... မင်္ဂလာပါ မိတ်ဆွေတို့ရေ...
လွန်ခဲ့သော လက မန္တလေးမြို့
ကုသိုလ်တော် ကျောက်စာတိုက်သို့
ဇနီးမယားနှင့်အတူ မောင်နှမတစ်သိုက်
အားလပ်ရပ် ဘုရားဖူး သွားခဲ့ကြပါတယ်။
ကုသိုလ်တော် ဘုရားအား ဖူးမြော်ပြီး သကာလ
စေတီတော် ပတ်လည် ကြည့်ရှုရင်း အမှတ်တရ ဓာတ်ပုံ
လေးများ ရိုက်ခဲ့ကြပါတယ်။
စေတီတော်မြတ်ကြီး အရှေ့ဘက်မုဒ်တွင်
ပစ်တိုင်းထောင်ရုပ်ကြီးအား တွေ့ရ၍
ဘဝလောကဓံ မည်သို့ပင် ဖန်လာသည် ဖြစ်စေ
အမြဲတမ်း မားမားမတ်မတ် ရင်ဆိုင်ဖြေရှင်းရမယ်...
မိမိကို အခက်အခဲတွေက ဘယ်လိုပင် ပစ်ခတ်တိုက်ခိုက်
သော်လည်း အခါ တစ်ရာ လဲကျ တစ်ရာ့တစ်ခါမြောက်
ပြန်ထပြီး ရင်ဆိုင်ကျော်ဖြတ်ရမယ်...
အဘယ်ကဲ့သို့သော ပြဿနာတွေ ကြုံလာကြုံလာ
တွန်းလှန်ရုန်းထွက်ရမယ်... ဟူသော
စိတ်ပိုင်းဖြတ်၍ ငါသည်....
ပစ်တိုင်းထောင် ကဲ့သို့
ပစ်ခံလိုက်ရတိုင်း ပြန်လည် ထမတ်ထောင်နိုင်သော သူ
ဖြစ်ရမယ်... ဟု လက်မထောင်ကာ
အောင်စေပိုင်စေ ဟု စိတ်ဝယ် ကြုံးဝါးမိပါတယ်။
ထို့နောက်တော့ ညီမတွေကို
အမှတ်တရပုံလေးတွေ ရိုက်ပေးပြီး
ပြန်လာခဲ့ပါတယ်။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193