ဂိုးတိုင်များ မထားရှိပါဘဲ ဘောလုံး ကစားနေခြင်းသည် အနိုင်၊ အရှုံး ကွဲပြားလိမ့်မည် မဟုတ်ပေ။
ဖြစ်နိုင်ခြေ နှင့် တိကျမှု မရှိသော ပန်းတိုင် ချမှတ်ခြင်းသည် စိတ်ကူးယဉ်နေခြင်းမျှသာ ဖြစ်နိုင်သည်။
အတိတ်မှ သင်၏ အတွေ့အကြုံဆိုးများကြောင့် သင်၏ အနာဂတ် အိပ်မက်ကို မပျက်စီးပါစေနဲ့။
ဤတွင် ကျွန်တော်၏ စားဝတ်နေရေး အတွက် အလုပ်အကိုင်ကို ပဏာမ ပြောပြပါရစေ။
ကျွန်တော်သည် ကျေးရွာတစ်ရွာ၌ ဆေးဆိုင်လေး ဖွင့်ထားသော ဆိုင်ရှင်တစ်ဦး ဖြစ်ပါသည်။
ကျွန်တော်၏ ဆေးဆိုင်မှာ အရောင်းဝန်ထမ်းသည်လည်း ကျွန်တော်သာ ဖြစ်ပါတယ်။
ကျွန်တော်၏ ဝင်ငွေမှာ လစဉ် မြန်မာငွေ ကျပ် နှစ်သိန်း နှင့် အထက် ဖြစ်သောကြောင့် USD အားဖြင့် $200 နီးပါး ရှိပါမည်။
ကျွန်တော့်မှာ ဇနီး နှင့် သားတစ်ယောက် ရှိပါတယ်။
ကျွန်တော့်ဇနီးသည် အစိုးရ အငယ်တန်းစာရေးဝန်ထမ်း ဖြစ်သောကြောင့် သူမမှာလည်း ကိုယ်ပိုင် ဝင်ငွေ ရှိပါတယ်။
ယခု လောလောဆယ်၌ ကျွန်တော်တို့ မိသားစုမှာ အလုပ်အကိုင်ကြောင့် အတူတကွ မနေထိုင်နိုင်ကြသော အခြေခံလူတန်းစားများသာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မိသားစု ဝင်ငွေသည် စားဝတ်နေရေး ပြေလည်ပြီး အနည်းငယ် ပိုပါသည်။ ထို့ကြောင့် အနာဂတ် အတွက် ငွေစုနေကြပါသည်။
2020 ခုနှစ်သည် Covid-19 ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးနီးပါး ကပ်ဘေးဒဏ် ခံကြရကာ ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း အပါအဝင် ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်၏ ဝင်ငွေသည်လည်း 2019 လောက် မကောင်းခဲ့ပါ။
၎င်းအဆိုးများထဲမှ အကောင်းတစ်ခုကို ဖော်ပြရပါလျှင် LeoFinance and HIVE Decentralised Blockchain ကို ကျွန်တော် တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။
ကျွန်တော်သည် LeoFinance and HIVE Blockchain မှ ရရှိသော Crypto Assets များကို လတ်တလော စားဝတ်နေရေး အတွက် အသုံးပြုမည် မဟုတ်ပါ။
LeoFinance and HIVE Blockchain ပေါ်တွင် ကျွန်တော်၏ လုပ်ဆောင်ချက်များသည် အနာဂတ် ငွေရေးကြေးရေး ရည်မှန်းချက် အတွက်သာ ဖြစ်ပါသည်။
သို့ဖြစ်၍ ကျွန်တော်၏ Financial Goals for Year 2021 ကို LEO and HIVE ရည်မှန်းချက်များ အဖြစ် ဦးစားပေး တင်ပြပါမည်။
အောက်မှာ Theycallmedan ၏ အမေး လေးချက်ကို ဖြေဆိုရင်း ကျွန်တော်၏ FinancialGoals2021 ကို ချပြသွားပါမယ်။
Which is going to be your investment strategy for 2021?
သာမန်လူတန်းစားတစ်ယောက် အနေဖြင့် ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာ ကြီးကြီးမားမား မရှိခဲ့ပါဘူး။
နေ့စဉ် ရရှိတဲ့ ဝင်ငွေများမှ အသုံးစရိတ်ကို ချန်ကာ ပိုငွေကို နေ့စဉ် စုဆောင်းခြင်းမျှသာ ဖြစ်ပါတယ်။
၎င်းစုဆောင်းငွေများ များပြားလာသောအခါ ကိုယ်ပိုင်လုပ်ငန်းကို တိုးချဲ့ရန်သာ ဖြစ်ပါတယ်။
ဤတွင် ချမ်းသာမည့်သူ နှင့် ဆင်းရဲမည့်သူ ကို အကြမ်းဖျဉ်း ခွဲခြားပြချင်ပါတယ်။
ဝင်ငွေသည် အသုံးစရိတ်ထွက်ငွေထက် များလျှင် ချမ်းသာလာမည် ဖြစ်ပြီး၊ အသုံးစရိတ်ထွက်ငွေသည် ဝင်ငွေထက် များနေလျှင် ဆင်းရဲမည်သာ ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်၏ Investment Strategy သည် ဝင်ငွေသည် အသုံးစရိတ်ထွက်ငွေထက် များနေဖို့ပင် ဖြစ်သည်။
Do you have any specific assets that you want to invest in?
ကျွန်တော် ရင်းနှီးမြှုပ်နှံချင်တဲ့ လုပ်ငန်း နှင့် Blockchain တော့ ရှိပါတယ်။
ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်လုပ်ငန်းတစ်ခု နှင့် HIVE Decentralised Blockchain ပါ။
HIVE Blockchain မှာ ကျွန်တော်၏ ပိုင်ဆိုင်မှုများကို ရင်းနှီးမြှုပ်နှံပြီး ကျွန်တော်တို့ မြန်မာလူငယ်တွေ အတွက် ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ချင်ပါတယ်။
သို့သော် ကျွန်တော့်မှာ ပိုင်ဆိုင်မှု များများ ရင်းနှီးမြှုပ်နှံရန် ငွေကြေးအမြောက်အများ ယခုလတ်တလော မရှိသေးပါ။
Do you have any specific assets that you want to invest in?
ကျွန်တော်သည် ယခင်က Real estate and Stocks များကို အနည်းငယ် ကြားသိဖူးရုံဖြင့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ချင်စိတ် ဖြစ်ခဲ့ဖူးပါတယ်။
သို့သော် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတတ်မှု နောက်ကျခြင်း နှင့် ကျွန်တော့်မှာ ရင်းနှီးမြှုပ်နှံရန် ငွေကြေး၊ အိမ်ခြံမြေ နှင့် ကျွမ်းကျင်မှု မရှိသောကြောင့် မလုပ်နိုင်ခဲ့ပါ။
လူသုံးကုန်များတွင်မှ စားသောက်ကုန် လုပ်ငန်းကို ပိုကြိုက်နှစ်သက်ပါသည်။
ယခုသော်ကား ငွေကြေး ဆင့်ကဲဖြစ်စဉ် နှင့် နည်းပညာတိုးတတ်မှု ရေစီးကြောင်းအရ ကျွန်တော်သည် Crypto ကို ရင်နှီးမြှုပ်နှံရန် အကြိုက်ဆုံး ဖြစ်နေပါသည်။
အဘယ်ကြောင့်ဆိုသော် Crypto ၌ ရင်းနှီးမြှုပ်နှံခြင်းသည် အချိန်မရွေး၊ နေရာမရွေး လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။
ယခုလည်း ကျွန်တော်၏ အားလပ်ချိန်များကို Crypto ၌ ရင်းနှီးမြှုပ်နှံနေပါသည်။
Do you have any specific assets that you want to invest in?
ကဲ ဒီတော့ Crypto အကြောင်းပဲ ပြောပါတော့မယ်။
LEO And HIVE အကြောင်းပဲပေါ့။
ဟုတ်ကဲ့၊ ကျွန်တော်မှာ LEO and HIVE မှာ 2021 အတွက် ငွေကြေးရည်မှန်းချက် ရှိခဲ့ပါတယ်။
၎င်းရည်မှန်းချက်များကို Happy New Year Speech And Goal Post မှာ အကျဉ်းမျှ ချမှတ်ခဲ့ပါတယ်။
ကျွန်တော်၏ FinancialGoals2021 သည်
2021 နှစ်ကုန်၌ ကျွန်တော်၏ Walletများထဲတွင် LEO Power 5000 နှင့် HIVE Power 5000 ရှိနေရမည်။
Specific (S) - LEO Power 5000 and HIVE Power 5000
Measureable (M) - LP 5000 နှင့် HP 5000 သည် တိုင်းတာ၍ ရသော ပမာဏ ဖြစ်သည်။
Achievable (A) - ကျွန်တော့်မှာ LeoFinance and HIVE Blockchain ပေါ်၌ နှစ်လကျော် ဖြတ်သန်းခဲ့သော အတွေ့အကြုံ ရှိသည်။
ထိုနှစ်လကျော် အတွင်း၌ ကျွန်တော်သည် LEO 620 နှင့် HIVE 250 ရရှိခဲ့သည်။
ယခု ကျွန်တော်၏ Walletများထဲ၌ LEO Power 1000 ကျော် နှင့် HIVE Power 1000 ကျော် ရှိနေပါပြီ။
သို့ဖြစ်၍ တစ်လလျှင် LEO 330 နှင့် HIVE 330 ရရှိပါလျှင် နောက် ၁၂ လ အကုန်၌ ကျွန်တော်၏ ရည်မှန်းချက်မှာ ရရှိနိုင်သော ပမာဏ ဖြစ်သည်။
Realistic (R) - ကျွန်တော်၏ ယခုရည်မှန်းချက်သည် ယုတ္တကျကျ စစ်မှန်ပါသည်။
Time (T) - 2021 နှစ်ကုန်ရက် ဟု အတိအကျ ချမှတ်ထားသော အချိန်ကန့်သတ်ချက်ပါသော ရည်မှန်းချက် ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်၏ FinancialGoals2021 မှာ အောင်မြင်မှာ သေချာပါသည်။
ကျွန်တော်၏ ရည်မှန်းချက် အောင်မြင်စေရန် လုပ်ဆောင်မည့် အချက်များမှာ
• HIVE Blockchain ပေါ်၌ နေ့စဉ် Blog ကို ကောင်းမွန်စွာ ရေးတင်ရမည်။
• ထို Blog များသည် Crypto and Finance အကြောင်း လစဉ် 20 Posts ကျော် ပါဝင်ရမည်။
• Communities များစွာ၌ ဝင်ရောက်ရန် ကြိုးစားရမည်။
HIVE Users အချင်းချင်း ရိုသေလေးစားမှု၊ ရင်းနှီးခင်မင်မှု တိုးပွားအောင် ဆောင်ရွက်ရမည်။
• သို့အတွက် တစ်လလျှင် မိတ်ဆွေများ၏ Post များကို ဖတ်၍ Comments 300 လုပ်ဆောင်နိုင်ရမည်။
• ရရှိသော Rewards များကို Trade ခြင်း နှင့် Stake ခြင်း နှစ်ခုအား သင့်တော်သလို ဆောင်ရွက်သွားမည်။
ကျွန်တော်သည် Crypto MarketCap အကြောင်း ကျွမ်းကျင်မှု မရှိသောကြောင့် LEO and HIVE ဈေးနှုန်းကို တိကျစွာ မခန့်မှန်းနိုင်ပါ။
LEO သည် တဖြည်းဖြည်း ဈေးတက်လာက ၂၀၂၁ နှစ်ကုန်ခါနီး၌ USD 1$ ရောက်လိမ့်မည်ဟု ယူဆမိပါတယ်။
HIVE ဈေးနှုန်းကိုတော့ USD 50 cent ခန့်မှန်းလိုက်ပါတယ်။
This post was written by Burmese Language of #FinancialGoals2021 Initiative : My Goal Setting .
ကျေးဇူးတင်ပါတယ်။
တင်အောင်စိုး