Hive Community မှာ တစ်နေ့တစ်ပုဒ် စာရေးနေရရင်း ပိုသဘောကျလာမိတာ တစ်ခုရှိတယ်။ ဘာလို့လဲဆိုတော့ ပုံတွေ တင်ရလို့။ သိတဲ့အတိုင်း ကျမက ဓာတ်ပုံရိုက်ရတာလဲ ဝါသနာ ပါတယ်ဆိုတော့ ဖုန်းထဲမှာ ပုံတွေအများကြီးရှိတယ်။ ပြောရရင် မြင်ရာဖမ်းတဲ့ ကင်မရာမန်းပေါ့။ တစ်ခုခုကို သဘောကျမိလို့ရှိရင် ဖုန်းကြီးထုတ်ပြီး ရိုက်ပါပြီ။
(တစ်နေ့တုန်းက dbuzz မှာ ဒီပုံလေးတင်လိုက်တာ)
အံမယ်…ဖေ့ဘုတ်ခေတ်မစားခင် ကာလတွေတုန်းကဆိုရင် ကိုယ်နဲ့ အလွန်ရင်းနှီးတဲ့ အိမ်တစ်အိမ်ကို အလည်သွားတဲ့အခါ စကားတွေ ပြောကြရင်းနဲ့ ဓာတ်ပုံ album လေးတွေ ထုတ်ထုတ်ပြတာ မှတ်မိ ကြလားမသိဘူး။ ခုတော့ နည်းပညာတွေ တိုးတက်လာတော့ ဖေ့ဘုတ်ပေါ် ကိုယ်တင်ချင်တဲ့ ပုံလေးတင်လိုက်ရုံပဲ။ ခုချိန်တော့ သွားမတင်လိုက်လေနဲ့။
ကိုယ့်အိမ်ကလူတွေကလည်း ကျမဝါသနာကြီးမှန်းသိတော့ တချို့ အရာတွေဆိုရင် သူတို့ကိုယ်တိုင်က “ဒါလေးကို ဓာတ်ပုံရိုက်ပါလား” ဆိုပြီး အကြံပေးကြသေးတယ်။ ကိုယ်ကလည်း ရိုက်ချင်ချင်လေ။ ဒါတောင် ခုနောက်ပိုင်းမှ ဒီပုံတွေကို ကောင်းကောင်းအသုံးချလာရ တာ။ ဟိုးအရင်ကဆို ရိုက်ပြီး ဖေ့စ်ဘုတ်ပေါ်တင်ပြီးရင် သူ့ကဏ္ဍပြီး သွားပြီ။
(နိုတီမှာ ဒီလိုတွေ့တာ)
ခုတော့ အဲ့လိုမဟုတ်တော့ဘူး။ Hive မှာစာရေးဖို့အတွက် ပုံရိုက် ပြီးပြီဆိုရင် သူနဲ့ပတ်သက်တဲ့ အကြောင်းလေးရေးရင်း ကိုယ်ရိုက် သမျှပုံတွေ ဝေဝေဆာဆာထည့်ပြီး ပိုစ့်တင်ရတာ ကိုယ်တော့ သဘောကျမိတယ်။ သည်းခံပြီးတော့သာ ကြည့်ကြပေါ့နော့။
ကိုယ့်ပုံတွေကျ Google Photo ထဲမှာ သိမ်းထားတာ။ အဲ့ထဲမှာ သိမ်းတာကလည်း များနေတော့ နောက်ထပ်အကောင့်သစ်တစ်ခုနဲ့ ထပ်ဖွင့်။ ထပ်သိမ်း။ အဲ့တခါတလေ လိုချင်လို့ပြန်ရှာရင် မတွေ့ဘူး။ အဲ့ပုံတွေ မပါဘဲ ဒီတိုင်းတင်လဲ ရရဲ့သားနဲ့ကို ဇွတ်တွေလိုက်ရှာတာ။ မလိုရင်တော့ တွေ့ပါပြီ။
(ဒီလိုလေး မန့်တာ)
အရေးမပါတာကို အရာလုပ်တာက ကျမပါပဲ။ ပိုစ့်ထဲမှာလဲတင်ချင်၊ Dbuzz မှာလဲ တင်ချင်၊ ဖေ့ဘုတ်မှာလည်း တင်ချင်နဲ့ဆိုတော့ ဗျာတွေများနေတာ။ ခုနောက်ပိုင်းတော့ ဖေ့ဘုတ်မှာ ပုံတွေ မတင်ရဲ တော့ဘူး။ ကိုယ်တင်လိုက်တဲ့ပုံတွေကြောင့် တချို့သူတွေ စိတ် အနှောင့်အယှက်ဖြစ်မှာ စိုးတယ်လေ။
ဒီကာလကြီးမှာလည်း ပုံမတင်ချင်ပါဘူး။ ဒါပေမယ့် ပန်းပုံလေးတွေ၊ ရှုခင်းပုံတွေကျ album လေးလုပ်ပြီး only me နဲ့ တင်ထားတယ်။ လိုချင် ပြန်ရှာရလွယ်အောင်မို့လို့။ ခုတော့ အရင်က @htwegyi စကားနားမထောင်ခဲ့မိတာ နောင်တရတယ်။ သူက တစ်နေ့တစ်ပုဒ် တော့တင်ပါ။ စာမရေးနိုင်တောင် dbuzz မှာ ပုံလေး တစ်ပုံတော့ တင်ပါလို့ပြောတာကို ကိုယ်က မအားတာအကြောင်းပြပြီး မတင်ခဲ့ မိဘူး။
(သူ့ကွန်မန့်ကို ဘာသာပြန်ကြည့်တာ)
ခုတော့ အားသလိုရှိနေပါပြီ။ အားနေချိန်လေးမှာ စာလေးရေး ပိုစ့်လေးတင်၊ သူများရေးတာတွေ ဖတ်၊ ဗုတ်ပေး၊ ပြီးရင်နောက် တစ်နေ့အတွက် ဘာရေးရမလဲ စဉ်းစားရင်းနဲ့ ဖေ့ဘုတ်တောင် သိပ် မကြည့်ဖြစ်တော့ဘူး။ အိမ်ကလူတွေက “ဟိုသတင်းသိပြီးပြီလား၊ ဒီသတင်းကဘယ်လိုနော်” ဆိုပြီး ကိုယ့်ကိုလားပြောရင် ကိုယ့်မှာ ပါးစပ်အဟောင်းသားနဲ့ သိဘူးပဲ။
“မသိဘူး” လို့ပြောရင် “ဟင် ညည်းဖေ့ဘုတ်မကြည့်ဘူးလား၊ တစ်နေကုန်လည်း လိုင်းစိမ်းနေပြီး ဘာလုပ်နေတာလဲ” လို့မေးရင်း ရှင်းပြရင် လေကုန်လို့ ဘာမှမပြောဘဲ ပြုံးပဲပြုံးနေလိုက်တယ်။ ကြိုက်လို့မှတ်မိနေတဲ့ စာသားလေးတစ်ခုရှိတယ်။တစ်ရက်တစ်ရက် အသိပညာ၊ ငွေကြေးတစ်ခုခုမရဘဲ အချိန်ကုန်သွားရင် အဲ့ဒီနေ့ဟာ အလကားပဲတဲ့။
ကိုယ်ကတော့ ဒီ hive community မှာ အဲ့ဒီ နှစ်မျိုးစလုံးရနေတယ် ဆိုတော့ ကုန်ဆုံးသွားတဲ့ အချိန်တွေလည်း အကျိုးရှိသလို ကိုယ် ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ အကျိုးရှိရှိ အသုံးချနေရတာလည်း စိတ်ချမ်းသာရတယ်လေ။
အခုတော့ ကိုယ့်ရဲ့ဝါသနာကို Dbuzz က ထပ်ပြီးအရောင်တင်ပေး လိုက်တယ်။ တစ်နေ့က မန္တလေးကျုံးပုံလေးတင်လိုက်တာကို Dbuzz က 1Hive transferred လက်ဆောင်ပေးတယ်။ ပြီးတော့ “ဘယ်လောက်ချစ်စရာ ကောင်းတဲ့မြင်ကွင်းလဲ။ တစ်ခေါက်လောက် တော့ ခရီးတွေထွက်ခွင့်ရချင်လိုက်တာ၊ ဘုရားကျောင်းတွေနဲ့ ဘုရာတွေက ဆွဲဆောင်မှု ရှိစေတယ်” လို့လဲ မန့်လိုက်သေးတယ်။ တခြားသူတွေရော Dbuzz ကနေ အဲ့လိုမျိုး Hive လက်ဆောင်နဲ့ ကွန်မန့်တွေ့ရဖူးကြလားရှင့်။ ကျမကတော့ တကယ်ဝမ်းသာမိ တယ်။
@nweoomon
30-12-2021