Hello everyone, have a nice day.
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
This week, I want to share with you two beautiful scenes and two sad scenes. The beautiful scene is the clouds and the blue sky, and the sad scene is the Mahiyangana Pagoda, which was destroyed by the powerful earthquake that struck on March 28. I am also sharing a photo of the Mahiyangana Pagoda that I took before the powerful earthquake. You can easily see how sad it is in the two photos. The Mahiyangana Pagoda is located in Nan-U Myothit Ward, Sagaing City, Sagaing Region. Now, the collapsed Mahiyangana Pagoda is being rebuilt.
ဒီတပတ်အတွက် သူငယ်ချင်းတို့ကို မျှဝေပေးချင်တာက လှပတဲ့မြင်ကွင်း နဲ့ အတူ စိတ်မကောင်းစရာ မြင်ကွင်း ၂ ခုပဲဖြစ်ပါတယ်။ လှပတဲ့မြင်ကွင်းကတော့ တိမ်တိုက်တွေနဲ့ မိုးကောင်းကင်ကြီးဖြစ်ပြီးတော့ စိတ်မကောင်းစရာမြင်ကွင်းကတော့ မတ်လ (၂၈)ရက်နေ့က လှုပ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားခဲ့ရတဲ့ မရှိခဏ (ခေါ်) မဟိယင်္ဂဏ စေတီတော်ကြီးပဲဖြစ်ပါတယ်။ အင်အားပြင်းငလျင်ကြီး မလှုပ်မီကကျွန်တော်ရိုက်ယူထားခဲ့တဲ့ မရှိခဏစေတီတော်ကြီးရဲ့ဓာတ်ပုံကိုလည်းဖော်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံ ၂ ပုံကို ကြည့်ရင် စိတ်မကောင်းစရာဖြစ်တယ်ဆိုတာ သူငယ်ချင်းတို့ အလွယ်တကူ မြင်နိုင်ပါတယ်။ မရှိခဏစေတီတော်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်ဦးမြို့သစ်ရပ်ကွက်မှာတည်ရှိပါတယ်။ ယခုအခါမှာတော့ ပြိုကျပျက်စီးသွားခဲ့တဲ့ မဟိယင်္ဂဏစေတီတော်ကို ပြန်လည်တည်ဆောက်နေပြီဖြစ်ပါတယ်။
The photo below is the contestant photo for this week's Around The World Challenge #10/6.
အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #10/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -