ခေတ်မှီတိုးတက်လာတာနဲ့အမျှ လူသားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း များစွာတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ အဲ့လိုတိုးတက်ပြောင်းလဲလာခဲ့တဲ့ အရာတွေထဲကမှ စီးပွားရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်တယ်လို့ယူဆရတဲ့ computer များကလည်း အဓိကနေရာကပါဝင်ပါတယ်။ လုပ်ငန်းတစ်ခု company တစ်ခုမှာ computer မရှိလို့မဖြစ်လောက်အောင်ကိုအရေးပါ ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင်တော့ လူသားလုပ်အားနဲ့computer ရဲ့လုပ်အားနဲ့ အင်မတန်ကွာခြား ကွဲပြားလို့ဖြစ်ပါတယ်။
ကျွန်တော်တို့တွေအနေနဲ့ လက်ရေးနဲ့ ခွန်အားနဲ့ လုပ်ဆောင်ရမဲ့အလုပ်တွေကို computer နဲ့သာလုပ်ဆောင်မယ်ဆိုရင် လျင်လျင်မြန်မြန်နဲ့ ပြီးစီးမှာဖြစ်သလို နောက်ထပ်လုပ်ငန်းတွေကို ပိုမိုလုပ်ကိုင်နိုင်တာကြောင့် လုပ်ငန်းပြီးမြောက်မှုမြန်ဆန်မှာဖြစ်ပါတယ်။ computer ဆိုတာကတော့ တွက်ချက်မှုကို အဓိကလုပ်ဆောင်တဲ့ လျှပ်စစ်ပစ္စည်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တွက်ချက်ရုံသာမက အခြားသော လုပ်ငန်းဆောင်ရွက်ချက်များလည်း များစွာ လုပ်ကိုင်နိုင်စွမ်းရှိပါတယ်။ ယနေ့ခေတ် လုပ်ငန်းတွေမှာ စာရင်းကိုင်နည်းပညာရပ်ဟာ ဘယ်နေရာမှာမဆို လိုအပ်နေပါတယ်။ မိမိသာ စာရင်းကိုင်သင်တန်းတက်ရောက်ထားမယ်ဆိုရင်တော့ စာရင်းကိုင်အလုပ်ရရှိဖို့ မခက်ခဲတော့ပါဘူး။
ကျွန်တော်တို့လူသားတွေ နေ့စဉ်ရှင်သန်ဖို့ အစားအသောက်တွေ စားသုံးရပါတယ်။ အဲ့လိုနေစဉ်စားသောက်တာတွေထဲကမှ လူသားများက အစားအသောက်ကောင်းတွေကိုကြိုက်နှစ်သက်ကြပါတယ်။ မိမိအနေနဲ့ အချက်အပြုတ်သင်တန်းကောင်းကောင်းတက်ရောက် သင်ကြားထားမယ်ဆိုရင်တော့ အချက်အပြုတ်လုပ်ငန်းနဲ့ အလုပ်လုပ်ကိုင် စီးပွားရှာနိုင်မှာဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ အဆာပြေအစားအစာတွေဖြစ်တဲ့ ပေါင်မုန့်တွေ ကိတ်မုန့်တွေ စတဲ့ မုန့်တွေဘပြုလုပ်တဲ့ သင်တန်းများကို တက်ရောက်ထားမယ်ဆိုရင်လည်းမုန့်ဆိုင်ဖွင့်လှစ် စီးပွားရှာနိုင်မှာဖြစ်ပါတယ်။
ယခုဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ကော်ဖီသီးသန့်ရောင်းတဲ့ ကော်ဖီဆိုင်တွေ ပေါ်ထွက်လာနေပါပီ။ ကော်ဖီဖျော်နည်းသင်တန်းများလည်းဖွင့်လှစ်သင်ကြားပေးတဲ့ သင်တန်းများလည်းရှိပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံခြားခရီးသွားအများစုက လက်ဖက်ရည်ဆိုင်ထွက် ကော်ဖီဆိုင်ကို ပိုသဘောကျကြပါတယ်။ ကော်ဖီဆိုင်မှာ အေးအေးဆေးဆေး ကော်ဖီလေးသောက်ရင်း စာအုပ်ဖတ်ရတာကို နိုင်ငံခြားသားတွေကြိုက်နှစ်သက်ကြပါတယ်။ အဲ့ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ကော်ဖီဆိုင်တွေတိုးချဲ့ဖွင့်လှစ်ပီး နိုင်ငံခြားဝင်ငွေရှာဖွေနေကြတာဖြစ်ပါတယ်။
ငွေကြေးတတ်နိုင်သူတွေအနေနဲ့ကတော့ အရင်းအနှီးတစ်ခုနဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ကြပါတယ်။ ကိုယ်ပိုင်တစ်ပိုင်တစ်နိုင်ဆိုင်လေးတွေဖွင့်သူကဖွင့်၊ဆိုင်ခန်းနေရာတစ်ခုငှါးပီးတော့ ဆိုင်တစ်ခုခုဖွင့်လှစ်ပီး စီးပွားရေးလုပ်ကိုင်သူများလည်းရှိပါတယ်။ အထည်ဆိုင်ဖွင့်သူများ၊ အစားအသောက်ဆိုင်ဖွင့်သူများ၊ သင်တန်းဖွင့်လှစ်သင်ကြားသူများ၊ Travels and Tours Agency ဖွင့်လှစ်လုပ်ကိုင်သူများ အစရှိတဲ့ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်သူများရှိကြပါတယ်။
စီးပွားရေးဆိုတာကတော့ အရောင်းအဝယ်ကိုအဃြေံတယ်လို့ယူဆပါတယ်ဗျ။မိမိအနေနဲ့ နယ်တစ်နယ်ကပစ္စည်းကို အခြားနယ်တစ်ခုမှာသွားရောက်ရောင်းချခြင်းကနေ မိမိအတွက်အကျိုးအမြတ်များရရှိအောင် ဆောင်ရွက်ရတာဖြစ်ပါတယ်။အကျိုးအမြတ်များတဲ့ အရောင်းအဝယ်ရှိသလို အကျိုးအမြတ်နဲတဲ့အရောင်းအဝယ်လည်းရှိပါလိမ့်မယ်။အဲ့ဒီလို ရလဒ်တွေကို သင်ခန်းစာယူမှတ်သားပီးတော့ နောက်ထပ်လုပ်ကိုင်တဲ့အခါ အဆင်ပြေအောင်ဘယ်လိုလုပ်မလည်းဆိုတာကို စဉ်းစားတွေးခ်ါပီးတော့ မိမိရဲ့စီးပွားရေးကို တိုးတက်အောင်ပြုလုပ်ရမှာဖြစ်ပါတယ်။
ဟိုးအပေါ်မှာပြောထားတဲ့စာပိုဒ်ကို ထက်ဆက်ရေးပါမယ်ဗျ။ computer တွေအနေနဲ့ မိမိလုပ်ငန်းခွင်မှာ မရှိမဖြစ်လိုအပ်ပါတယ်ဗျ။ ဘယ်လုပ်ငန်းမျိုးမဆို ကြီးကြီး ငယ်ငယ်၊ computer လိုအပ်ပါတယ်ဗျ။ တွက်ချက်မှုတွေ မှတ်သားမှုတွေ တီထွင်ဖန်တီးမှုတွေ အစရှိတဲ့ လုပ်ဆောင်ချက်များကို computer တစ်လုံးရှိရုံနဲ့ အဆင်ပြေစွာ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်ဗျ။ ယနေ့ခေတ်လူငယ်များသာမက လူလတ်ပိုင်းနှင့် လူကြီးပိုင်းများအနေနဲ့ computer တစ်လုံးအကောင်းနဲ့ computer အသုံးပြုပုံနဲ့ အသုံးဝင်ပုံကို နားလည်သိရှိအောင် လေ့လာမှတ်သားသင့်ပါတယ်ဗျ။
ဒီပုံးလေး ကိုစိုင်းကို အကူအညီတောင်းခဲ့လို့ကိုစိုင်းက ကျွန်တော့်အတွက် လုပ်ပေးခဲ့ပါတယ်။ နောက်များတွင်လည်း ထည့်သွင်းအသုံးပြုသွားပါမယ်ဗျ။တီထွင်ဖန်တီးပေးသော ကိုစိုင်းပန်ဖ ကိုလည်း ကျေးဇူးအထူးတင်ပါတယ်ဗျ။
Writer caesarsupaimin
MSC-025