မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီရက်ပတ် စာရေးဖို့ စိတ်ကို စုစည်းရတာ မလွယ်ပါဘူး။
စာကောင်းပေမွန် ရေးထွက်ဖို့တော့ အခက်သားပဲ။
Crypto and Finance အကြောင်း ရေးဖို့ ဗဟုသုတ မရှိသလို လေ့လာဖို့လည်း အချိန်ကောင်းကောင်း မပေးနိုင်ဘူး။
Blockchain Gaming တွေကလည်း Invest ရမှာတွေပဲမို့ အသစ်အသစ်တွေ ရှေ့ဆက်ဖို့ ခက်နေပါတယ်။
ဒါဆို ဘာက လွယ်သလဲ။
ပျင်းနေရင်တော့ ဘာမှ မလွယ်ပါဘူးလေ။
ကဲ ဒီနေ့တော့ တွေးရင်းတောရင်း ဟိုဟာ ရေးရမလို ဒီဟာတင်ရမလိုနဲ့ အလွယ်ဆုံးလေး ရေးတင်လိုက်ပါတယ်။
ပုံကတော့ အိမ်က မိန်းမ ရိုက်ယူထားတဲ့ ပန်းပုံလေးတွေပါပဲ။
စာက ဘာမှမဟုတ်လည်း ပန်းလေးတွေ ကြည့်ပြီး ကျေနပ်ကြပါနော်။
ပန်းကလည်း ထူးမလှဘူးလို့တော့ ပြောကြပါနဲ့ဗျ။
ဒီနေ့ ပျင်းတွေဝေနေလို့သာပါပဲ။
တင်အောင်စိုး