ဘိုကျော်တစ်ယောက် Steemit ဆိုသောအရာအား စတင်ထိတွေ့မိသည်မှာ ၃ လတင်းတင်း ပြည့်ခဲ့ချေပြီ။ ဘိုကျော်တစ်ယောက် ရရှိထားသော ဗဟုသုတများ များပြားလွန်းလှချေသည်။ သို့သော် ဘိုကျော် ကား newbie စင်စစ်ဖြစ်ပေသည်။
ဦးစွာပထမ ဘိုကျော့်အကြောင်း အနည်းငယ် ပြောပြအံ့။ ဘိုကျော် ကား ဒေါ်လှစား NGO ၀န်ထမ်းတစ်ယောက်။ လစာကောင်းသလို အားလုံးလည်း အဆင်ပြေသည်။ Online ပေါ်တွင် ငွေရှာခြင်းကိုကား ၀ါသနာအရသာ လုပ်ခြင်း ဖြစ်သည်။ မယုံမရှိနှင့် လက်ရှိ ဘဏ်စာအုပ် ပြနိုင်သည်။ အခွန် လတိုင်းဆောင်နေရသည်။ ၂၀၁၂ တည်းက BTC free စုခဲ့သော မူလလက်ဟောင်း ပရိုင်းမိတ် စစ်စစ်လည်းဖြစ်သည်။ PTC မျိးစုံ အစ Forex အဆုံး အချိန်ကုန် လက်ညောင်း အမြတ်မကျန် အရှုံးမရှိ လုပ်ခဲ့ဖူးသူဖြစ်၏။ အကြွားမပါသော ကိုယ်ရေသွေးမှုဟု မှတ်ပါလေ။
Steemit အကြောင်း ဆက်ပြောအံ့။ မှတ်မှတ်ရရ Steemit စလုပ်ချိန်... Steemit ဆိုသောအရာကို ဘာမှသေသေချာချာမသိ။ postတင်ရင် ပိုက်ဆံရမည်ဆိုတာ လောက်သာသိခဲ့သည်။ Facebook တစ်ခွင် ပြဲပြဲစင် ရှာဖွေ ပြီး ချိန်မှာတော့ Steemit တွင် ပိုက်ဆံရှာနေကြသော Facebook Friend အချို့အား တွေ့ခဲ့သည်။ အကူအညီ ရလိုစိတ်ဖြင့် မေးမြန်းသော်လည်း Facebook Friend ပီသစွာဖြင့် reply ပြန်မလာခဲ့ပေ (True Story)။ သို့တည်းမဟုတ် Steemit တွင် Referral မပါတာကြောင့်လည်း ဖြစ်နိုင်သည်။ ဇာတ်လမ်းပြန်ဆက်သော် ဘိုကျော်တစ်ယောက် မိမိဘာသာ googling အားကိုးဖြင့် ကြိုးစားရှာဖွေ ပြီးနောက်မှာတော့ Steemit အကြောင်း ကကြီး ခခွေး အနည်းငယ် သိလာပါတော့သည်။ ( MSC Organizer ဟောင်း ကိုအတာဦး နှင့် Admin ကိုသက် တို့ထံမှ အကူအညီအနည်းငယ်တော့ရခဲ့ပါသည်။ စကားချပ်)
ထို့နောက် Steemit တွင် စာကောင်းကောင်းရေးနိုင်ဖို့လိုသည်။ သို့မှသာအောင်မြင်နိုင်မည်ဟူသော အကြောင်းအရာတစ်ခုကို သိလိုက်ရသည်။ ဘ၀င်တော့ မကျခဲ့တာ အမှန်ပင်။ ဘယ့်နှယ် Crypto site တစ်ခုက Content ကောင်းကောင်း ရှာနေတာလဲဆိုတာ ဘိုကျော်စဉ်းစားမရခဲ့။အဖွဲ့အစည်း ဖွဲ့ပြီး စည်းလုံးညီညွှတ် စွာဖြင့် Facebook Community ကဲ့သို့ သွားလျှင်လည်း မဖြစ်နိုင်ပေဘူးလားဟူသော အယူအဆကိုလည်း ဘိုကျော် စမ်းကြည့်ချင် လာသည်။ ထို့နောက် အနီးအနားမှလူများ စုပြီး Voating group တစ်ခု ဘိုကျော် ဖွဲ့လိုက်သည်။ (SP ရဲ့ အနည်း အများအလိုက် Vota Value ကွာခြားပုံကို ၄င်းအချိန်က မသိခဲ့…..နောက်ပိုင်း အကျိုးအပစ်များအား ကိုဆန်းမင်းထွန်းထံမှ သိလာရသည်။)
၃လတာ အချိန်အတွင်း ဘိုကျော်တစ်ယောက် Drotto အစ Buildawhale အဆုံး Value ပေါင်းစုံ Bot ပေါင်းစုံအား Bottracker သုံးပြီး boot သည်။ Resteem service မျိုးစုံသုံးသည်။ esteem,busy,zappl များမှ Free Upvote များယူသည်။ Contest များ ၀င်ပြိုင်သည်။ ကိုယ်တိုင်လည်း Contest ပြုလုပ်သည်။
Minnowsupport Project ၊ Minnow Accelerator Project ၊ Qurator ၊ SCL ၊ Steemdunk ၊ Steem Trial ၊ Steem Engine ၊ World Of Photography များတွင် ဟိုစပ်စပ် ဒီစပ်စပ် ပါဝင်ဆောင်ရွက်သည်။ ထို့အပြင် Utopian.io ၊ Smoke network တို့လည်း သုံးသည်။
နောက်ဆုံး ယခုအချိန်တွင် Five Stars Discord Community တွင် Channel Manager လုပ်နေသည်။ Contest Creator လုပ်နေသည်။ ဒီအထိ ဘာပြသနာမှမရှိသေး။ သို့သော် Curie တွင် Prospective Curator ဖြစ်လာချိန်မှာတော့ အကြောင်းအရာအချို့ သိလိုက်ရသည်။ အောင်မြင်ချင်လျှင် Content ကောင်းကောင်းရေးရမည်။ Steemit ရဲ့ Base Feed Prize ကို Quality ဖြင့်ထိန်းထားမှန်းလည်း သိလိုက်ရသည်။ Quality Vs Quantity စစ်ပွဲအကြောင်းလည်း နားလည်လိုက်သည်။
နိဂုံးချုပ်ရသော် Steemit တစ်ခွင် ပြဲပြဲစင်အောင် ဘိုကျော် လျှောက်ဖူးပြီ။ နည်းလမ်းမျိုးစုံ သုံးဖူးပြီ။ တစ်ခုသာ ကျန်ခဲ့သည်။ စာကောင်းကောင်းရေးရမည်။ စာရေးဖို့ကျ ကိုယ်က Newbie.... But မရေးနိုင်စရာမရှိ၊ တက္ကသိုလ်တက်စဉ်က ရည်းစားစာများ အခကြေးငွေယူပြီး ရေးပေးခဲ့ဖူးသော အတွေ့အကြုံအခံရှိသည်။
ထို့ကြောင့် ဘိုကျော်ဒီနေ့စာပြန်ရေးမည်။ ဆုံးဖြတ်ချချပြီး လက်ကအလိုလျှောက် Google Cheome ဆီရောက်သွားသည်။ Bottracker လေးကဖွင့်လျှက်သား... Jerrybanfield က Cooldown 5 မိနစ်သာလိုတော့သည်။ ROI 200% ကျော်ရှိသေးသည်။ ဆုံးဖြတ်လျက်ကို မနက်ဖြန်ရွှေ့လိုက်သည်။ မနက်ဖြန် စာစရေးမည်။
@ဘိုကျော်