နာရီကိုကြည့်လိုက်မိတော့
နာရီလက်တံတွေကို
မတွေ့မိခဲ့.....
သွားပြီ ငါ့မျက်လုံးတွေ
အမြင်အာရုံပျောက်ကွယ်နေပြီလား
ဒါမှမဟုတ်
ငါမနေ့ညက သောက်တာများပြီး
အရှိန်မသေသေးတာလား
စဉ်းစားရင် ဝေခွဲမရဖြစ်သွားသည်......
ဒါနဲ့ မဖြစ်ချေဘူးပေါ့
မျက်စိကိုတစ်ခါပွတ်ကာ
ထပ်မံကြည့်လိုက်မိသည်
သေချာပြီ ငါတစ်ခုခုဖြစ်နေပြီ
တကယ်တော့ ငါကြည့်မိတာက
digital နာရီကြီးပါလား
သြော် ငါရူးနေပြီလား
Writing by @chindwinthar