လူကိုဖျက်တော့ အပိုင်း (၂၁)
မျက်လုံးများသာ ရီဝေရီဝေဖြစ်နေသည်။
အရာရာသည် သဲကွဲသလိုလို မသဲကွဲသလိုလို မှုန်မှိုင်း၍ နေသည်။
စိတ်တွေကလည်း ဘယ်သို့ရောက်နေသည်ကို သူ့ကိုသူပင် သိပုံမပေါ်တော့ပါ။
တစ်ကြိမ်တစ်ခါမျှ
ဤသို့ မူးလာခြင်းလည်း မရှိပါ။
ထိုနေ့အဖို့ မောင်ငြိမ်းကို အရူးတစ်ယောက်လို ရူးမူးစေသော
သွေးသားတို့ နိုးကြွစေသော သေအရက်က အနိုင်ယူလိုက်ပြီဖြစ်သည်။
မောင်ငြိမ်းသည် အရက်၏ စေရာ ကျေးကျွန်တစ်ယောက် ဖြစ်ရလေပြီတည်း။
"အဟင့် ... ဟင့် ... ရွှတ်"
မောင်ငြိမ်းတစ်ယောက် အိပ်ရာမှ နိုးလာသည်။
ဆရာတင့်လူ၏ ပညာပေးဇာတ်လမ်းတိုများ စုစည်းခြင်း