မင်္ဂလာပါ တကယ်တော့ ဒီနေ့က ကျွန်တော့အတွက် အလုပ်များတဲ့နေ့လေးတစ်နေ့ပါ။ ဒီလိုအလုပ်များတဲ့နေ့လေးမှာပဲ ကျွန်တော်တို့ gp1 ရဲ့ pro နေ့လည်းဖြစ်နေပါတယ်။ မနက်ကတည်းက မအားတာနဲ့ ခု ထမင်းစားပီးခနနားချိန်လေးမှာ pro အတွက် စာရေးနေမိပါတယ်။ ခနနေရင်လည်း အပြင် ထပ်သွားရအုံးမှာမို့လို့ပါ။ ဒီလိုမအားတဲ့ကြားက social media application (Facebook)မှာ ဒီနေ့ ကျွန်တော့အကောင့်ထဲကို ဘယ်သူတွေဝင်ပီး ကြည့်နေလည်းဆိုတာကို သိချင်မိလို့ လေ့လာမှုလေးအနည်းငယ်ပြုလုပ်ဖြစ်ပါတယ်။
အဲ့ဒါကတော့ မိမိရဲ့ profile ကို ဘယ်သူတွေ ဝင်ကြည့်လည်းဆိုတာကို သိစေတဲ့ extension ဖြစ်ပါတယ်။ ကျွန်တော့ရဲ့ profile ကိုဝင်ကြည့်သူတွေကို သိရဖို့ ပထမဆုံး google search box မှာ "facebook profile view notification" ကိုရိုက်နှိပ်ပီး ရှာဖွေလိုက်ပါတယ်။ အဲ့ဒါနဲ့ပဲ chrome extension link ကျလာပါတယ်။ အဲ့ဒီ link ကိုနှိပ်လိုက်ပီးရင်တော့ နောက်ထပ် extension တွေကြီးပဲ ရှိတဲ့ page ကိုရောက်သွားပီး ခုနက extension ကိုလည်းမြင်နေရပါမယ်။ အဲ့ဒီ extension ရဲ့ညာဘက်မှာတော့ add on chrome ဆိုပီး ရှိပါတယ်။ အဲ့ button လေးကိုနှိပ်ပေးလိုက်ပါ။ အဲ့ဒါဆိုရင်တော့ အဲ့ဒီ extension ကို browser မှာ install ပြုလုပ်နေပါပီ။ ခနစောင့်လိုက်ရင်တော့ install ပီးသွားပါလိမ့်မယ်။ အဲ့ဒါဆိုရင် ကျွန်တော်တို့ ရဲ့ facebook browser page ကို refresh ပြုလုပ်ပေးလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အကောင့် နာမည်ဘေးမှာ visitor ဆိုပီး ပေါ်လာပါလိမ့်မယ်။ အဲ့ဒီမှာ ဝင်ကြည့်မယ်ဆိုရင်တော့ ကိုယ့်အကောင့်ထဲ ဘယ်သူတွေဝင်ကြည့်နေလည်းဆိုတာ ကို ပြပေးပါလိမ့်မယ်ဗျ။
ညနေပိုင်းရုံးပြန်ရောက်တော့ ဆုကြေးတွေ နှိုက်နေကြ တယ်ဗျ။ ကျွန်တော်လည်း ပါတာပေါ့ဗျာ ။ မများပါဘူး နည်းနည်းလေးရယ်။ တစ်ယောက် ၁ သောင်းပါပဲ။ စုစုပေါင်း ၇ ယောက်ရှိတယ်။ ၇သောင်းပေါ့။ ဒါက ဒုတိယအကြိမ်ဖြစ်ပါတယ် ပထမအကြိမ်ကတော့ ကိုယ်မပေါက်ပါဘူး။ ဒုတိယအကြိမ်လည်း မပေါက်ပါဘူး။ တစ်ခြား အမတစ်ယောက်ပေါက်တယ်။ သူကတော့ လစာလည်းရ ဆုကြေးလည်းပေါက်ဆိုတော့ အိုကေတယ်ဗျာ။ ကိုယ်တွေလည်း ဆုကြေးပေါက်တဲ့ တစ်နေ့တော့ တစ်ခုခုလုပ်ပါအုံးမယ်။
ညနေရုံးဆင်းရင်တော့ အစီအစဉ်လေးနည်းနည်းဆွဲထားပါတယ်ဗျ။ သူငယ်ချင်း တွေစုပီး ညစာအတူတူစားဖို့ချိန်းထားပါတယ်။ သူတို့နဲ့ကလည်း တစ်လမှ တစ်ခါလောက်တွေ့ဖြစ်ကြတာ။ ပီးရင် တော့ ကိုယ့်လုပ်ငန်းအကြောင်းသူ့လုပ်ငန်းအကြောင်း ပြောကြပါမယ်။ ကျွန်တော်က တော့ဘဏ်လုပ်ငန်းမှာအသုံးပြုနေတဲ့ နည်းပညာတွေအကြောင်းကို ပြောဖြစ်ပါမယ်။ ဘဏ်နည်းပညာတွေကလည်းတိုးတက်နေတာအရမ်းပဲဗျာ။ ကျွန်တော်ခုလုပ်နေတဲ့နေရာက pos စက်လေးတွေ တပ်ဆင်ပေးရတဲ့ နေရာမှာပါ။ အရင်တုန်းက ဆိုရင် ကျွန်တော်တို့ရဲ့ pos မှာ visa နဲ့ master card ပဲအသုံးပြုလို့ရပါသေးတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ MPU card ပါအသုံးပြုလို့ရလာပါတယ်။ အဲ့ဒီနောက်အလုပ်တွေရှုပ်တော့တာပဲဗျာ။ဘယ်လိုရှုပ်တာလည်းဆိုတော့ တပ်ထားပီးသားစက်တွေကို upgrade လိုက်လုပ်ရတော့တာပဲဗျာ။ တစ်ရက်ကို ၅ လုံးလောက်ပီးတယ်ဗျ။ စက်ကိုလည်း upgrade လုပ်တယ်။ ပီးရင် အသစ်တိုးလာတဲ့ကဒ်ကိုလည်း သုံးပုံသုံးနည်းပြန်သင်ပေးတယ်။ တစ်လလောက် အဲ့လိုလုပ်နေရတယ်ဗျ။ နောက်ပိုင်း အသစ်တပ်တဲ့စက်တွေကတော့ update ဖြစ်ပီးသားတွေဆိုတော့ အဲ့ဒီစက်တွေအတွက် အသုံးပြုပုံပဲသင်ပေးရတော့တယ်။ upgrade လုပ်တဲ့အချိန်သက်သာသွားတာပေါ့ဗျာ။
မကြာပါဘူး နောက်ထပ် pos model အသစ်ထပ်ထွက်လာပါတယ်။ အသစ်ထပ်ထွက်တယ်ဆိုတာထက် အခြား company က စက်ကို အသုံးပြုလာတာဖြစ်ပါတယ်။ အဲ့ဒီစက်ကလည်း ကဒ်၃မျိုးဖြတ်လို့ရပါတယ်။ visa /master/mpu ကဒ်တွေအသုံးပြုလို့ရပါတယ်။ အဲ့ဒီစက် ကိုတပ်ဆင်တာ ၅လလောက်လည်းကြာရော နောက်ထပ် software အသစ်ထွက်ပါတယ်တဲ့ဗျာ။ visa/master/mpu အပြင် နောက်ထပ် jcb/upi ကဒ်တွေပါအသုံးပြုလို့ရပါပီတဲ့ဗျာ။ အရင် စက် model အဟောင်းကိုလည်း upgrade တွေလုပ်ရတယ်။ နောက်model အသစ်စက်တွေကိုလည်း upgrade လုပ်ရတယ်ဗျာ။ နေ့တိုင်းလုပ်ရတာ ရုံးဆင်းချိန်လည်း နောက်ကျတာပေါ့ဗျာ။ အဲ့ဒါနဲ့ OT တော့ရပါတယ်။ ခုဆိုရင် ကျွန်တော်တို့ရဲ့ pos စက်တွေမှာ ကဒ် ၅ မျိုးအသုံးပြုလို့ရနေပါပီ။ ဘယ်နိုင်ငံ ကကဒ်မဆို visa/master/upi/cup/mpu Logo တစ်ခုခုပါခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ pos စက်မှာ အသုံးပြုလို့ရပါပီဗျ။ နောက်ထပ်တိုးလာတဲ့နည်းပဘာတွေကတော့ wave နည်းပညာဖြစ်ပါတယ်။ wave sign လေးပါတဲ့ကဒ်ဆိုရင် ကျွန်တော်တို့ရဲ့ စက်model အသစ်မှာ စက်နားကို ကဒ်လေး ကပ်လိုက်တာနဲ့ အသုံးပြုလို့ရသွားပါပီ။ ကဒ်ကို စက်ထဲ dip လုပ်စရာမလို့ swipe လုပ်စရာမလိုတော့ပါဘူးဗျ။ apple pay, android pay, alipay စတဲ့ QR scan payment များကိုလည်း အသုံးပြုဘို့ရနေပါပီဗျ။ အားလုံးအဆင်ပြေကြပါစေဗျ။
Writer caesarsupaimin
MSC-025