Hello everyone, have a nice day.
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
This week, the photo I want to share with you is of the Pone Ta Lote Lake in Pindaya, southern Shan State, eastern Myanmar. When I arrived at the Pone Ta Lote Lake, the sun had already disappeared behind the mountains. I took the photo with the remaining sunlight. Some of the houses in Pindaya were lit by electric lights. The smoke had not disappeared and had lingered for a long time. The mountains looked like a giant dragon lying in the dim light. The clouds in the sky were reflected in the Pone Ta Lote Lake. As I was walking along the lake and taking the photo, darkness came quickly. According to history, the Pone Ta Lote Lake was created by the Dragon King and used by the fairies to bathe in it. I don’t know if this is true or not. It is also said that not allowed to bathe in the Pone Ta Lote Lake, fishing in it, or build bridges in it.

ဒီတပတ်မှာ သူငယ်ချင်းတို့ကို မျှဝေပေးချင်တဲ့ ဓာတ်ပုံကတော့ မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့မှာရှိတဲ့ ပုန်းတလုတ်ရေကန်ရဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။ ပုန်းတလုတ်ရေကန်ကို ကျွန်တော်ရောက်တဲ့အချိန်မှာ နေမင်းကြီးက တောင်တန်းတွေရဲ့နောက်မှာ ပျောက်ကွယ်သွားခဲ့ပါပြီ။ ကျန်နေတဲ့ေနမင်းကြီးရဲ့ အလင်းရောင်နဲ့ ဓာတ်ပုံကိုရိုက်ယူခဲ့ခြင်းဖြစ်ပါတယ်။ ပင်းတယမြို့ရဲ့ အချို့အိမ်တွေကတော့ လျှပ်စစ်မီးတွေထွန်းထားကြပါပြီ။ မီးခိုးတွေက ပျောက်ကွယ်မသွားပဲ အောက်ခြေမှာ အချိန်ကြာမြင့်စွာတည်ရှိနေပါတယ်။ တောက်တောင်ကြီးတွေကတော့ မှိန်ပျပျအလင်းရောင်အောက်မှာ နဂါးကြီးတကောင်လှဲလျောင်းနေသလိုထင်ရပါတယ်။ ကောင်းကင်မှာရှိတဲ့ တိမ်တွေက ပုန်းတလုတ်ရေကန်အတွင်းမှာရောင်ပြန်ဟပ်ပြီးမြင်နေရပါတယ်။ ကန်နံဘေးမှာ လမ်းလျှောက်ရင်းဓာတ်ပုံရိုက်ယူနေတဲ့အချိန်မှာပဲ အမှောင်ထုလျင်မြန်စွာနဲ့ရောက်လာခဲ့ပါတယ်။ ပုန်းတလုတ်ရေကန်က နဂါးမင်းက ဖန်ဆင်းထားပြီး နတ်သမီးတွေ ရေချိုးကြတယ်လို့ သမိုင်းတွေထဲမှာရေးသားထားကြပါတယ်။ အမှန်တကယ် ဟုတ် မဟုတ်တော့ မသိပါဘူး။ ပုန်းတလုတ်ရေကန်ထဲကို ရေမချိုးရ၊ ငါးမမျှားရ၊ တံတားမဆောက်ရဘူးလို့လည်း သိရပါတယ်။
The photo below is the contestant photo for this week's Around The World Challenge #13/6.
အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #13/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -