Images Credit - Original Source
Dec Token ကိုတာ steemmonsters က ထုတ်တဲ့ Token တမျိုးပါ။ dec ကို splinterlands ဆီပို့ပြီး မိမိ Post ကို upvote ပေးခိုင်းလို့ရသလို steem-engine မှာ အရောင်းအ၀ယ်လုပ်ပြီး steem ထုတ်ယူနိုင်ပါတယ်။ ဆိုတော့ ဒီ Dec တွေ တိုးပွါးအောင် ဘယ်လိုလုပ်ရမလဲ။ (SM ဆော့သူများအတွက်သာ)
Images Credit - Original Source
SM မှာ နေ့စဉ်ဆော့ရတဲ့ Quest အပြီးမှာ ရလာတဲ့ကဒ်တွေဟာ သိပ်အသုံးမတည့်ပါဘူး။ ကိုယ်မသုံးတဲ့ကဒ်တွေကို Dec နဲ့ ချိန်းပြီး ရယူလိုက်ပါ။ နောက်တခါ Quest ပဲဖြစ်ဖြစ် တခြားအချိန်ပဲဖြစ်ဖြစ် ဂိမ်းဆော့လို့နိုင်ရင်လဲ Dec တွေရပါတယ်။ တနေ့ကို Token 1000 လောက်တော့ အေးဆေးရယူနိုင်ပါတယ်။ ဒီနေ့ ကျွန်တော် မနက် 2000 ည 1000 ရလိုက်ပါတယ်။
Images Credit - Original Source
Steem-Engine Market ထဲမှာတော့ လက်ရှိအချိန်မှာ 1 dec = 0.00094 $ (0.00235 steem) ပေါက်နေပါတယ်။ Dec 1000 ဟာ 2 steem ကျော်ဆိုတော့ မိမိလိုချင်သလောက်သော steem ကို SM မှာ တိုက်ပွဲတွေကို နိုင်အောင်တိုက်ရင်း ရယူနေဖို့ပါပဲ။
Images Credit - Original Source
SM ရာသီချိန်ပြီးဖို့ နာရီပိုင်းသာလိုပါတော့တယ်။ SM က Dec Token ပေးနေလို့ထင်တယ် Level မြှင့်ကစားလာကြတာကိုတွေ့ရပါတယ်။ ဆရာကြီးတွေကြားထဲမှာ L-5 လောက်နဲ့ကစားနေရတဲ့ ကိုယ်တွေအဖို့တော့ အပြင်မှာမိုးအေးနေပေမေ့လည်း တခါတခါ ချွှဲစီးရတာပါပဲ။ ဒီနေ့ Season ပြီးတော့မှာမို့ အားစိုက်ပြီးတိုက်လိုက်တာ ကံကောင်းစွာနဲ့ D-2 ကိုရောက်ရှိသွားပါတယ်။
Images Credit - Original Source
Quest Rewards ကဒ်တွေကတော့ အောက်ပါအတိုင်းပါပဲ။ ၁၂ ကဒ်ရပေမေ့ ထုံးစံနိုင် တန်ဖိုးနဲကဒ်တွေပဲအရများပါတယ်။ ကိစ္စတော့မရှိပါဘူးလေ Dec နဲ့ချိန်းလိုက်ရုံပဲ။
Images Credit - Original Source
@kyawhlaing