ကိုးလ လွယ်လို့ ဆယ်လ ရယ်ကြာလာတော့
သေမင်းတမန်နှင့် နင်နိုင်မလားငါနိုင်မလား
သေ တမန်ကို အံတုလို့ သူမ သား အတွက် အားပြိုင်ခဲ့သည် ....
တစ်ထောင့်ကိုးရာ ကိုးဆယ့်လေးမှာ
အသက်စတေးလို့ မွေးထုတ်ပေးခဲ့
သူရဲ့မေတ္တာ တုနိုင်းစရာရယ် ဖွေရှာမရပီ ...
၁၇ ရက် ၁ လ ရောက်စ အရွယ်မှ
ဘဝလမ်းကြောင်း ကောင်းနိုးရာရာ
စိတ်မှာစွဲမှတ် ဖြည့်စွက်ခဲ့သည် မွေးမိကျေးဇူး ဆပ်၍မကုန် ....
ကိုယ်လက်နှင့်ခြေ အထွေထွေတို့
မဖြစ်တည်ခင် ထိုစဉ်ကစ
သားတို့အရေး ရှေ့ကြိုတွေး၍
ချွးမြေခအောင် ရုန်းကန်ရသည်
အာဂယောက်ျား ထိုလူသားမှာ
သားကျေးဇူးရှင် ဖခင်ပေတည်း။
အမေ့နို့ဖိုး ကျေရိုးမရှိ သုံးလည်းမကုန် စုန်ရေမေတ္တာ သားမှာ တည်သည်။
အဖေ့ချွေးဖိုး ကျေရိုးမရှိ သုံးလည်းမကုန် စုန်ရေမေတ္တာ သားမှာတည်သည်။
မြင်းမိုရ်တောင်ဦး မကကျူးသည့်
ကျေးဇူးအရှင်
မွေးမိခင်နှင့် ဖခင်တို့အား
ချစ်သောသားသည် စိတ်ဝယ်ရည်စူး
လက်စုံမိုး၍ ရှိခိုးဖူးမျှော် ကန်တော့ပါသည်။
အဖေနှင့်အမေ ကျန်းမာစွာနှင့်
သားသမီးတို့အား ကျေးဇူးဆပ်ခွင့်ဆက်ပေးပါ။