မင်္ဂလာပါ။ crypto လောကမှ မိတ်ဆွေများအားလုံးပဲ ကျန်းမာချမ်းသာကြပါစေဗျ။ စာရေးဖို့အားဖြစ်စေတဲ့အကြောင်းလေးကတော့ leader ရဲ့ စကားပြောသံတွေကြောင့် အားဖြစ်ခဲ့ရပါတယ်။ leader ရဲ့ အားပေးစကားတွေ ရှေ့ကိုဘယ်လိုဆက်လျှောက်မယ်ဆိုတဲ့ စကားတွေက စည်းကမ်းတွေ ဘယ်လောက်ပဲများများထုတ်စေအုံးတော့ စည်းကမ်းတွေကို အလိုလိုလိုက်နာပီးသားဖြစ်စေပါတယ်။ leader ကသာ အဖွဲ့သားတွေကို အားပေးစကားမပြောဘူးဆိုရင်သာ အဖွဲ့သားတွေ အားရှိမှာ မဟုတ်ပါဘူးဗျ။
Leader ရဲ့လမ်းညွန်မှုနဲ့ အတူ အားလုံး တက်ညီလက်ညီ လျှောက်လှမ်းကြပါတယ်ဗျ။ ခေါင်းဆောင်ရဲ့အားပေးမှုက အားလုံးအပေါ်သက်ရောက်မှုရှိပါတယ်။ အားမပေးဘူးဆိုရင်တော့ အားရှိကြမှာမဟုတ်ပါဘူး။ ရာထူးတွေအဆင့်ဆင့် တာဝန်တွေအဆင့်ဆင့်ရှိနေတယ်ဆိုရင်တောင် အောက်ဆုံးကလူတွေ ဘာလုပ်နေလည်း ဘာပြောချင်လည်း ဆိုတာကို သိထားသင့်ပါတယ်။ တစ်ချို့ကိစ္စတွေကျတော့ ကြားအဆင့်ကလူတွေပြောတာပဲ နားထောင်ပီး ဆုံးဖြတ်ချက်သတ်မှတ်တာတွေက လွဲချော်မှုတွေရှိနိုင်ပါတယ်။
အများနဲ့ယှဉ်လာတဲ့အခါ ဆုံးဖြတ်ချက်တွေ ပြတ်သား ခက်ခဲတယ်ဆိုတာ နားလည်ပါတယ်။
Company ကြီးတစ်ခုမှာ company ပိုင်ရှင်တစ်ယောက်အနေနဲ့ ရာထူးအကြီးပိုင်းဝန်ထမ်းတွေရဲ့ ပြောစကားကိုသာမကပဲ ရာထူးအငယ်ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ပုံတွေ သူတို့ပြောချင်တာတွေကို တိုက်ရိုက်လေ့လာပါမှ ဝန်ထမ်းတွေရဲ့ အထင်လွဲမှု တွေ အတွေးအခေါ် မှားယွင်းမှုတွေကို သုံးသပ်ပြင်ဆင်နိုင်ပါလိမ့်မယ်။ လုပ်ငန်းပိုင်းအားဖြင့်လည်း လွဲချော်မှုတွေကိုအကောင်းဆုံး ပြင်ဆင်နိုင်ပါလိမ့်မယ်။ လူတစ်ဦး အတွေးတစ်မျိုးစီမို့လို့ အကျိုးအကြောင်းစုံကို သိရှိနားလည်ဖို့လိုအပ်ပါတယ်။
ရုံးလုပ်ငန်းတွေလုပ်တဲ့နေရာမှာလည်းဘယ်လိုဖြစ်ကြလည်းဆိုတော့ မိမိအနေနဲ့ကတော့ ဘေးလူတစ်ယောက်ပါ။ ဥပမာ အဆင့် ၃ ဆင့်နဲ့ပဲ ပြောပြချင်ပါတယ်။ ရာထူး အကြီးဆုံးကို A လို့သတ်မှတ်လိုက်ပါမယ်။ ရာထူး အလယ်အလတ်ကို B လို့ သတ်မှတ်လိုက်ပါမယ်။ ရာထူး အနိမ့်ဆုံးကို C လို့ သတ်မှတ်လိုက်ပါမယ်။ A က B နဲ့ပဲ ပြောဆို ဆက်ဆံပါတယ်။ သူ့ရဲ့အောက်ကလူရဲ့ တင်ပြချက်တွေကိုပဲ နားထောင်လက်ခံ ပါတယ်။ ပီးတော့ ပြန်ဆွေးနွေးပါတယ်။ B ကကျတော့ သူ့ရဲ့ အထက် A နဲ့လည်း ပြောဆိုရသလို C နဲ့လည်း ပြောဆိုရပါတယ်။ C ရဲ့ပြောပြချက်တွေ တင်ပြချက်တွေ လုပ်ဆောင်ချက်တွေထဲကမှ B ကနားမလည်နိုင်တဲ့အခါ လက်မခံနိုင်တဲ့အခါ C ရဲ့လုပ်ဆောင်ချက်ကို သဘောမကျတဲ့အခါ A ကို C ရဲ့ အဆင်မပြေမှု လုပ်ဆောင်ချက်တွေ အတွေးအခေါ်တွေကို ပြောပါလိမ့်မယ်။ အဲ့အခါ A ကလည်း B ရဲ့ ပြောကြားချက်ပဲ နားထောင်တဲ့ လူမျိုးဆိုရင် Cအတွက် ရလဒ်မကောင်းပါဘူး။ A ကသာ B ရဲ့ပြောကြားချက်ကို C နဲ့တိုက်ရိုက်တွေ့ပီး စုံစမ်းသိရှိအောင်လုပ်ပီးမှ ဆုံးဖြတ်ချက်ချတဲ့ လူဖြစ်သင့်ပါတယ်။
ကျွန်တော်ဘာကိုဆိုလိုချင်တယ်ဆိုတာ သဘောပေါက်လိမ့်မယ်ထင်ပါတယ်။ တစ်ခုခုဆိုရင် တစ်ယောက်တည်းအမြင် တစ်ယောက်တည်းအပြောနဲ့ မဆုံးဖြတ်ဖို့ရယ်။ နှစ်ဘက်လုံးကို သိရှိအောင်ကြိုးစားပီးမှ ဆုံးဖြတ်ချက်ချပီး လုပ်ဆောင်ဖို့ဆိုတာ ဘယ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်မဆို နားလည်ထားပီးသားဖြစ်ပါတယ်။
လုပ်ငန်းတွေအားလုံးကိုယ်စီ လုပ်ဆောင်ကြပါတယ်။ မိမိအလုပ်က အမြဲ အလုပ်များတာလည်း ဖြစ်နိုင်သလို အားတဲ့တဲ့အချိန်နည်းတာလည်းဖြစ်နိုင်ပါတယ်။ မအားဘူး အလုပ်များတယ်ဆိုတာကို လူကြီးတွေအနေနဲ့ ကိုယ်တိုင်ခံစားနားလည်တတ်ဖို့လိုပါတယ်။ ကိုယ့်တစ်ယောက်တည်း အတွေ့အကြုံဆုံးဖြတ်ချက်နဲ့ ချက်ခြင်း ကောက်ချက်မချသင့်ပါဘူး။ ခွင့်ယူတယ်ဆိုရင်တောင် ဝန်ထမ်းတွေက သူတို့ပျင်းလို့ယူကြတာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် ခံစားနေရတဲ့ နေမကောင်းမှု ဝေဒတာက အလုပ်ဆက်လုပ်ဖို့ မဖြစ်နိုင်တဲ့အခါမှာ အနားယူဖို့အတွက် ခွင့်ယူကြပါတယ်။ အဲ့ဒါကိုမသိပဲနဲ့ မိမိလုပ်ငန်းအတွက်ပဲကြည့်ပီး အလုပ်လာလုပ်ဖို့ ကိုပဲ ပြောနေတာတို့ ခွင့်မပေးတာတို့ ကတော့ လူကြီးမပီသတာရယ် လုပ်ငန်းရှင်မပီသတာရယ်တို့ပါဝင်နေပါတယ်။
အဲ့လိုနေရာတွေမှာ ဘယ်လိုလူတွေ အခွင့်အရေးရကြလည်းဆိုရင်တော့ လူကြီးနားကို ကပ်ဖားရပ်ဖားလုပ်တဲ့လူတွေပဲ အခွင့်အရေးတွေရကြပါတယ်။ အဲ့ဒီလိုလူမျိုးတွေရှိနေလို့လည်း သူတို့ရဲ့လုပ်ငန်းတွေက အဆင်ပြေချောမွေ့မှုမရှိပဲ ခနခနအဆင်မပြေမှုတွေနဲ့ပဲ ကြုံနေရတာဖြစ်ပါတယ်။
တစ်ယောက်ကို တစ်ယောက်က အပြစ်တင်ပြောဆိုတော့မယ်ဆိုရင် အဲ့ဒီလူရဲ့ နေရာကနေ ဝင်စဉ်းစားကြည့်ပီးမှ ကောက်ချက်ချစေချင်ပါတယ်။
Writer caesarsupaimin
MSC-025