1ခေတ်ကာလတိုးတက်လာတာနဲ့ အမျှ ဓာတ်ဆီ၊ ဒီဇယ် အသုံးပြုပြီး ယာဉ်တွေကို မောင်းနှင်ရာကနေ လျှပ်စစ်စွမ်းအင်အသုံးပြုပြီး မောင်းနှင်တဲ့အထိ ပြောင်းလဲ အသုံးပြုလာခဲ့ကြပါတယ်။
2နည်းပညာထွန်းကားတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လျှပ်စစ်စွမ်းအင်သုံးကားတွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပြီဖြစ်သလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ အသုံးပြုမှုနည်းပါးပါသေးတယ်။
3 လျှပ်စစ်မော်တော်ယာဉ်တွေကို electric drive vehicle လို့ခေါ်ကြပါတယ်။
လျှပ်စစ်မော်တာ တစ်ခု (ဒါမှမဟုတ်) တစ်ခုထက်ပိုတဲ့မော်တာတွေကို အသုံးပြုပြီး မောင်းနှင်ကြတာဖြစ်ပါတယ်။ ဘက်ထရီ၊ ဆိုလာ၊ လျှပ်စစ်ဂျင်နရေတာစတာတွေကို အသုံးပြုပြီး လျှပ်စစ်မော်တော်ယာဉ်တွေကို စွမ်းအင်ပေးကြတာဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်အသုံးပြုမှုတွေကို မော်တော်ကားတွေ၊ ရထားတွေ၊ ကုန်းပေါ်နဲ့ ရေအောက်သွားယာဉ်တွေ၊ လေယာဉ်တွေ၊ အာကာသယာဉ်တွေ မှာလည်း အသုံးပြုကြလေ့ရှိပါတယ်။ လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်တွေဟာ ၁၉ ရာစုအလယ်ပိုင်းမှာ စတင် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စတင်ခါစမှာ ဓာတ်ဆီသုံးကားတွေကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။
4 လျှပ်စစ်စွမ်းအင်သုံးအင်ဂျင်တွေကလည်း တခြားအင်ဂျင်တွေပြုလုပ်ပုံနည်းလမ်းတွေနဲ့ အနည်းငယ်ကွဲပြားခဲ့ပါတယ်။
၂၁ ရာစုမှာတော့ လျှပ်စစ်စွမ်းအင်သုံးယာဉ်တွေကို နည်းပညာပိုင်းဆိုင်ရာ ပိုမိုမြှင့်တင်ခဲ့ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ်အသုံးပြုနိုင်ဖို့ပါ တိုးမြှင့်ဖန်တီးခဲ့ကြပါတယ်။ ဒါအပြင် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့မှာ အစိုးရကလည်း ပိုမို ပံ့ပိုးပေးခဲ့ပါတယ်။ လျှပ်စစ်သုံးတဲ့ယာဉ်ကိုတော့ ၁၈၂၇ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဟန်ဂေရီပညာရှင် Anyos Jedlik က တည်ဆောက်ခဲ့တာဖြစ်ပြီး အကြမ်းထည်အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သေးငယ်တဲ့ကားတစ်စင်းဖြစ်ခဲ့ပါတယ်။ ၁၉ဝဝ ဝန်းကျင်ကနေ ၁၉ဝ၂ ခုနှစ်အထိ
အမေရိကန်နိုင်ငံမှာ လျှပ်စစ်မော်တော်ယာဉ်အများအပြားပေါ်ထွက်ခဲ့ပြီး စီးပွားဖြစ် ဖြန့်ချိရောင်းချခဲ့ကြပါတယ်။
ထရက်ကား၊ ဖောက်ကလစ်ထရက်နဲ့ လူနာတင်ယာဉ်တွေကိုလည်း လျှပ်စစ်အင်ဂျင်တွေ တပ်ဆင်လာခဲ့ကြပါတယ်။ ၂ဝ ရာစုမှာတော့ ဗြိတိန်ဟာ ကမ္ဘာ့အကြီးဆုံးလျှပ်စစ်မော်တော်ယာဉ်အသုံးပြုရာ နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီကနေ့ ကာလမှာတော့ BMW၊ Toyota၊ Honda၊ Hyundai စတဲ့ ကုမ္ပဏီတွေက လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်တွေကို ထုတ်လုပ်နေကြပြီဖြစ်ပါတယ်။
Credit;google image