Hello MOON lovers
Nice to meet you all. How about today? I wish you everything fine. This is 20 th post about my activity on pizza MOON.
Long time no upload about MOON, so today let's talk about MOON. Today I upgrade Ore Extractor from Level 17 to 18 and Silicon Refinery from Level 16 to 17. I can build Interceptor but I need to wait because the upgrade of two resources buildings. After upgraded these two buildings I will start to build Interceptor. As you know I want to prepare solid Defense System.
There are now 408 players at MOON and my position is 158. See you next post and thank you so much for reading till the end. Have a nice time at MOON and HIVE.
MOON Game အကြောင်း မပြောဖြစ်တာတောင် ကြာပေါ့။ မပြောဖြစ်ဆို ဘောလုံးအကြောင်းဘက် ရောက်သွားလို့ပါ။ England women အသင်း EURO မှာ ဗိုလ်စွဲတာရယ်၊ EPL ပြန်စတော့မှာမို့ FPL ကစားဖို့ အသင်း လူဝယ်၊ လူရွေး ဖြစ်တဲ့အကြောင်းတွေ ဦးစားပေး ရေးဖြစ်နေလို့ ဒီရက်ထဲ ဂိမ်းပိုစ့် မတင် ဖြစ်တာပါ။ ဂိမ်းပိုစ့် မတင် ဖြစ်ပေမယ့်လည်း ဂိမ်းထဲတော့ နေ့စဉ်ဝင်ပြီး upgrade လုပ်ဖြစ်ပါတယ်။
Season 1 ကတော့ ပြီးသွားခဲ့တာ ကြာပါပြီ။ ခုက Season 2 လား၊ ဒါမှ မဟုတ် ဘာလဲပေါ့။ ဘာလို့ဆို ခုထိလည်း Season 2 reward announcement မတွေ့ရသေးလို့ပါ။ Hive platform ပေါ်က ဂိမ်းအများစုဟာ တပတ်ကို season တခုအဖြစ် သွားကြ၊ ထားကြလေ့ ရှိပါတယ်။ ခု MOON ကတော့ ဘယ်လိုလဲ တိတိကျကျ မသိရသေးပါဘူး။ သူတို့ရဲ့ Discord တော့ သွား join ထားလိုက်ပါတယ်။ လာရှာဖတ်ရင်း မေးမြန်းလို့ရအောင်ပါ။
ဂိမ်းက ကစားသာ ကစားနေရတယ် reward ရယ်လို့ ပြစရာ မရှိနေသေးပါဘူး။ ဂိမ်းအကြောင်း ပိုစ့်တင်လို့ရတယ် ဆိုတာလောက်ပဲ ရှိပါသေးတယ်။ ဂိမ်းပိုစ့်ကို သီးသန့် vote support ပေးလား ဆိုတော့လည်း ခုထိတော့ မပေးသေးပေ။ တခါတလေ ပိုစ့်မှာ hive.pizza ရဲ့ vote ကို တွေ့ရလေ့ ရှိပါတယ်။ အဲ့တာက ဂိမ်းကြောင့် vote လာပေးတာ မဟုတ်ပါဘူး။ PIZZA stake လုပ်ထားလို့ vote ပေးတာပါ။
ဘာရယ် မဟုတ်ပေမယ့် MOON အနေနဲ့ ဂိမ်းပိုစ့်လေးတွေကို support ပေးရင် ကောင်းမှာပဲ။ Rising Star တို့လိုမျိုးပေါ့။ ခု မပေးသေးပေမယ့် တချိန်တော့ ပေးလာတန်ကောင်းပါရဲ့ဆိုပြီး ရေးနေရတာပါပဲလေ။