ဈေးကြီးတယ် အရသာလည်းအတော်ရှိတယ်ဗျ မြန်မာဘီယာထပ်ကောင်းတယ်။ မြန်မာပြည်ဝင်တဲ့ဘီယာဆိုတာ ထိုင်းဘီယာမဟုတ်ဘူး နာမည်သုံးပြီး လုပ်စားထားတာ ဈေးပေါပေါ အရသာပေါပေါပေါ့။