ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ပြည်တွင်း သတင်းမီဒီယာ တစ်ခု၏ အဆိုအရ. US Federal Trade Comission (FTC) နွေရာသီတွင် "Decrypting Cryptocurrency Scams" အမည်ဖြင့် Free Workshop တစ်ခုကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ Conference ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုများကို Cryptocurrency လောကမှ Risks များနှင့် ပတ်သက်၍
ပညာ ရရှိစေလိုသောကြောင့် ဖြစ်ကြောင်း လည်း ထပ်မံ သိရှိရပါသည်။
အဆိုပါ Workshop တွင် Cryptocurrency အသုံးပြုသူ
များအဖွဲ့အစည်း, ဥပဒေ အရာရှိများ, သုတေသန အဖွဲ့အစည်းများ နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများမှ Scammers များသည် ဒီဂျီတယ် ငွေကြေးနှင့် ပတ်သက်၍ ပြည်သူလူထုတွေ၏ စိတ်ဝင်စားမှုကို မည်သို့မည်ပုံ အသုံးချနေကြကြောင်းကို အသေးစိတ် ဆွေးနွေး တိုင်ပင်သွားမည် ဖြစ်သည်။
June 25 ရက်နေ့တွင် ကျင်းပမည့် အဆိုပါ Event ကို ချီကာဂိုမြို့နယ်ရှိ Depaul University တွင် ပြုလုပ်သွားမည် ဖြစ်ပြီး Webcast တစ်ခုမှလည်း လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
FTC သည် မတ်လတွင် Cryptocurrency Scams များကို ထုတ်ဖော်ရန် Blockchain Working Group တစ်ခုကို တည်ထောင်ထားခဲ့ပြီး ဖြစ်သည်။ The US Securities And Exchange Comission (SEC) မှလည်း ICO( Initial Coin Offering) များနှင့် ပတ်သက်၍ လေ့လာမှု ပြုလုပ်နိုင်ရန် အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းထားပြီး ဖြစ်သည်။
Source: Cointelegraph
Author : @daviddkl
ကျွန်တော့် ပို့စ်ကို ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။Cryptocurrency နှင့်ပတ်သက်သော နောက်ဆုံးရ သတင်းမျာကို ဆက်လက်ရေးသားပေးပါ့မယ်။ကျွန်တော်နှင့် Facebook တွင် သူငယ်ချင်းဖြစ်လိုပါက
https://www.facebook.com/yenaing.htwe.148
MSU 052