Hello everyone, have a nice day.
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
Seeing the beautiful scenery of nature is both a joy and a sorrow to see the destruction of nature. This week’s winning photo was taken during a visit to Hsipaw, northern Shan State, Myanmar. It is called Naung Kaw Gyi Lake. It is located in Hsipaw Township, Thibaw Township, hence the name Naung Kaw Gyi Lake. It is a peaceful and quiet place. The air blowing through the lake and the air blowing through the forests is clean and beneficial for health. I love traveling and I also love the beauty of nature. As nature is destroyed, we will face all kinds of problems. We are experiencing it now. We should protect nature and protect it.
သဘာဝရဲ့ လှပတဲ့ရှုခင်းတွေကို မြင်ရတာ ကြည်နူးစရာကောင်းသလို သဘာဝရဲ့ ပျက်စီးနေတဲ့ မြင်ကွင်းတွေက စိတ်မချမ်းသာဖြစ်ရတယ်။ ဒီတပတ်အတွက်ပြိုက်ပွဲဝင်ဓာတ်ပုံက မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို သွားရောက်ခဲ့စဉ်က ရိုက်ယူခဲ့တဲ့ပုံဖြစ်ပါတယ်။ နောင်ကော်ကြီးကန်လို့ ခေါ်ကြပါတယ်။ သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာမှာရှိလို့ နောင်ကော်ကြီးကန်လို့ ခေါ်ကြတယ်။ အေးချမ်းပြီး တိတ်ဆိတ်တဲ့ နေရာဖြစ်ပါတယ်။ ကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့လေ တောအုပ်တွေကိုဖြတ်သန်းတိုက်ခတ်လာတဲ့လေတွေက သန့်ရှင်းနေတဲ့အတွက် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ ကျွန်တော်က ခရီးသွားရတာသဘောကျနှစ်ခြိုက်သလို သဘာဝအလှတရားတွေကိုလည်း ချစ်မြတ်နိုးတယ်။ သဘာဝတရားတွေပျက်စီးလာတာနဲ့အမျှ ကျွန်တော်တို့ ဒုက္ခပေါင်းစုံကြုံကြရမှာပါ။ အခုလည်းတွေ့ကြုံနေကြရပါပြီ။ သဘာဝတရားတွေကို ကျွန်တော်တို့ ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်သင့်ပါတယ်။
The photo below is the contestant photo for this week's Around The World Challenge #5/6.
အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #5/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -