မင်္ဂလာပါ...
လွန်ခဲ့သော လက မေမြို့ ကန်တော်ကြီး ပန်းပွဲတော်
သွားရောက်လည်ပတ်ရင်း Steemit တွင် Post တင်ရန်
ရည်ရွယ်၍ ပါလာသော Smart Phone လေးဖြင့်
ဓာတ်ပုံများစွာ ရိုက်ယူခဲ့ပါတယ်။
ထိုဓာတ်ပုံများကို နေ့စဉ် ပို့စ်တင်လာသည်မှ တစ်လကျော်ခဲ့ပါပြီ။
ခုလည်း ဆက်လို့ တင်ပါရစေဦးဗျာ😁
ပြင်ဦးလွင်မြို့သည် သာယာလှပ အေးချမ်းသည့် မြို့လေး
ဖြစ်သည်နှင့်အညီ ခရီးသွားများစွာ လာရောက်လည်ပတ်ရာ
ဒေသလေးလည်း ဖြစ်ပါတယ်။
ပြင်ဦးလွင် ရောက်လျှင် အများစု သွားရောက်လည်ပတ်ကြသည်မှာ
မဟာအံ့ထူးကံသာ ပြည်ချစ်ဘုရား၊ ကန်တော်ကြီး ရုက္ခဗေဒဥယျာဉ်၊
ပိတ်ချင်းမြောင်ရေတံခွန်နှင့် ပွဲကောက်ရေတံခွန်တို့ ဖြစ်ကြပါတယ်။
ကျွန်တော်တို့ ဇနီးမောင်နှံ နှစ်ဦးဟာ ကန်တော်ကြီး ပန်းပွဲတော်
အတွင် ဝင်ရောက်ပြီးတာနဲ့ နေရာစုံမှာ ဓာတ်ပုံရိုက်ကြပါတော့တယ်။
ဒါကလည်း ခုခေတ်သဘာဝအရ လူများစွာ လုပ်ဆောင်နေကြသော
အမူအကျင့်တစ်ခုလည်း ဖြစ်ပေမယ်။
တံတာလှလေးပေါ် လမ်းလျှောက်ရင်း အမှတ်တရပေါ့😁
ပန်းအလှများ နောက်ခံထား၍ အမှတ်တရလေး😁
ဒီလိုမျိုး ပုံများစွာ အမှတ်တရ ရိုက်ယူပြီး
ဝယ်လာသော မုန့်များကို မြက်ခင်းစိမ်းပေါ် ခင်းကျင်း၍
စားသောက် အနားယူ အပန်းဖြေရင်း ပျော်ပျော်ပါးပါး
နေခဲ့ကြပါတယ်။
မိတ်ဆွေတို့လည်း အားလပ်ရက်လေးများမှာ သွားရောက်လည်ပတ်
အပန်းဖြေ ပျော်ပါးကြဖို့ ပြောချင်ပါတယ်ဗျာ။
မိတ်ဆွေအားလုံး နှလုံးစိတ်ဝမ်း ငြိမ်းချမ်းသာယာ ရှိကြပါစေ....
MSC - 193