အားလုံး မင်္ဂလာပါ
ကျွန်တော်တို့ Chat GPT 3.5 နဲ့ ရင်းနှီးပြီးလို့ ထင်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ Chat GPT 3.5 ကို ကျွန်တော်တို့ရဲ့ browser မှာ အခမဲ့ သုံးနိုင်လို့ တော်တော်များများတော့ သုံးကြည့်ဖူးမယ် ထင်ပါတယ်။ တကယ်လို့ မိတ်ဆွေအနေနဲ့ မသုံးဖူးသေးရင်လဲ အောက်ကလင့်ကနေ ဝင်ပြီး သုံးစွဲနိုင်ပါတယ်။ (https://chat.openai.com/) သုံးဖို့အတွက် ဘရောင်ဇာမှာ အီးမေးနဲ့ register အရင်လုပ်ပြီး log in လုပ်ဖို့တော့လိုပါမယ်။
Chat GPT 3.5 မှာ သုံးလို့ အဆင်ပြေပေမယ့် version 4 မှာလို ရုပ်သံတွေကို ခွဲခြမ်းစိတ်ဖြာတာ၊ ရုပ်ပုံတွေထုတ်ပေးတာ၊ အသံနဲ့ ဆက်သွယ်တာ စတာတွေကိုတော့ မလုပ်ပေးနိုင်ပါဘူး။ တကယ်လို့ version 4 ကို အဆင့်မြင့်မယ်ဆိုရင်လဲ တစ်လကို ဒေါ်လာ ၂၀ ပေးရမှာဖြစ်လို့ ကျွန်တော်တို့လို heavy နဲ့ စီးပွားဖြစ် မသုံးသူတွေအတွက်တော့ မတန်ဘူးလို့ဆိုရမှာပါ။
အခုကျွန်တော်က ဒီ version 4 ကို ဘယ်လိုအခမဲ့ အသုံးပြုနိုင်လဲ ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီလိုသုံးဖို့ Bing Search ကို အသုံးပြုရမှာ ဖြစ်ပြီးတော့ Microsoft အကောင့်နဲ့ ဝင်ရမှာဖြစ်ပါတယ်။
- ပထမဆုံး https://www.bing.com/search ကို သွားပါမယ်။
- အဲနောက်မှာ chat ကိုဝင်ရပါမယ်။
- အဲဒီမှာ ကိုယ်ရိုက်ထည့်လိုက်တဲ့စာတွေက Bing AI နောက်ကွယ်က Chat GPT 4 ကို အသုံးပြုမှာ ဖြစ်ပါတယ်။
မိတ်ဆွေတို့ အသုံးပြု အဆင်ပြေနိုင်ပါစေ။
ကျွန်တော်လည်း စမ်းသုံးကြည့်ပါမယ်။
PS: ကျွန်တော် ဒီမနက်ခင်းပိုင်း python program တစ်ခု ရေးဖို့ version 4 နဲ့ လုပ်တာ သိပ် အဆင်မပြေသေးတာ တွေ့ရပါတယ်။ version 3.5 က ပရိုဂရမ်ရေးဖို့ တိုင်ပင်တဲ့အခါ ပိုအဆင်ပြေနေတာတွေ့ရပါတယ်။ version 4 ရဲ့အခြား လုပ်ဆောင်ချက်တွေကိုတော့ မသုံးကြည့်ရသေးပါဘူး။
အားလုံးကျန်းမာ ချမ်းသာကြပါစေ။
@princekham
24th Nov 2023
Myanmar