ယခုတစ်လော၌ မန္တလေးမြို့နှင့် ပုသိမ်ကြီးမြို့တို့အား ချိတ်ဆက်ထားသည့် ကန်လယ်လမ်းမကြီးပေါ်၌ ညခင်းတိုင်းလိုလိုပင် ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွပ်အတွင်း အဖွဲ့အသီးသီးမှ လူငယ်လူရွယ်များပါဝင်ကာ အန္တရယ် ကင်းရှင်းစေရန်အတွက်၊ ဆိုင်ကယ်ကားများအား ရပ်တန့်စေ၍ စစ်ဆေးရေးပြုလုပ်နေလေသည်။
ဆိုင်ကယ်များဆိုလျှင်လည်း တူးဘောက်များဖွင့်၍ကြည့်ရှုခြင်း၊ကားများဆိုလျှင်လည်း အတွင်ပိုင်းထိ စစ်ဆေးခြင်းတို့ပြု၍ ယခုတစ်လောဖြစ်နေသည့် လုယှက်မှုများ နည်းပါးစေရန် ဆောင်ရွက်နေကြခြင်းပင်။
ထိုသို့စစ်ဆေးခြင်းပြုလုပ်ရာတွင် အချိန်အားဖြင့် ညပိုင်း ၉နာရီကျော်ခန့်တွင် စတင်ပြုလုပ်ကြလေ၏။
တစ်နေ့၌ ကျွန်ုပ်တို့သူငယ်ချင်းတစ်စု ညပိုင်းအလုပ်ဆင်းကြရလေသည်။လုပ်ရသည့်အလုပ်ကား အဆောက်အဦး၏ တတိယမြောက် စလပ်ပြားလောင်းရခြင်းပင်။
အားလုံးပြီးစီး၍ လုပ်ငန်းသုံးပစ္စည်း တို့သိမ်းစီးပြီး အချိန်ကြည့်မိသောအခါ ည၁၂နာရီပင် ထိုး၍နေလေတော့သည်။
တစ်ချို့က ကြာနီကန်ဘက်မှလည်းကောင်း၊တစ်ချို့သည် သင်ပန်းကုန်း၊ ကျွန်တော်တို့ကား ပုသိမ်ကြီး စသည်ဖြင့် မိမိတို့ အစုအဖွဲ့လေးများသည် ကိုယ့်အိမ်သို့ ပြန်ကြလေတော့သည်။
အထက်၌ ဖော်ပြခဲ့သလိုပင် ကန်လယ်၌ စစ်ဆေးရေးပြုလုပ်နေကြသည့်အဖွဲ့များနှင့် တွေ့ရချေတော့၏။
ကျွန်ုပ်တို့အားကြသည်နှင့် လုပ်ငန်းခွင်မှပြန်လာကြသူများဖြစ်ကြောင်း သိသာလှပေသည်။အဘယ့်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ တစ်ခုလုံး ဘိလပ်မြေများ ပေရေ၍နေကြသည်မဟုတ်ပေလော။
သို့သော်လည်း စစ်ဆေးရေးပြုလုပ်နေသည့်
အဖွဲ့ဝင်များမှ ကျွန်ုပ်တို့ အလုပ်သမားအဖွဲ့များ မောင်းနှင်လာသည့် ဆိုင်ကယ်များအား ရပ်တန့်စေကာ၊ရှာဖွေလေသည်။
ဤတွင် ဇာတ်လမ်းက စခြေတော့သည်။
အခြားဆိုင်ကယ် အသီးသီးသို့ စစ်ဆေးပြီး၊ကျွန်ုပ်ဆိုင်ကယ်အား စစ်ဆေးရန် တူးဘောက် ဖွင့်ခိုင်းလေတော့သည်။
မိမိလည်း ဆိုင်ကယ်တူးဘောက်ဖွင့်ပေး၍ စစ်ဆေးခံလေ၏။ စစ်ဆေးရေးအဖွဲ့များစစ်ဆေးမှုကား စေ့စပ်သေချာလှသည်။တူးဘောက်အတွင်းရှိသည့် ပစ္စည်းများ တစ်ခုချင်းထုတ်၍ပင်စစ်လေ၏။
ကျွန်ုပ်တူးဘောက်အောက်ခြေ၍ ကြွပ်ကြွပ်အိပ်နှင့် ထုပ်ထားသည့် အထုပ်တစ်ထုပ်အားတွေ့သောအခါ စစ်ဆေးနေသော သူများမှ ကျွန်ုပ်မျက်နှာအား သေချာကြည့်လေတော့သည်။
ကျွန်ုပ်လည်း အူကြောင်ကြောင်ဖြစ်ကာ ဤလူတွေအဘယ့်ကြောင့် ကျွန်ုပ်အား သေချာစိုက်ကြည့်နေကြသနည်းဟု တွေိးလေသည်။ ကိုယ့်ဆိုင်ကယ် လေးထဲ၌လည်း မည်သည့် လက်နက်၊မှောင်ခိုပစ္စည်းမှ ထည့်ထားခြင်းမရှိပေ။ အတွေးထဲ၌ သိုလောသို့လော နှင့် အဘယ့်နည်းဟု အဖြေကားရှာမရပေ။
"အဲ့ အထုပ်ကိုသေချာဖြေကြည့်လိုက်စမ်းဟေ့"
စစ်ဆေးရေးပြုလုပ်နေကြသည့်အထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူမှ အမိန့်ပေးသံထွက်ပေါ်လာပြီးသည်နှင့် အဖွဲ့ဝင်တစ်ဦးမှ ဆိုင်ကယ်အတွင်းမှ ထုတ်ယူကာ သေချာစစ်လေတော့သည်။
စစ်ဆေးရေး အဖွဲ့တို့ အတွေး၌ ဆေးခြောက်များလော ဟူသည့် အတွေးများဖြင့် အထုပ်လေးပေါ် အာရုံအပြည့်ဖြင့် စိုက်ကြည့်နေကြတော့သည်။
သို့သော် သူတို့ထင်သည့်အတိုင်း ဖြစ်မလာချေ။ ထိုအထုပ်လေးမှာ ကွမ်းယာထုတ်လေးဖြစ်နေလေသည်။
စစ်ဆေးရေးအဖွဲ့လည်း ထိုခါမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ပြုံးစိစိဖြစ်ကုန်ကြလေတော့သည်။
ထိုကွမ်းယာထုပ်လေသည် ဘယ်အချိန်ကာလက ထည့်ထားမိ၍မသိပေ အရောင်းပြောင်း ၍ကွမ်းယာတို့က မဲနက်၍ပင်နေလေတော့သည်။
"သွားလို့ရပီအကိုရေ ကျွန်တော်တို့က ဆေးခြောက်တွေထင်လို့ သေချာစစ်နေတာ အကို့ဟာက ကွမ်းယာထုတ်ဖြစ်နေတာကိုးဗျ"ထိုသို့ပြောမှသာ ကိုယ့်ဆိုင်ကယ်လေး ကိုမောင်း၍ ထွက်ခါလာလိုက်တော့သည်။
စိတ်ထဲ၌လည်း မဝါးလိုက်ရသည့် ကွမ်းယာထုပ်လေးအား မျက်လုံးအတွင်း မြင်ယောင်ကာ နှမြောတသသ ဖြစ်လိုက်မိသေးသည်။
.
Crd-org-source
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။