မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီကနေ့တော့ Splinterlands ၏ MYCELIC SLIPSPAWN ပါဝင်သော Battle နှစ်ပွဲကို မျှဝေချင်ပါတယ်။
ကျွန်တော်၏ Splinterlands Playable Cards ထဲမှ MYCELIC SLIPSPAWN သည် Mana Cap 9, Magic Attack 2, Speed 2, Health 10 and Ability Taunt ပါဝင်သော Level 1 Earth Monster Rare card ဖြစ်ပါသည်။
Mana Cap 9 ကုန်ကျသောကြောင့် MYCELIC SLIPSPAWN ကို Mana Cap များများ ရရှိသော Battle ၌သာ အသုံးပြု ကစားသင့်ပါသည်။
Taunt Ability သည် ၎င်း၏ Monster မကျဆုံးသေးသ၍ Enemy Team ၏ ရှေ့ဆုံး Monster ကလွဲ၍ ၎င်းကိုသာ တိုက်ခိုက်ကြမည် ဖြစ်သောကြောင့် MYCELIC SLIPSPAWN ကို Team ၏ ရှေ့ဆုံးနေရာ နှင့် နောက်ဆုံးနေရာမှာသာ ထားသင့်ပါသည်။
အောက်ပါ Battle Video ကို ကြည့်ပါ။
ကျွန်တော်သည် OBSIDIAN ကို Summoner အဖြစ် ထားပြီး MYCELIC SLIPSPAWN ကို Team ၏ ရှေ့ဆုံးနေရာ၌ ထားကာ သူ့နောက်မှာ Tank Heal Ability ပါဝင်သော GOBLIN PSYCHIC ကို နေရာချထားပါသည်။
ထို့ကြောင့် MYCELIC SLIPSPAWN သည် Magic Attack 3 ဖြင့် တိုက်ခိုက်နိုင်ကာ Tank Heal Ability ၏ ထောက်ပံ့မှုဖြင့် Round 4 ထိ ခုခံနိုင်ခဲ့ပါသည်။
သာမန်အားဖြင့် MYCELIC SLIPSPAWN သည် Taunt Ability ပါဝင်သောကြောင့် သူ့ကို Enemy Team မှ ဝိုင်းဝန်း၍ တိုက်ခိုက်ခံရသည် ဖြစ်ရာ ကြာရှည် ခံနိုင်ရည်မရှိပါ။
ဒုတိယ Battle Video ကို ကြည့်ပါ။
MYCELIC SLIPSPAWN ကို Team ၏ အလယ်နေရာ၌ ထားသောကြောင့် Round 1 မှာတင်ပဲ ကျဆုံးခဲ့ပါသည်။
သို့ဖြစ်၍ ကျွန်တော်သည် Battle တိုက်ရာ၌ များသောအားဖြင့် MYCELIC SLIPSPAWN ကို အသုံးပြုမှု မရှိပါ။
အကယ်၍ Mana Cap များစွာ ရရှိသော Battle ၌ MYCELIC SLIPSPAWN ကို အသုံးပြုမည်ဆိုလျှင် Team ၏ ရှေ့ဆုံး သို့မဟုတ် နောက်ဆုံးနေရာ၌သာ ထားသင့်ကြောင်း မျှဝေပေးလိုက်ရပါတယ်။
သင်သည် ယခုမှ စတင်၍ Splinterlands Game ကို ကစားမည်ဆြိပါလျှင် ကျွန်တော်၏ Referral Link ကို အသုံးပြုနိုင်ပါသည်။
တိုက်ပွဲရှိမှ အောင်ပွဲရမည်။
တင်အောင်စိုး