Hey there my all friends....
Good Night ... Sweet Dream!
ကဲ ဒီညမှာ ကျွန်တော်၏ Honey Hunters Community Page ကနေ Post တင်လိုက်ပြီ။ ဒီကနေ မတင်တာလည်း
အတော်ကြာနေပြီ။ Point တွေ ရအောင် Ecency
ကနေပဲ တင်နေတာ များနာကိုး။
မနက်က ပို့စ်တစ်ခု တင်ခဲ့ပြီးပြီ။ ခုညမှ ဘာထပ်အရူးထတာလဲ။
ပြောရဦးမယ်ဗျာ။
Online ပေါ်မှာ ဖုန်းလေးသုံပြီး ဝင်ငွေ ရှာခဲ့တာ
သုံးနှစ်နီးပါး ကြာခဲ့ပြီ ထင်ပါ့။
Steemit မှာ စခဲ့တာ ။ အဲ့တုန်းကဆို Steem တွေ
မြန်မာငွေ ၄ သိန်းဖိုးလောက် ဝယ်ထည့်ချဲ့သးတာ။
အရင်းအနှီးပေါ့ ဖုန်းဘေကုန်တာလည်း မနည်းလှဘူး။
အဲဒီလို ရှာကြံခဲ့တာ ကံကောင်းတယ်ပဲ ပြောရမယ်။
HIVE ခွဲထွက်လာခဲ့တာ အပိုဆုတွေ ရခဲ့တာပေါ့။
Steem 2500 လောက် SP စုမိရာက HIVE 2500
HP ရခဲ့တယ်လေ။
ဈေးတတ်တုန်း ရောင်းမစားခဲ့ပါဘူး။ ရေရှည်အကျိုး
မျှော်ကိုးထားတာကိုး။
ဒီနှစ်တော့ ကိုဗစ်နဲ့ အလုပ်နားလိုက်တာ အသုံးငွေ
လိုလာပြီဗျာ။
အခြားတော့ မဟုတ်ပါဘူး။ မိန်းမ အတွက် ဖုန်းတစ်လုံးရယ်
သားသား ဇိမ်ရှိဖို့ Aircon တစ်လုံး လောက် လိုချင်မိတာပါ။
ဒါနဲ့ပဲ ဆိုပါတော့ Steemit က မဟန်သလို ရှိလေတော့
SP တွေ Down ရတော့တာပါပဲ။
အဲဒီကနေ Binance ပို့ ဟိုလုပ် ဒီလုပ်နဲ့ စုထားရာက
ခုတော့ ထုတ်ပြီဗျာ။
မြန်မာငွေ ဖော်ပေးသူက @honeysara မဂီပါ။
သူမဆီက မြန်မာငွေ ၃-၄ ကြိမ် ထုတ်ရောင်းတာ
အားလုံးပေါင်းရင် ၉ သိန်းကျော်လောက် ရှိမယ်ဗျ။
ကျေးဇူးပါ မဂီ။
တတ်နိုင်ဘူးလေဗျာ Online မှာ မျက်စိနာ လက်ညောင်း
ခဲ့ရလေသမျှ သားမယား အတွက် ပြင်ဆင်ရတော့တာပါပဲ။
ကဲ ဘော်ဒါတို့ကော ဘယ်လိုလဲ?