2 .Cryptocurrency တစ်ခု၏ တန်ဖိုးကို ဘယ်လို သတ်မှတ်ပါသလဲ နှင့် ကာလပေါက်ဈေးကို ဘယ်မှာ ကြည့်ရှုနိုင်ပါသလဲ??
www.coinmarketcap.com သည် သူတို့၏ ကာလပေါက်ဈေးအရ ဈေးကွက်တန်ဖိုး မြင့်ရာမှ နိမ့်ရာအတိုင်း အစီအစဉ်အလိုက် ဖော်ပြလျက်ရှိသည်။ဥပမာ ယနေ့ Steem ကွိုင် တစ်ကွိုင်သည် Binance နှင့် Poloniex ကဲ့သို့သော Exchanges များတွင် 1.56$ ပေါက်ဈေးရှိသည်ဆိုပါစို့
လက်ရှိမားကတ် supply 235,749,278, ရှိနေသော steem ကွိုင်၏ စုစုပေါင်း ဈေးကွက်တန်ဖိုး သည် 235,749,278 ၏ 1.56 ဆ 368,544,488 ရှိနေပေမည်။
သီအိုရီအရ ဆိုရသော် Steem ဈေးကွက်တစ်ခုလုံးကို ဝယ်ယူလိုသော် လက်ရှိ ဈေးကွက်တန်ဖိုး အတိုင်းပေးချေရပါက $368 သန်းကုန်ကျမည်ဖြစ်ပါသည်။ သို့သော်လည်း Steem Coin၏ဈေးနှုန်းသည် မိနစ်တိုင်း နာရီတိုင်း ပြောင်းလဲနေသည့်အတွက် သူ၏ ပကတိ တန်ဖိုးကို တွက်ချက်ရန်မှာမူ အလွန်ခက်ခဲကာ 368$ သန်းဆိုသည့် ငွေပမာဏမှာလည်း တော်ရုံ တန်ရုံလူ အနားကပ်ရန်ပင် မလွယ်သည့် ဈေးနှုန်း တစ်ခုဖြစ်ပေသည်။
- Cryptocurrency လောကထဲဝင်ရောက်ရခြင်းရဲ့ အားသာချက်ကဘာတွေလဲ??
ကမ္ဘာအနှံ မည်သည့်နေရာကိုမဆို ငွေလွှဲလျှင် လွှဲခမကုန်ပဲ သုံးစက္ကန့်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်စွမ်းရှိသော Steem Wallet ကဲ့သို့သော Cryptocurrencies များသည် လက်ရှိတစ်ကမ္ဘာလုံးက အသုံးပြုလျက်ရှိသည့် Paypal, Western Union တို့ထက် ငွေပေးချေမှုကို အဆပေါင်းများစွာ လွယ်ကူသက်သာစေပြီး user နှစ်ဦး တိုက်ရိုက် ဆက်ဆံရသည့် အပြင် Third Party အကောင့်တစ်ခုကို မသုံးရသည့်အတွက်ကြောင့် ငွေကြေးလိမ်လည်မှု အစရှိသည့် ပြသာနာများကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် လက်ရှိဈေးကွက်တန်ဖိုးများလည်း နေ့စဉ် မြင့်တက်လျက်ရှိကာ အနောက်နိုင်ငံ တော်တော်များများတွင် Retirement Plan အဖြစ် Cryptocurrency အပေါ်တွင် ရင်းနှီးမြှုပ်နှံမှုမှာ လွန်စွာ မြင့်တက်လျက်ရှိပါသည်၊
အပိုင်း (၃) ဆက်ရန်
Author : @daviddkl
ကျွန်တော့် ပို့စ်ကို ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။Cryptocurrency နှင့်ပတ်သက်သော နောက်ဆုံးရ သတင်းမျာကို ဆက်လက်ရေးသားပေးပါ့မယ်။ကျွန်တော်နှင့် Facebook တွင် သူငယ်ချင်းဖြစ်လိုပါက
https://www.facebook.com/yenaing.htwe.148
MSU 052