အားလုံး မင်္ဂလာပါ။
ဒီနေ့ကျွန်တော် စဖတ်ဖြစ်တဲ့ စာအုပ်ကတေ့ာ စာရေးဆရာ JAMES CLEAR ရေးတဲ့ Atomic Habbit ပဲဖြစ်ပါတယ်။ ဒီစာအုပ်က တော့ ကျွန်တော်တို့ရဲ့ သေးငယ်တဲ့ အလေ့အကျင့်တွေက ကြီးမားတဲ့ ပြောင်းလဲ မှုတွေကို ဖြစ်စေနိုင်တယ်ဆိုတာကို ရေးသားထားတာပါ။ ဒီထဲက ကျွန်တော် ကြိုက်နှစ်သက်တဲ့ အပိုင်းလေးတွေကို ဖော်ပြရရင်
"We all deal with setbacks but in the long run, the quality of our lives often depends on the quality of our habits. With the same habits, you’ll end up with the same results. But with better habits, anything is possible."
- ကျွန်တော်တို့အားလုံးဟာ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနေကြတာပါ။ ဒါပေမယ့် ရေရှည်မှာတော့ ကျွန်တော်တို့ဘဝရဲ့ အရည်အသွေးဟာ ကျွန်တော်တို့ရဲ့ အလေ့အထ ဘယ်လောက်ကောင်းတယ်ဆိုတဲ့ အချက်အပေါ်မှာ မူတည်နေတတ်တယ်။ ကျွန်တော် တို့ရဲ့ လုပ်ရိုးလုပ်စဥ် အလေ့အကျင့်နဲ့ဆိုရင်တေ့ ရနေကျရလဒ်တွေကိုပဲ ရပါမယ်။ ဒါပေမယ့် ပိုမိုကောင်းမွန်တဲ့ အလေ့အကျင့်နဲ့ဆိုရင်တော့ ဖြစ်နိုင်ခြေက အကန့်အသတ်မရှိပါ။
"Maybe there are people who can achieve incredible success overnight. I don’t know any of them, and I’m certainly not one of them"
- နေချင့်ညချင်း မယုံကြနိုင်လောက်အောင် အောင်မြင်မှု ရသွားသူတွေ ရှိကောင်းရှိနိုင်ပေမယ့် အဲလိုလူတွေကို ကျွန်တော် မသိပါဘူး၊ ကျွန်တော်ကလဲ အဲလို လူတွေထဲက မဟုတ်ပါဘူး။
"Habits are the compound interest of selfimprovement. The same way that money multiplies through compound interest, the effects of your habits multiply as you repeat them."
- အလေ့ အကျင့်ဆိုတာ ကိုယ့်ကိုယ်တိုးတက်စေတဲ့ တိုးရင်းပေါင်း အတိုးငွေလိုပါပဲ။ ငွေကြေးဟာ တိုးရင်းပေါင်း အတိုးကနေတိုးပွားသလို အလေ့အကျင့် တွေရဲ့ အကျိုးဟာဆိုရင်လဲ ကိုယ်ခါထပ်ခါလုပ်ခြင်းကနေ နေးပွားနေတာပါ။
ကျွန်တော်တို့ အလေ့အကျင့်ကောင်း တစ်ခုကို စွဲစွဲမြဲမြဲမလုပ်ဖြစ်တာက အဲဒီအကျင့်ရဲ့ ရလဒ်ကို ချက်ချင်း မမြင်ရလို့ပဲ ဖြစ်တယ်လို့ဆိုပါတယ်။ အလေ့အကျင့်ကောင်းတွေရဲ့ ရလဒ်ကို အချိန်/လုပ်ဆောင်ချက် အတိုင်းအတာ တစ်ခုကို ကျော်ပြီးမှ ရရှိခံစားနိုင်ရတတ်တာလို့ ဆိုပါတယ်။ တစ်ခါတစ်လေ ကိုယ်က အလုပ်လုပ်နေပေမယ့် ဘယ်နေရာကို မှ မရောက်သလိုခံစားရတာမျိုးရှိတတ်ပါတယ်။ ဒါဟာ တိုးရင်းပေါင်း ဖြစ်စဥ် တစ်ခုရဲ့ သင်္ကေတ တစ်ခုဖြစ်ပါတယ်၊ အားကြီးတဲ့ ရလဒ်ကောင်းတွေဟာ နှောင့်နှေးတတ်တယ်လို့ စာရေးဆရာက ဆိုထားပါတယ်။
ပြီးတော့ စာရေးဆရာက ရည်မှန်းချက် ပန်းတိုင်နဲ့ စနစ်အကြောင်းကို ဘယ်လိုရေးထားသလဲဆိုတော့
"Goals are about the results you want to achieve. Systems are about the processes that lead to those results."
- ရည်မှန်းချက်ပန်းတိုင်တွေဆိုတာ သင်ရရှိခံစားချင်တဲ့ ရလဒ်တွေပါ။ စည်းစနစ်တွေကတော့ ဒီ ရလဒ်တွေဆီကို ဦးတည်ခေါ်ဆောင်သွားစေနိုင်တဲ့ ဖြစ်စဥ်တွေ ဖြစ်ပါတယ်။
ဒီမှာ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းကတော့ - ကျွန်တော်တို့ ပန်းတိုင်မထားပဲ စနစ်ကိုပဲ အာရုံစိုက်လုပ်ဆောင်ရင် ကျွန်တော်တို့ အောင်မြင်နိုင်သေးလား? ဥပမာ သင်က ဘက်စကစ်ဘော နည်းပြဖြစ်ပြီးတော့ အသင်း ဆုဖလားရရေးကို အာရုံမထားပဲ အသင်း နေ့စဥ် လေ့ကျင့်ချိန် လုပ်ဆောင်ချက်တွေကိုပဲ အာရုံစိုက် တယ်ဆိုပါစို့။
ဒီမှာ စာရေးဆရာက ဒီလို ပန်းတိုင်ကို အာရုံမထားပဲ စနစ်တိုးတက်ရေးကို အာရုံထားလုပ်ဆောင်တယ်ဆိုရင်လည်း ရည်မှန်းချက်ပန်းတိုင်ကို ပြည့်စေနိုင်တယ်လို့ ဆိုထားပါတယ်။
ဒါဆိုရင် ကျွန်တော်တို့ရဲ့ ပန်းတိုင်ဆိုတာက လုံးဝ အသုံးမဝင်တာမျိုးလား?
ဒါမျိုးလည်း မဟုတ်ပါဘူး၊ ပန်းတိုင်ဆိုတာ ကျွန်တော်တို့ရဲ့ ဦးတည်ချက် ကို ဖော်ပြပြီးတော့ စနစ်ကတော့ တိုးတက်မှုကို ဖြစ်စေတဲ့ အကောင်းဆုံး အရာတွေဖြစ်တယ်လို့ စာရေးဆရာက ဆိုထားပါတယ်။
နောက်ဆုံးအနေနဲ့ ကျွန်တော်ဖတ်မိတဲ့ အထိထဲက အကြောင်းအရာတွေကို ပြန်သုံးသပ်ရရင်
ကျွန်တော် တိုးတက်ပြောင်းလဲဖို့အတွက် အလေ့အကျင့်ကောင်းတွေကို မွေးမြူတတ်ရမယ်။ (အကျင့်ဟောင်းနဲ့ ဆိုရင် ရလဒ်ဟောင်းတွေကိုပဲရမယ်။)
ပြီးတော့ ကျွန်တော်တို့ ပန်းတိုင်ကို ရောက်ဖို့ဆိုရင်၊ ရည်မှန်းချက် ပန်းတိုင်ထားရုံတင်မဟုတ်ပဲ ပန်းတိုင်ကို ရောက်စေမယ့် နေ့စဥ် အလေ့အကျင့်/ စနစ် လေးတွေကို ဖော်ဆောင်လုပ်ကိုင်တတ်ရမယ် ဆိုတာတွေပါပဲ။
မိတ်ဆွေတို့ကော ဘာတွေရလိုက်လဲ။
နောက်လဲ ကိုယ်ဖတ်မိတဲ့အထဲက အကျိုးရှိစေနိုင်မယ်လို့ ထင်တဲ့ အရာလေးတွေကို ထုတ်နုတ်ဖော်ပြသွားပါမယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ။
ဒါကတော့ ကျွန်တော် ဒီ Atomic Habbits ဖတ်မိတဲ့ အထိထဲက ကျွန်တော်သဘောကျမိတဲ့ အချက်လေးတွေကို မျှဝေတာဖြစ်ပါတယ်။ မိတ်ဆွေတို့ အနေနဲ့ စိတ်ဝင်စားရင် အောက်ကလင့်ကနေ စာအုပ်ကို ဖတ်ရှုနိုင်ပါတယ်။
@princekham
9th June 2025
Myanmar
Reference:
The Atomic Habits (https://dn790007.ca.archive.org/0/items/atomic-habits-pdfdrive/Atomic%20habits%20%28%20PDFDrive%20%29.pdf)