ပြီးတော့လည်း ပြီးတာပါပဲလေ
ရှင်ကြီးဝမ်း လား ရှင်ငယ်ဝမ်း လား
ပေးကမ်းသူလား ရယူသူလား
ပြည့်စုံသူ လား ချို့ငဲ့သူ လား
အောင်မြင်သူ လား ကျရှုံးသူလား
ကံကောင်းသူလား ကံဆိုးသူလား
အာဏာရှင်လား အပြစ်မဲ့ပြည်သူလား
ဗိုလ်ကြီးလား သာမန် ရဲဘော်လေးလား
သူဌေး လား သူဆင်းရဲ လား
အအေး လား အပူလား
အချိုလား အခါးလား
အချစ်လား အမုန်းလား
မတည်မြဲခြင်းကိုသာ သဘောပေါက်ရင်
ဘယ်ဖက်က နေနေ နေတတ်လိမ့်မယ် ။
written by : @aggamun
MSU No- 022