ဪ... ကိုယ်ကမှားနေတာကို ဆရာကြီးအထာနဲ့ လာဖြဲနေသေးတယ်...
လမ်းဆုံမှာ တည့်တည့်သွားရင် စုံအချက်ပြမီး ပြရမယ်လို့ခင်ဗျားကို ဘယ် ကညန က အဖေကသင်ပေးလိုက်လို့လဲ။ ကညန က ထုတ်ပေးထားတဲ့လိုင်စင်ကိုင်ထားတာကွတဲ့... ယူကြည့်လိုက်တော့ (ခ)တောင် မနေ့တနေ့ကမှရထားတာ။ အပိုတေမပြောဘူးလို့ လိုင်စင်အရောင်သာကြည့်လို့ ပြောလိုက်တော့ ကိုယ်ကိုင်ထားတဲ့ အနီတောင် သူ့ထက်မြင့်လို့မြင့်မှန်းမသိရှာဘူး။ စိတ်မရှည်လို့ ယာဉ်ထိန်းလာမှ ရှင်းမယ်ပြောလိုက်တော့ နည်းနည်းလန့်သွားရှာတယ်။ ဘေးက အနီကိုင်ထားတဲ့ ကားဆရာတစ်ယောက် ရောက်လာမှ အသံတိတ်သွားတယ်။ ကားကြီးမောင်းတဲ့သူတွေရဲ့ စိတ်ဓာတ်ကိုတော့ လေးစားတယ်ဗျာ။ တစ်ခွန်းပဲပြောလိုက်တယ် ယာဉ်ကြီးယာဉ်ငယ်လာမပြောနဲ့တဲ့ မှားတဲ့ကောင်ခံတဲ့ခေတ်ရောက်ပီတဲ့။ မီးခြစ်ဗူးခွံလောက်ကားလေးမောင်းပီး အနီကိုင်ထားတဲ့ကောင်တေကိုမဖြဲနဲ့တဲ့ မင်းသာမိကောင်းဖခင်သားသမီးဆိုရင် မင်းထက်ဝါကြီးတဲ့ ဒီညီလေးကိုထိုင်ကန်တော့လို့ရတယ်တဲ့။
( ကိုယ်နဲ့မဆိုင်ပေမယ့် ဝင်ရှင်းပေးတဲ့ ၁၂ဘီးသမား အစ်ကိုကြီးကို လေးစားလို့ပါ )