Hello everyone, have a nice day.
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
This week's Around The World Challenge photo I want to share with you is a photo I took of a lion statue at dusk. You can find lion statues in front of Buddhist pagodas. You can see (2) lion statues in front of most Buddhist pagodas. I live in Sagaing, a city that is a thriving Buddhist city, so whenever I take a photo, there are pagodas. I've been a bit busy lately, so I haven't been able to take any photos. So I'm sharing a photo I took a few months ago.
ဒီတပတ် Around The World Challenge အတွက် သူငယ်ချင်းတို့ကို မျှဝေပေးချင်တဲ့ဓာတ်ပုံကတော့ ခြင်္သေ့ရုပ်ကြီးနဲ့ ညနေဆည်းဆာအချိန်မှာ ရိုက်ယူခဲ့တဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။ ခြင်္သေ့ရုပ်ကြီးတွေကို ဗုဒ္ဓဘာသာဝင်များရဲ့ ဘုရားစေတီတွေရဲ့ရှေ့မှာ တွေ့နိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဘုရားစေတီ အများစုရဲ့ရှေ့မှာ ခြင်္သေ့ရုပ် (၂)ရုပ်ကို မြင်တွေ့ရတတ်ပါတယ်။ ကျွန်တော်နေထိုင်ရာ စစ်ကိုင်းမြို့က ဗုဒ္ဓဘာသာထွန်းကားတဲ့မြို့ဖြစ်တဲ့အတွက် ဓာတ်ပုံရိုက်တိုင်း ဘုရားစေတီတွေပါနေတတ်ပါတယ်။ အခုရက်ပိုင်းမှာ အလုပ်အနည်းငယ်ရှုပ်နေတဲ့အတွက် ဓာတ်ပုံမရိုက်နိုင်ဘူး။ ဒါကြောင့်လွန်ခဲ့တဲ့လအနည်းငယ်ကရိုက်ယူထားခဲ့တဲ့ဓာတ်ပုံကို မျှဝေပေးလိုက်ရပါတယ်။
The photo below is the contestant photo for this week's Around The World Challenge #8/6.
အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #8/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -