ကိုဗစ်ကာလမှာ လူ အညောင်းမိသလို စိတ်လည်း အတော်လေးကို အညောင်းမိပါတယ်။ ကိုဗစ်ကြီးပြီးရင် ခရီးတွေထွက်မယ် လျှောက်လည်ကျမယ် ဟိုသွားမယ် ဒီသွားမယ်နဲ့ စိတ်ကူးထားပေမဲ့ ခုတလော တွေးဖြစ်တာက ကိုဗစ် အလွန်ကာလ တစ်ခုမှာ မျှော်လင့်ထားသလို ဖြစ်လာပါ့မလားပေါ့။ ဒါပေမဲ့ လူတွေဆိုတာက မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာမို့ ကိုဗစ်ကြီးပြီးရင် ဘာလုပ်မယ် ဘယ်သွားမယ် ဘာစားမယ် စသည်ဖြင့် မျှော်လင့်ချက်ထားတာဟာ ကောင်းတယ်လို့ တွေးမိပြန်ပါတယ်။
နောက်တစ်ချက်တွေးမိတာက ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကြား ငြိမ်သက်နေခဲ့တဲ့ မြန်မာပြည်မှာ ဒုတိယလှိုင်းအလွန် လူစုလူေ၀းတွေ များစွာကြောင့် ဒီ ဒဏ်ကို တတိယလှိုင်းမှာ ခံစားရပါပြီ။ ကိုဗစ် အတည်ပြု လူနာတွေကို ရန်ကုန် မန္တလေး မြို့ကြီးတွေအပြင် နယ်မြို့တွေမှာပါ တွေ့လာရပါပြီ။ နို၀င်ဘာလကုန်ပိုင်းလောက်ကနေ စလို့ ဒီဇင်ဘာလအထိ ကိုဗစ်လူနာတိုးနှုန်း များလာပါတယ်။ စား၀တ်နေရေးအတွက် မဖြစ်မနေ အပြင်ထွက် အလုပ်လုပ်သူတွေကို မပြောလိုပေမဲ့ အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ အပြင်ထွက်သူတွေအနေနဲ့ အနေအထိုင် ဆင်ခြင်သင့်တယ်လို့ တွေးမိပါတယ်။ ကိုယ့်ရဲ့ မဆင်ခြင်မှုကြောင့် ကျန်းမာရေး၀တ်ထမ်းတွေကို ၀န်မပိစေသင့်ပါဘူး။ အပြင်သွားရင်လည်း စနစ်တကျ mask ကိုတပ်ပြီး သွားသင့်သလို လက်သန့်ဆေးရည်ကိုလည်း ဆောင်သွားသင့်ပါတယ်။ တစ်ဦးတစ်ယောက်ထဲစည်းကမ်းလိုက်နာရုံနဲ့ မအောင်မြင်နိုင်ဘဲ လူထုတစ်ရပ်လုံးက မိမိကိုယ်ကို ဝိုင်း၀န်း တာ၀န်ယူမှ သာလျှင် ကိုဗစ်အလွန်ကာလတစ်ခုကို အိမ်မက်မက်နိုင်မည်ဖြစ်ကြောင်း အသိပေးရေးသားလိုက်ရပါသည်။
@suhlaing