နိုင်ငံတိုးတက်ဖို့ နည်းပညာတွေ အသစ်အဆန်း တည်ထွင်မှ ရယ် မဟုတ်ဘူး။
ရှိပြီးသား နည်းပညာတွေကိုလူတန်းစေ့ လိုက်လုပ်နိုင်ရင်ကို အတော်လေး လူတန်းစေ့နေပါပြီ။
နိုင်ငံတကာမှာ အဓိက တိုးတက်ချင်တဲ့ နယ်ပါယ်တွေကိုအစိုးရဘက်က အင်တိုက်အားတိုက် ထောက်ပံ့ပါတယ်။
စိုက်ပျိုးရေးတိုးတက်ချင်ရင် စိုက်ပျိုးရေးနည်းပညာတွေ ငွေတွေနမြေတွေအကုန်ထောက်ပံ့ပါတယ်။
လိုအပ်တဲ့နည်းပညာ အချို့ဆို ငွေ အချို့ဆို မြေ အစိုးရ ဘတ်ဂျက်နဲ့ကိုထောက်ပံ့တာ။ အချို့နိုင်ငံတွေမှာ လူနည်းနေလို့ လူဦးရေတိုးအောင် ကလေးများများမွေးပေး အစိုးရက အကုန်တာဝန်ယူတာတွေတောင်ရှိတယ်။
ခု ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ဖတ်လိုက်ရသမျှ ရင်ဖွင့်သံတွေကြည့်လိုက်ရင် အသစ်အသစ်တွေကို လိုက်လုပ်သူတိုင်း ပြဿနာပေါင်းသောင်းခြောက်နဲ့ အဆင်မပြေတာတွေချည်းပဲ။ အဆင်ပြေအောင် ပံ့ပိုးမလား မှတ်တယ် မပံ့ပို့တဲ့အပြင် ချောမွေ့အောင်တောင် လုပ်မပေးနိုင်။အချို့ကိစ္စတွေဆို တမင်ကို လိုက်ဖျက်သလားမှတ်ရ။ နယ်ပါယ်တိုင်းမှာ ကျွမ်းကျင်သူဆီက အကြံယူသလားဆိုတော့လည်း တကယ်လုပ်ကိုင်နေသူဆီက အကြံမယူ။ ကန့်သပ်ချက်တွေက လွန်လွန်း။ အခွန်ဆောင်ချင်ပါတယ် ဆိုတဲ့သူတွေ အခွန်တစ်ခါသွားဆောင်တိုင်း အဆင်မပြေ စိတ်ပျက်စရာတွေဖြစ်။ လုပ်ငန်းသေးလေးတွေ ထူထောင်ချင်ပါတယ်ဆို ဥပဒေပေါင်းစုံက အထပ်ထပ်။ တနိုင်တပိုင်တွေ ကြည့်ဦးမလား ။ စက်ရုံအလုပ်ရုံ ထုထောင်ချင်သူတွေရော လွယ်ပါသလား ။
ခက်ခဲလွန်းကြောင်း ညည်းသံ ညူသံတွေချည့်ကြားရ။ စိုက်ပျိုးရေး ဦးစားပေးတဲ့နိုင်ငံမှာ စိုက်ပျိုးရေးသမားတွေရော အဆင်ပြေချောမွေ့ရဲ့လားမေး ။ ထူးမခြားနား ဟေးဟေး။ မိတ်ဆွေတစ်ယောက် အပင်စိုက်တာ မျိုးစေ့ကို အိမ်နီးချင်းနိုင်ငံကနေ ကိုယ်တိုင် ၀ယ်လို့ မျိုးစေ့ ဥပဒေနဲ့ ငြိသတဲ့။ သူ့ခမျာ နံ့သာဖြူနံ့သာနီတွေစိုက်နေတာ မျိုးစေ့က နိုင်ငံတကာက တနိုင်တပိုင် လှမ်းမှာလို့ရောက်လာတာလေးစိုက်ပြီး လုပ်နေရှာတာ။ ခုတော့ လေတွေမိုးတွေကြောင့်ပျက်တာတမျိုး။ အစိုးရက မျိုးစေ့ ဥပဒေ အရ တရားမ၀င်ဘူးဆိုပြောခံရပြန်။ စီးပွားလုပ်သူတွေ ဘယ်လောက် ခက်ခဲနေပါတယ်ဆိုတာ ဖတ်ချင်ရင်ပိုစ်တွေ ၇ှာပေးလို့ရတယ်။
နောက် ပြဿနာတစ်ခုက ဥပဒေပိုင်းတွေနဲ့ တင်းတင်းကျပ်ကျပ် မကိုင်တွယ်တော့ လူဆိုးလူလိမ်တွေကပေါ။ နည်းပညာပိုင်းကိုသိပ်နားလည်သူ ကမ၇ှိတော့ မသိနားမလည်သူတွေကို လူတွေက အဲ့တာတွေကိုခုတုံးလုပ်ပြီးလိမ်ကြ။ ပြဿနာတွေတက်တော့ အဲ့နည်းပညာတွေက မကောင်းလို့ဆို အစိုးရက ပိတ်မယ်ဘာညာအသံထုတ်ပြန်ရော။ တကယ်တော့ လူလိမ်ကိုဖမ်းရမှာ။ မဆီမဆိုင် ခုတုံးလုပ်ခံရတဲ့ ဟာပိတ်မယ်ဆိုတော့ မခက်ဘူးလား။
အဲ့ထက်ဆိုးတာက လူတစ်ယောက် လုပ်လိုက်လို့ အဆင်နည်းနည်းပြေရင် နောက်ကနေ အောက်ဈေးနဲ့ဖျက်ပြီးလိုက်လုပ်မယ်ဟ ဆို ငါးပွက်ရာငါးစာချ ဈေးကွက်ဖျက်သူတွေက တမှောက်။
ဥပဒေဆိုတာကလည်း .......ပိုင်ရာဆိုင်ရာတွေ အကောင်ကြီးတွေကိုသာ မထိရဲတာ။ အောက်ခြေလူတန်းစားဆို ဆိုင်ဘုတ်တောင်အခွန်မဆောင်ထား၇င် စည်ပင်ကချက်ချင်း ရောက်လာတာဆိုတော့ ..။
ဝှူးးးးးးးးးးးးးးးးးးးးး။ ရွှေပြန်တော်မျှော်တိုင်းဝေးနေဦးမှာပါပဲ။
Kyaw Thu Ra
Khit Online General Service
Khit Marketplace
MSU N0 056