Today, after the evening course, I went to Mawlamyine's famous waterfront. The time is around 6:00 p.m. Of course, this time is the most beautiful time on the beach. It is also the best time to see the beauty of the evening sun setting behind the mountains on the other side of the ThanLwin River.
ဒီနေ့တော့ ညနေခင်း သင်တန်းပြီးတာနဲ့ မော်လမြိုင်မြို့ရဲ့ နာမည်ကြီး ကမ်းနားလမ်း ဘက်ကို ရောက်ဖြစ်ခဲ့တယ်။ အချိန်ကလည်း ညနေ ၆နာရီ၀န်းကျင်။ ဒီအချိန်က ကမ်းနားလမ်း မှာ တော့ အလှဆုံး အချိန် ဆိုလည်း ဟုတ်ပါတယ်။ သံလွင်မြစ်တစ်ဖက်ကမ်းက တောင်တန်းတွေ နောက်ကို ၀င်သွားတဲ့ ညနေခင်း နေရဲ့ အလှကို ကြည့်ရှုဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်တယ်။
Watching the sun gradually sink to the other side of the river is not the same feeling as the sun seen in the morning. It's a different feeling when you touch something and say goodbye to something. Anyway, when I arrived, I took some photos while watching the sunset.
မြစ်ကမ်းရဲ့ တဖက်ကို တဖြည်းဖြည်းချင်း ၀င်သွားတဲ့ နေရောင်ကို ကြည့်ရတာက မနက်ပိုင်းမှာ တွေ့ရတဲ့ နေရောင်နဲ့တော့ ခံစားမှု ကမတူညီနေပါဘူး။ တစ်ခုခုကို ထိတွေ့ခံစားလိုက်ချိန်ရတာနဲ့ တစ်ခုခုကို နှုတ်ဆက်ရမယ့်အချိန်ရောက်တာ မတူညီတဲ့ ခံစားချက်မျိုးပါပဲ။ ဘာဖြစ်ဖြစ် ရောက်တဲ့အချိန်လေး နေဝင်တာ ကြည့်ရင်း ဓာတ်ပုံအချို့ ရိုက်ယူ ဖြစ်ခဲ့ပါတယ်။
ကျေးဇူးပါရှင့်။