အခုတစ်လော၌ free ရမည့် coinများဘက်စိတ်ရောက်နေမိသည်။ဟို coin လေး freeရမည်ဆိုလျှင် ပြေး၍လုပ်လိုက်၊ဒီ coinလေး freeသံကြားလျှင် လုပ်ထားလိုက်နှင့် ကျွန်တော်တစ်ယောက် လောဘတက်၍နေမိလေသည်။
Bec freeရမည်ဆိုစဉ်အခါ၌ကလည်း လုပ်၍ထားမိလေသည်။ withdraw ထုတ်မည်ဆိုတော့ မည်သို့မည်ပုံထုတ်ရမည်မသိ ဖြစ်နေပြန်၏။
ဟိုလျှောက်နှိပ် ဒီလျှောက်နှိပ်နှင့် ရထားသည့် 20$ကျော်လေးပင် မည်သည့်နေရာ၌ ရောက်သွားသည်မသိရပေ။
eth address အားထည့်၍ ထုတ်မိခြင်းဖြစ်၏။
ဤမျှပင်လော ဆိုလျှင် မကသေး ဟုသာ ဆိုရပေမည်။ byteball လေး ကိုဒိုတင်ထားသည့်အားတွေ့၍ လုပ်မိပြန်သည်။
byteball chat box မှမတ်ဆေ့ဝင်မှသာ byteball မှပေးသော bytes ရရှိမည်ဟုသိရလေ၏။ ၂ရက်ခန့် အချိန်ထိပင် byteball appလေးထဲသို့ဝင်၍ ခနခနကြည့်ကာနေမိ၏။
မတ်ဆေ့ကား ရောက်၍မလာပေ။ ၃ရက်မြောက်နေ့၌ ကျွန်နော်မျှော်လင့်နေသော မတ်ဆေ့လေး ရောက်၍လာပေတော့သည်။ ထိုအခါ ကိုဒိုထံ သွား၍ chat box မှ အကူညီတောင်းရလေသည်။ ကျွန်တော်လည်း မည်သို့ဟုတ်ရမည် မသိ၊သိသည့်လူအား အကူညီတောင်း၍ လုပ်သည်မှာ ပိုကာအဆင်ပြေသည်မဟုတ်လော။
ကိုဒိုသည်လည်း အတော်ပင် စိတ်ရှည်ထား၍ ရှင်းပြပေးပါသည်။ကိုဒိုရှင်းပြ၍သာ ကျွန်တော်လည်း byteball မှပေးသော bytes အားရရှိပါတော့သည်။
ကျွန်တော်ရရှိသော bytes ရရေတွက်သည်
130,655.675 bytes ဖြစ်၏။ သို့သော် ထိုရရှိထားသော bytesများအား မည်သို့မည်ပုံထုတ်ယူရမည်နည်းကိုမူ ယခုထိ မသိရှိသေးပေ။
ထိုနည်းတူပင် တခြားfreeရသော coin များအားလည်း လုပ်ကြည့်၊သို့သော် မထုတ်တတ်ဖြစ်ရသည်ကများသည်။
တချိ့ free coin များသည် အကောင့် idတင်၍ အောင်မြင်မှသာလျှင် ထုတ်ယူခွင့်ရကြလေသည်။ထိုသို့ idတင်ရာ၌လည်း passport ရှိသူများအတွက် လွယ်ကူ၏၊ကိုယ့်၌ ယာဉ်မောင်းလိုင်စင်ပင် မရှိသောအခါ အခက်ခဲတို့က စီးကြို ၍ပင်နေလေသည်။
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။