အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ…..
ကျွန်တော်တို့လူသားတွေဟာ နေ့စဉ်နေ့တိုင်း ငွေရလို့ပဲဖြစ်ဖြစ် ငွေမရတာပဲဖြစ်ဖြစ် အလုပ်တွေကို လုပ်ကိုင်နေကြရပါတယ်… ဒီလိုလုပ်ကိုင်ဆောင်ရွက်ကြတဲ့အခါမှာ အချို့အလုပ်တွေက လုပ်သင့်တာတွေ ရှိသလို မလုပ်သင့်တာတွေလည်းရှိနေစမြဲပဲမဟုတ်လား… လုပ်သင့်လား မလုပ်သင့်ဘူးလားဆိုတာကို စဉ်းစားချင့်ချိန်ပြီး မှလုပ်ကြတဲ့သူတွေကတော့ ရှိတော့ရှိလိမ့်မယ်…ရှားတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်… အဲလို လုပ်သင့်တာလား လုပ်ချင်တာလားဆိုတာကို မစဉ်းစားကြပါဘူး… လုပ်ချင်တာကိုလုပ်တဲ့သူကများပြီး လုပ်သင့်တာကိုလုပ်တဲ့သူ ကတော့နည်းမယ်လို့လည်းထင်တယ်… ကျွန်တော်တို့ လုပ်သင့်တာကိုလုပ်ခဲ့မိသလား? လုပ်ချင်တာကိုလုပ်ခဲ့မိတာလား? ကျွန်တော်ကတော့ လုပ်ချင်တာနဲ့လုပ်သင့်တာကိုလည်း မကွဲဘူးထင်တယ်… လုပ်ချင်တာတွေလျောက်လုပ်မိတာလို့လည်းထင်သဗျ… လုပ်ချင်တာတွေလျောက်လုပ်တော့ ဖြစ်ချင်ရာတွေ ဖြစ်နေတာပဲဗျို့…. ကိုယ့်လှေကို ဦးတည်ရာမရှိလှော်ချင်သလို လှော်နေတဲ့သူလိုပဲ… မြားကို ဦးတည်ချက်မရှိ မှန်ချင်ရာမှန်ဆိုပြီးပစ်နေတဲ့လူတစ်ယောက်လိုဒီအချိန်မှာခံစားမိသဗျ…တစ်နည်းအားဖြင့်ဆိုရင် Plan မရှိဘာမရှိ လုပ်ချင်တာလျောက်လုပ်နေခဲ့တာပေါ့ဗျာ… လုပ်သင့်တာနဲ့ လုပ်ချင်တာကို အလွယ်တကူ ဘယ်လိုခွဲခြားပြရမလဲ ဆိုတာကိုစဉ်းစားကြည့်တော့လည်း ရောထွေးနေသလိုပါပဲ…
လူတစ်ယောက်က လုပ်ချင်ရာတွေလျောက်လုပ်ပြီးတော့ ဖြစ်လာတဲ့အကျိုးဆက်ကိုတော့ လက်မခံနိုင်ကြဘူး… လုပ်ချင်ရာလုပ်ရင်တော့ ဖြစ်ချင်ရာဖြစ်မှာပါ… ဖြစ်ချင်ရာမဖြစ်ချင်တော့ လုပ်ချင်တာကိုမလုပ်ပဲ လုပ်သင့်တာကို လုပ်မှ ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာကို ရရှိမှာပဲမဟုတ်လား… ကောင်းတာလိုချင်ရင်တော့ ကောင်းတဲ့အလုပ် ကိုလုပ်ရမှာပဲ… အခြားနည်းလမ်းမရှိပါဘူး… မကောင်းတာလုပ်ပြီးတော့ ကောင်းတာလိုချင်နေရင်တော့ မဖြစ်ဘူး… မကောင်းတာကိုလုပ်ချင်တာက ကိုယ်လုပ်ချင်တာလို့သတ်မှတ်မယ်ဆိုရင်တော့ ကောင်းတာကိုလုပ်ရမှာက လုပ်သင့်တာလို့ဆိုရမယ်ထင်တယ်… စားရေးအတွက်တစ်နေကုန်ရုန်းကန်ရှာဖွေလာပြီးရလာတဲ့ငွေကို ထမင်းချက်ပြုတ်စားသောက်ဖို့ မိသားစုကစောင့်မျှော်နေချိန်မှာ ကိုယ်ကရလာတဲ့ငွေကို အပေါင်းအသင်းတွေနဲ့အရက်ဆိုင်မှာထိုင်ဖြုန်းပစ်တာဟာ လုပ်ချင်တာကိုလုပ်နေတာပဲဖြစ်မယ်… လုပ်သင့်တဲ့မိသားစုစားရေးအတွက်ကတော့ ခက်ခဲသွားမယ်မဟုတ်လား… အတွေးတွေနဲ့ခြာခြာလည်နေတာရပ်တန့်ပစ်လိုက်ပါတယ်… နို့မိုဆို ရူးသွားနိုင်လောက်ပါတယ်… ခုတော့တော်သေးပြီနော်… နောက်မှဆက်တွေးတာပေါ့☺