ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
သူများတစ်ကာတွေက Snax Snax အော်နေတော့ ၀င်လုပ်ကြည့်အုံးမှပါဆိုကာ Snax Account ထဖွင့်ထားလိုက်တယ်။ Snax ကတင်ခိုင်းတဲ့ Account Authentication Post တစ်ခုရယ်၊ Snax အကြောင်း တစ်စေ့တစ်စောင်း ဆိုတဲ့ Post ရယ်ပဲ တင်ပြီး ပစ်ထားလိုက်တော့တာပါပဲ။ ဘယ်လောက်ရသလဲ ဘယ်လိုရသလဲ သိပ်တော့စိတ်မ၀င်စားဘူးရယ်။ ဒီနေ့ အဲဒီ Snax Account ကို ၀င်ကြည့်မိပြန်တော့ နည်းနည်းစိတ်ဝင်စားသွားတယ်။ Snax တွေ တိုးပွားများပြားလာတာတွေ့ရတော့ အံ့သြမိတာဝန်ခံရမှာပဲဗျို့။ Post တင်မိတာက (၂) ခု လို့ပဲထင်ပါတယ်။ Snax ကဖော်ပြနေတာက (၃) ခု တဲ့။ အဲဒီမှာလည်း ငါဘာထပ်တင်မိပါလိမ့်လို့ စဉ်းစားပြီး ရှာတော့လည်း မတွေ့မိဘူး။ ကိုယ်ပဲမှားသလား သူပဲမှားသလားတော့ မသိတော့ဘူး။
Snax မှာက Twitter နဲ့ Steem ဆိုပြီး နှစ်နေရာခွဲပြီးပေးထားတာ အလွယ်တကူ မြင်နိုင်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ Twitter မှာ Position ကတော့ သိပ်မရောက်ပါဘူး။ သိန်း (50)ကျော် အဆင့်မှာရှိပါတယ် ဟီး။ အားရစရာမရှိပေမယ့် ဆက်လက်အားပေး ချီတက်ကြည့်ပါအုံးမယ်လေ။ Steem မှာ Position ကတော့ 880 ဆိုတော့ကာ အတော်အားရဖွယ်ကောင်းသဟဆိုပြီး ကိုယ့်ကိုယ်ကိုယ်တောင် အတော်အထင်ကြီးသွားမိသေး အ ဟေး ဟေး။ ဘာမှမဟုတ်ပါဘူး။ ကြွားတယ်လို့တော့မထင်ပါနော်။ ဘယ်လိုဈေးနှုန်းပေါက်ပြီး ဘယ်လိုတွေ ရမယ်ဆိုတာမသိပေမယ့် ထီတစ်စောင်ထိုးပြီး စိတ်ကူးယဉ်နေသလိုတော့ လုပ်နေလို့ရပြီပေါ့လေ။ အများကြီး မဟုတ်ပေမယ့်လည်း မဆိုးဘူးပြောရမယ်။ မြန်မြန်နဲ့ များများ လိုချင်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာလေးတွေကို သိတယ်ဆိုရင်လည်း မျှဝေပေးကြအုံးနော။ ဘာမသိ ညာမသိ ရမ်းသမ်းလုပ်ထားရတာ။ ဘာမှန်းမသိ လိုက်လုပ် နေသော ကျွန်ုပ် နှင့် Snax လို့ပဲပြောရမှာပဲ။ တကယ်တော့ Snax မှ ဟုတ်ပါဘူး။ DrugWars, NextColony တွေလည်း ဘာမှန်းမသိပဲ ရမ်းလုပ်နေတာပါပဲ။
ရေးလိုတဲ့စာတွေကိုလည်း ရေးတင်ရင်း ကြားကာလမှာလည်း ခုလို စာလေးတွေကိုလည်း ရေးတင်ကြည့်မိတာပဲ ဖြစ်ပါတယ်။ သူတို့က လာပြီး vote ပေးတာကိုလည်း ကြည့်ချင်မိတာလည်း ပါတာပေါ့။ မပါဘူးပြောရင် လိမ်တာပဲ။ DW ကတော့ Post တင်လို့မှ မရတော့ပဲ Comment အနေနဲ့ပဲ ၀င်သွားတယ်မဟုတ်လား။ ဒါလည်း တစ်မျိုးကောင်းတယ်လို့ထင်ပါတယ်။ နို့မို့ ကိုယ့်ကိုလာပြီး Vote ပေးနေသူတွေ ကိုယ်တင်တိုင်း အလကားနေရင်း vote ကုန်နေမှာလည်း စိုးရသေးသကိုး။ ကဲ ကဲ ဘာပဲဖြစ်နေနေ Snax ကိုတော့ ဆက်လက် စမ်းသပ် သုံးစွဲကြည့်အုံးမှာဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။
1$ လောက်ဈေးပေါက်လို့ ကိုယ့်လက်ထဲ Snax တစ်သောင်းကျော်လောက်များရှိနေခဲ့ရင် …..
ရေးသားသူ(Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
26-5-2019 အင်္ဂါနေ့(Tuesday)