Hello Dear,
Have a healthy day!
This post can be read by English in this post.
မင်္ဂလာပါ။
မြန်မာတို့၏ နွေဦးတော်လှန်ရေးက ဆက်လက်ချီတက်နေဆဲပါ။
ယခုတစ်ပတ်အတွင်း National Unity Government မှ အောင်လံလွှင်ချီ နွေဦးထီ အမည်ဖြင့် E-Lottery စတင် ရောင်းချနေပါတယ်။
ထီရောင်းချရငွေ မှ ၇၀ % ကို Civil Disobedience Movement တွင် ပါဝင်သူ နိုင်ငံ့ဝန်ထမ်းများကို လစာ အဖြစ် ပေးအပ်မည် ဖြစ်ပြီး ၃၀ % ကို ထီဆုငွေ အဖြစ် ပြန်လည် ချီးမြှင့်မည် ဖြစ်ပါသည်။
ယခု ထီစတင်ရောင်းချခဲ့တာ ၃ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
ကျွန်တော်လည်း Online မှတဆင့် ထီဝယ်ယူရန် ကြိုးစားနေသော်လည်း ယခုထိ မအောင်မြင်သေးပါ။
E-Lottery စနစ်ဖြင့် ရောင်းချနေသော်လည်း အကြမ်းဖက်စစ်တပ်၏ နှောက်ယှက် ရန်ပြုခြင်းမှ ကင်းလွတ်စေရန် ဆောင်ရွက်နေရသည် ဖြစ်သောကြောင့် အချိန်ပြည့် ထီအရောင်း website ကို ဖွင့်မထားနိုင်သေးပါ။
သို့သော် မြန်မာပြည်သူတွေကတော့ NUG အစိုးရ ရန်ပုံငွေ ရရှိစေရန် ကြိုးစား အားပေးကြသောကြောင့် NUG ၏ E-Lottery မှာ အောင်မြင်သည်ဟု ဆိုရပါမည်။
နောက်တစ်ခုမှာ CRPH - OFP Fundraising Program မှ ယုံကြည်ရာခြေတစ်လှမ်း တော်လှန်ရေးအတွက် $5 Millions အစီအစဉ်ကို လုပ်ဆောင်နေပါသည်။
၎င်းအစီအစဉ်မှာ NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန သို့မဟုတ် People Defense Force (PDF) အတွက် ရန်ပုံငွေ ရှာယူခြင်း ဖြစ်မည် ထင်ပါသည်။
ထိုအစီအစဉ်ကို အောက်ပါ link မှာ ဝင်ရောက် လေ့လာနိုင်ပါသည်။
https://www.facebook.com/101176172128315/posts/160951616150770/
ဒီအစီအစဉ်ကိုတော့ ကျွန်တော် ပါဝင်အားဖြည့်နိုင်ခဲ့ပါသည်။ အောက်ပါ ပုံလေးကတော့ ကျွန်တော်၏ Raffle Ticket ပုံ ဖြစ်ပါတယ်။
အထက်ပါ အစီအစဉ်မှာ ပါဝင်အားဖြည့်သူများကို အမှတ်တရပစ္စည်း ကံစမ်းမဲ ဖောက်ပေးမည် ဖြစ်သောကြောင့် CRPH - OFP Fundraising Program မှ Raffle Ticket များကို ပေးအပ်ပါသည်။
သို့ဖြစ်၍ ဒီက မိတ်ဆွေတို့လည်း ပါဝင်ကူညီနိုင်ကြောင်း ဤ Post ကို မျှဝေရခြင်း ဖြစ်ပါသည်။
CRPH - OFP Fundraising Program အကြောင်း သိရှိလိုလျှင် အောက်ပါ link မှ Facebook page သို့ ဝင်ရောက် လေ့လာနိုင်ပါသည်။
https://www.facebook.com/crph.ofp.official/
အကူအညီပေးလိုပါက အောက်ပါ link ထဲမှ အကူအညီပေးရန် လိပ်စာများသို့ ဆက်သွယ် ကူညီနိုင်ပါသည်။
https://www.facebook.com/101176172128315/posts/160951616150770/
အားလုံးကို ကျေးဇူးတင်ပါသည်။
#E_Lottery
#5MillionsChallenge
#WeSupportNUG
#AcceptNUG_RejectMilitary
#WeNeedFederealDemocracy