မင်္ဂလာပါဗျ မနေ့က ၂၆ ဖေဖော်ဝါရီလ ၂၀၁၈ မှာ "Mandalay Hill Resort Hotel" မှာကျင်းပပြုလုပ်တဲ့ Visa Training ပွဲကို ရှေ့ကပို့စ်မှာ အကြမ်းဖျင်းတင်ပေးခဲ့ပီးပါပီ။ ဒီနေ့ပို့စ်မှာတော့ သင်ကြားလေ့ကျင့်ရသည်များကို အကျယ်တဝင့်ပြန်လည် ရေးသားပေးသွားမှာဖြစ်ပါတယ်ဗျ။
အဲ့ဒီ ပွဲကို AYA bank,CB bank,KBZ bank,UAB bank,AGD bank,MAB bank မှ တာဝန်ရှိသူများနဲ့ သက်ဆိုင်ရာ ဋ္ဌာနမှ လူကြီးမင်းများ တက်ရောက်ကြပါတယ်။ တစ်ဘဏ်ကို ၁၅ ယောက် ၁၆ ယောက်နှုန်းနဲ့ တက်ရောက်ကြပါတယ်။ အားလုံးUniform လေးတွေကိုယ်စီနဲ့ ကြည့်လို့ကောင်းပီးအဆင်ပြေနေပါတယ်ဗျ။
ကျွန်တော်တို့အဖွဲ့ရောက်သွားတဲ့အခါမှာတော့ lobby ခန်းမကိုဖြတ်သွားပီး ရေကူးကန်ဘေးရှိ သင်တန်းခန်းမသို့ဝင်ရောက်နေရာယူကြပါတယ်။ပထမဆုံးအနေနဲ့ တက်ရောက်လာသူများမှ registration sign ထိုးကြပါတယ်။ ၁၁နာရီ ၁၅ အချိန်မှာ တော့ ကျွန်တော်တို့ကို နေ့လည်စာအရင်ကျွေးပါတယ်ဗျ။ နေ့လည်စာကိုလည်းchinese food buffet နဲ့ကျွေးမွေးဧည့်ခံပါတယ်။
နေ့လည်စာသုံးဆောင်ပီးချိန်မှာတော့ သင်တန်းခန်းမသို့ပြန်လည်ဝင်ရောက်ကြပီးသင်တန်းကိုစတင်ပါတယ်။ ရည်ရွယ်ချက်ကတော့" Visa card ကိုလူတွေအသုံးပြုလာအောင် အသုံးပြုချင်လာအောင်ဘယ်လိုရောင်းပါမလည်း" ဖြစ်ပါတယ်။ ကျွန်တော်တို့တွေအားလုံး ကို Visa card အကြောင်းအရင်ပြောပြပါတယ်။
Visa ဆိုတာ "electronic payment system"ဖြစ်ပါတယ်။ Visa card ဟာတစ်ကမ္ဘာလုံးအသုံးပြုလို့ရတဲ့ card ဖြစ်ပါတယ်။ Shopping center များ Jewellery Shop များ Food center များ Health Care center များ Gym များ စတဲ့ merchants တွေမှာ Visa card အသုံးပြုမှုကိုလက်ခံဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ကျွန်တော်တို့ သူသူငါငါမှာလည်း Visa card တွေရှိနေကြပါပီ။
Visa cardကို သင့်လုပ်ငန်းရဲ့ ငွေပေးချေတဲ့စနစ်မှာ ထည့်သွင်းလက်ခံအသုံးပြုပေးမယ်ဆိုရင်ကတော့ သင့်ရဲ့ဝင်ငွေကို ၂ဆခန့်တိုးတက်စေမှာဖြစ်ပါတယ်ဗျ။ ဘယ်လိုလည်းဆိုတော့။ ပုံမှန်ကျွန်တော်တို့ဈေးရောင်းကြတယ်ထားပါတော့ ဈေးဝယ်မဲ့လူက သူ့မှာ ငွေသား ၁၀၀ ကျပ်ပါမယ်။ Visa card ထဲမှာ ငွေထည့်ထားတာ ၁၀၀၀ကျပ်ပါတယ်။ သူကျွန်တော်တို့ဆိုင်ကိုရော်လာပီးတော့ သူဝယ်ချင်တဲ့ပစ္စည်းတစ်ခုဝယ်မယ်။ အဲ့ဒီအခါ ဈေးနှုန်းက ၁၂၀ ကျပ်ကျတယ်ဆိုရင် သူ့စီမှာပာလာတဲ့ ငွေ၁၀၀ကျပ်နဲ့ သူဝယ်လို့မရတော့ဘူး။
ဒီဆိုင်ကလည်း Visa card လက်မခံဘူးဆိုရင် သူဝယ်ချင်တဲ့ပစ္စည်းဝယ်မရတော့တဲ့အတွက် သူပြန်ထွက်သွားမှာပါပဲ။ အဲ့ဒီအခါ Visa payment ကိုလက်မခံထားတဲ့အတွက် သူ့ရဲ့ရောင်းအားက ကျသွားပါလိမ့်မယ်။ တကယ်လို့ သူက Visa card payment ကိုလက်ခံခဲ့မယ်ဆိုရင်တော့ ခုလိုဖြစ်စရာအကြောင်းမရှိတော့ပါဘူး။နောက်ပီး သူထပ်ဝယ်ချင်တာတွေကိုလည်း card နဲ့အလွယ်တကူပေးချေလို့ရတဲ့အတွက် ဆိုင်ရဲ့ ရောင်းအားကတက်လာမှာဖြစ်ပါတယ်။
နောက်ပီး ဝယ်သူအနေနဲ့ မိမိမှာ Visa card ရှိခဲ့မယ်ဆိုရင် Visa ဘက်မှပေးသော cash back အစီအစဉ်တွေလည်းအများကြီးခံစားခွင့်ရှိပါတယ်ဗျ။ စားသောက်ဆိုင်တစ်ခုမှာ အစားအသောက်မှာစားမယ် ပီးရင်ငွေပေးချေမှုကိုVisa card နဲ့ပြုလုပ်မယ်ဆိုရင် နောက်ထပ်လူတစ်ဦးကို အခမဲ့စားသောက်ခွင့်ပေးမယ် စတဲ့အစီအစဉ်တွေပါဝင်ပါတယ်။ Visaကဒ်ဘက်မှ ပြုလုပ်သော Promotion ပွဲအစီအစဉ်များကိုပါဝင်ခွင့်ရှိတာတွေလည်းပါဝင်ပါတယ်။
နောက်ပီး Visa card အသုံးပြုရတာက လွယ်ကူလျှင်မြန်တဲ့ငွေပေးချေမှုကိုပြုလုပ်နိုင်ပါတယ်။ ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာတော့ Visa ကို Prepaid card နဲ့ Credit card ဆိုပီး product ၂ မျိုးအသုံးပြုလို့ရပါတယ်။ Visa debit card တော့မရှိသေးပါဘူး။ တစ်ချို့က Visa prepaid card ကို Visa debit card ဆိုပီးပြောကြ ခေါ်ဝေါ်ကြပါတယ်။ ဒါပေမဲ့အဲ့ဒါက Debit မဟုတ်ပါဘူး Prepaid card အမျိုးအစားပါ။ ငွေကို ကြိုထည့်ပီးအသုံးပြုရပါတယ်။ ဖုန်းဘေကြိုဖြည့်သုံးသလိုပါပဲ။ Debit ဆိုတာကတော့ မိမိရဲ့ဘဏ်ငွေစုစာအုပ်အကောင့်နဲ့ ချိတ်ဆက်အသုံးပြုလို့ရတဲ့ကဒ်ကို ခေါ်ဆိုတာဖြစ်ပါတယ်။
နောက်ပီးVisa card အသုံးပြုရတာကလုံခြုံစိတ်ချရပါတယ်။ မိမိအနေနဲ့နိုင်ငံခြားသို့ခရီးသွားဖို့အစီအစဉ်ရှိမယ်ဆိုရင် ငွေများ သယ်ဆောင်သွားခြင်းထက် Visa prepaid card or Visa credit card ယူဆောင်သွားခြင်းက ပိုမိုလွယ်ကူသက်သာစေပါတယ်။ငွေကြေးထိန်းသိမ်းစရာမလိုတော့ပါဘူး။ နောက်ပီးနိုင်ငံခြားတွင်လည်း Visa acceptance ဖြစ်သော မည်သည့်ဆိုင်တွင်မဆို အလွယ်တကူငွေပေးချေမှုပြုလုပ်လို့ရပါတယ်။
နောက်ပီး Visa card ဖြင့် မိမိရဲ့ Facebook page boost ပြုလုပ်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။မိမိရဲ့စီးပွားရေးကို Facebook မှာ ကြော်ငြာပီး တိုးတက်အောင်ပြုလုပ်နိုင်ပါတယ်။ နောက်ပီး Game ကစားရတာဝါသနာပါသူများအနေနဲ့တော့ Ingame item များကိုဝယ်ယူဖို့ အလွယ်တကူငွေပေးချေနိုင်ပါတယ်။အပြင်မိမိ local မှာငွေသားနဲ့ မိမိလိုချင်တာဝယ်လို့ရပါတယ်။ဒါပေမဲ့ Online shopping website တစ်ခုကနေမှ မိမိလိုချင်တာဝယ်ယူခြင်တယ်ဆိုရင်တော့ ငွေသားသွားပေးလို့မရပါဘူး card system နဲ့သွားရပါတယ်။ အခြား card များ များစွာရှိနေတာကိုမှ Visa card နဲ့အသုံးပြုမယ်ဆိုရင် buy one get one free စတဲ့ promotion တွေကိုခံစားရနိုင်ပါတယ်။ ဆက်လက်ဖော်ပြသွားပါမယ်။
Writer caesarsupaimin
MSC-025