Hello everyone, have a good day 😊
အားလုံးပဲ မင်္ဂလာပါ။ ကောင်းသောနေ့လေးပါ။
Last month, I went to visit relatives in Mangye-tsang and visited the monastery. I saw medicinal plants such as Tha Mone and Hta Hnaung trees in the monastery grounds. I took some photos while looking around the monastery grounds. I also saw trees that I don’t see in the city. The monastery grounds are large, so I didn’t go to all the places. It’s a bit far from the village, so the surroundings are quiet. I stayed for about 30 minutes before leaving the monastery.
လွန်ခဲ့တဲ့လက ဆွေမျိုးများရှိရာ မန်ကျီးစဉ်ဘက်ကို သွားရင်းနဲ့ ဘုန်းတော်ကြီးကျောင်းကိုလည်း ဝင်ခဲ့တယ်။ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှာ ဆေးဖက်ဝင် သမုန်းပင်၊ ထနောင်းပင်တွေကိုတွေ့ရတယ်။ ဘုန်းကြီးကျောင်းဝန်းအတွင်း လှည့်ကြည့်ရင်းနဲ့ ဓာတ်ပုံအချို့ကိုလည်းရိုက်ယူခဲ့လိုက်တယ်။ မြို့အတွင်းမှာ မတွေ့ရတော့တဲ့ သစ်ပင်တွေကိုလည်းတွေ့ရတယ်။ ဘုန်းတော်ကြီးကျောင်းဝန်းက ကျယ်တဲ့အတွက် နေရာအနှံ့ကိုတော့မရောက်ခဲ့တော့ပါဘူး။ ရွာနဲ့အနည်းငယ်ဝေးတဲ့အတွက် ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေပါတယ်။ မိနစ် ၃၀ လောက်နေပြီး ဘုန်းတော်ကြီးကျောင်းကနေပြန်ထွက်လာခဲ့တယ်။
The photo below is my entry photo for this week's SMASh Contest Round 377
SMASh Contest Round 377 အတွက် ကျွန်တော်ရဲ့ပြိုင်ပွဲဝင် ဓာတ်ပုံကို အောက်မှာ ဖော်ပြထားပါတယ်။
Thank you all.
အားလုံးကို ကျေးဇူးတင်ပါတယ်။