ကိုယ်မှတ်သားချင်သောအရာကိုစာအရှည်မရေးဘဲမှတ်မိလွယ်မည့်အမှတ်အသားသင်္ကေတလေးများနှင့်မှတ်တတ်ကြပါသည်။ ကျောင်းသူဘဝကတည်းကစာကျက်လျှင်အတိုကောက်များနင့်မှတ်၍စာကျက်ခဲ့ဖူးပါသည်။ယခုအချိန်ထိလည်းတစ်ခါတစ်ရံမှတ်စရာများကိုအတိုကောက်လေးများနှင့်ရေးမှတ်လေ့ရှိသည်။
ကျွန်မငယ်ငယ်ကဘကြီးတစ်ယောက်ပြောပြသည့်အတိုကောက်သင်္ကေတနှင့်ရေးမှတ်ထားသောစာကိုတွေ့မြင်ပြီးအဓိပ္ပါယ်ဖွင့်ဆိုနေကြသောခရီးသွား၃ဦးအကြောင်းကိုပြန်လည်သက်ဝင်မိပါသည်။
တစ်ခါကခရီးသွား၃ဦးဇရပ်တစ်ခုမှာဆုံမိကြတယ်ခရီးသွား၃ဦးထဲကတစ်ဦးကအဂ္ဂိရတ်သမား တစ်ဦးကဆေးဆရာ တစ်ဦးကတရားသမားဖြစ်ကြတယ်တဲ့။ဇရ ပ်၏ခါးပန်းမှာရေးထားတဲ့စာကိုတွေ့ပြီးအတူတူဖတ်မိကြတယ် ဇရပ်မှာရေးထားတဲ့စာက ကျွတ်- မုန်း -ဝင် အလွန်ကောင်း လို့ ရေးထားပါတယ်တဲ့
ခရီးသွားအဂ္ဂိရတ်သမားကသူရဲ့အဂ္ဂိရတ်ပညာနဲ့ဆို
ကျွတ်ဆိုတာ ဘာ မုန်းဆိုတာကဘာ
ဝင်ဆိုတာကဘာ နဲ့အတိတ်တွေကောက် ဆေးဆရာကလည်းဆေးနည်းလို့ ယူဆပြီးမှတ်ချက်ချ ပြီးအဓိပ္ပါယ်တွေဖွင့်အဲ့ဒီမှာတရားသမားကလည်းအားကျမခံသူကလည်းတရားသဘောအရသံသရာဝဋ်ဆင်းရဲကကျွတ်လွတ်ချင်ရင်ဘဝခန္ဓာကိုမုန်းစိတ်ပေါ်မှနိဗ္ဗာန်ဝင်နိုင်မည်စသည်ဖြင့်ပြောဆိုငြင်းခုံနေကြတယ်
သူတု့ ငြင်းခုံနေချိန်ဇရပ်ဆီကိုအရူးတစ်ယောက်ရောက်လာပြီးခရီးသွား၃ဦးငြင်းခုံနေတာကိုကြားတော့ခွက်ထိုးခွက်လန်ရယ်ပြီးဒါကျုပ်ရေးထားတာ သီတင်းကျွတ်ပြီး တန်ဆောင်မုန်းကျ ရင် ဝင်္ကဘာပွဲရှိတယ်ဆိုတာကိုကျုပ်မှတ်မိအောင်သင်္ကေတနဲ့ရေးထားတာခင်များတို့ ကဘာတွေပြောနေကြတာလည်းလို့ ပြောလိုက်တော့ကိုယ့်အစွဲနဲ့ကိုယ်ထင်ရာတွေးပြီးကိုယ့်အဓိပ္ပါယ်နဲ့ကိုယ်ဖွင့်ဆိုနေကြသောခရီးသွား၃ဦးလည်းပါးစပ်အဟောင်းသားနှင့်ဖြစ်နေပါတော့တယ်။

မိတ်ဆွေများလည်းမှတ်မိလွယ်ရန်သင်္ကေတအတိုကောက်လေးများနှင့်ရေးမှတ်ဖူးကြမည်လို့ ထင်ပါတယ်။
photo from facebook
Author-Aye Aye Thaw