(၁) ပရိုဖိုင် အတုနဲ့ အကောင့် မဖွင့်ရ။
(၂) သူများကို အမြင်ကပ်ရင်လည်း ရီပို့မထုရ။
(၃) မဆဲရ။ ကိုယ့်ကိုဆဲရင်လည်း ပြန်မဆဲရ။
(၄) မတော်တလျော် ပုံတွေ မတင်ရ။
(၅) ဖတ်ရန် မသင့်တော်တဲ့ ပေါက်ကရ ပို့စ်တွေမှာ ကွန်မန့် ဝင်မရေးရ။
(၆) အမြင်မတူရင်လည်း Block မလုပ်ရ။
(၇) ကိုယ်ပို့စ်ကို မနိုင်လို့ ထွက်ပြေးတဲ့ ခပ်ညံ့ညံ့လူစားမျိုး မလုပ်ရ။
(၈) အရှက်ရတဲ့ လူကို မလှောင်ပြောင်ရ။
(၉) မင်းငါ့လောက် မသိရင် တက်မလာနဲ့ ဆိုတဲ့ လူစားထဲမှာလည်း မပါရ။
(၁၀) ရေးချင်ရာရေးမယ်၊ ဖတ်ချင်မှဖတ် ဆိုတဲ့ လူစားထဲမှာလည်း မပါရ။
(၁၁) ပရိုဖိုင်း အမှန်တင်ပါ။ အတ္ထုပ္ပတ္တိ အမှန်တင်ပါ။
(၁၂) စာရေးတာ ဝါသနာပါရင် ဂရုတွေထဲမှာ စာရေးပါ။
(၁၃) ဒါပေမယ့် အစွန်းရောက်တဲ့ အမြင်နဲ့ စာတွေ မရေးရ။
(၁၄) မတင်သင့်တဲ့ ပို့စ်တွေ ရေးမိရင်လည်း ဖျက်သင့်ရင် ပြန်ဖျက်ပါ။
(၁၅) စကားလာပြောသူတွေကို တတ်နိုင်သလောက် ပြန်ပြောပါ။
(၁၆) ဆွေးနွေးတာ ဝါသနာထုံပါ။
(၁၇) ဝေဖန်မှုတွေကို စောင့်မျှော်ပါ။
(၁၈) အသိသစ် အမြင်သစ်တွေကို လိုလားပါ။
(၁၉) ရန်သူမထားပါနဲ့။ ရန်လာလုပ်သူကို မိတ်ဖွဲ့ပါ။
(၂၀) လိုလိုလားလား မိတ်ဖွဲ့ရင်း ကိုယ်ရော သူရော အသိတိုး ပါစေ။
■(အထက်ပါ အချက်များကို သေချာ လိုက်နာရင် ဖေ့စ်ဘုတ် လော့ခ်မကျဘဲ လုံခြုံရေး အလိုလို မြှင့်တင်ပြီး ဖြစ်နေပါလိမ့်မယ်။)
မူရင်း~credit.
ပြန်လည်မျှဝေသူ ➡Hnnine Htet Wint Kyaw