ဒီနေ့တော့ NFTs အကြောင်းလေး ဆက်ပါမယ်။ ကျမလည်း သိချင်စိတ်ရှိတာနဲ့ ဆက်ပြီးလေ့လာဖြစ်ပါတယ်။ များများစားစားတော့ လေ့လာဖြစ်တာ မဟုတ်ဘဲ ကျမ သိရသလောက် လေ့လာဖြစ်သလောက်လေးကို မျှဝေပါ့မယ်။ အမှားပါသွားရင်လည်း စာရေးသူ ကျမ တာဝန်သာ ဖြစ်ပါတယ်။ NFTs အကြောင်း လေ့လာတော့မယ်ဆိုရင် အရင်ဆုံး NFTsတွေကို ရောင်းဝယ်ဖို့အတွက် Crypto Wallet တစ်ခု မရှိမဖြစ်လိုအပ်ပါတယ်။ Wallate တွေထဲက ကျမ အသုံးပြုဖို့ Account login လုပ်ထားတဲ့ Metamask အကြောင်းပြောချင်ပါတယ်။ အကောင့်ဖွင့်ပုံကတော့ ထူးထူးခြားခြား ခက်ခဲတာမျိုး မရှိတာမို့ မပြောပြတော့ပါဘူး။
အကြမ်းအားဖြင့်တော့ Matamask appကို Play Storeကနေ Dowmload ဆွဲမယ်။ App ထဲ ဝင်မယ်။ ကိုယ့်စိတ်ကြိုက် password ရိုက်ထည့်မယ်။ ပြီးရင် နံပါတ်စဥ် ၁ နေ ၁၂ အထိ ပေးထားတဲ့ စကားလုံးတွေကို စာရွက်မှာ ချရေးထားမယ် နောက်တစ်ဆင့်မှာ အဆင်လိုက်အတိုင်းပြန်ရွေးမယ်။ ဒါဆို အကောင့် ပွင့်သွားပါပြီ။ Passwordsတွေကိုတော့ သေချာမှတ်သားထားပါ။ ပြီးရင် သူက မျက်နှာ scamဖတ်ပါတယ်။ ဒါဆိုရင် အကောင့်ဖွင့်ဖို့ လုပ်ဆောင်တာ အောင်မြင်ပါပြီ။ အကောင့်ထဲ ရောက်ရင် ဒီလိုတွေ တွေ့ရပါမယ်။ Metamaskရဲ့ ကောင်းမွန်တဲ့ အချက်က Browser ကို တစ်ခါတည်း ထည့်ပေးထားပါတယ်။
Metamaskရဲ့ Browserကနေ Openseaကို တိုက်ရိုကိ အသုံးပြုနိုင်ပါတယ်။ Metamaskထဲ ရောက်ရင် ကိုယ့် walletနဲ့ Openseaကို ချိတ်ဆက်ရပါမယ်။ ဒါဆိုရင်တော့ ရောင်းလို့ ဝယ်လို့ ရပြီ ထင်ပါတယ်။ walletထဲမှာ Explore Collectionsတွေကို Trending, Top,Art,Collectibles, Domain Name, Music,Photography, Sports,Trading Cards,Utility,Virtual Worldsစသည်ဖြင့် သူ့ အပိုင်းလိုက်ခွဲခြားထားပါတယ်။ အဲ့ဒီထဲမှာ NFTsတွေကို ETHစျေးနှုန်းတွေနဲ့ တကွ ဖော်ပြထားပါတယ်။ ကျမလည်း Sell/Buy မလုပ်ဖူးသေးတော့ ဘယ်လို ကြုံရမလဲဆိုတာ မသိသေးပါဘူး။ နောက်ထပ်လေ့လာဖြစ်ရင် ထပ်ပြီးမျှဝေပေးပါအုံးမယ်။ အားလုံးကျန်းမာကြပါစေ။